ကိုလံဘီယာကို ပင်နယ်တီဖြင့် အနိုင်ရရှိကာ ကိုပါဗိုလ်လုပွဲသို့ အာဂျင်တီးနားတက်

အာဂျင်တီးနားဟာယနေ့နံနက်ပိုင်းတုန်းကကိုလံဘီယာကိုပင်နယ်တီအဆုံးအဖြတ်ဖြင့်အနိုင်ရရှိကာကိုပါအမေရိကဗိုလ်လုပွဲသို့တက်ရောက်နိုင်ခဲ့ပါတယ်။

အာဂျင်တီးနားဟာလာမယ့်စနေနေ့မှာကိုပါအမေရိကဖလားဗိုလ်လုပွဲအဖြစ်ဒေသတွင်းမဟာပြိုင်ဘက်ဘရာဇီးနှင့်ရင်ဆိုင်ကစားရပါမယ်။

အာဂျင်တီးနားဟာပွဲချိန်နှင့်အချိန်ပိုမှာကိုလံဘီယာနှင့်တစ်ဂိုးစီသရေကျပြီးပင်နယ်တီအဆုံးအဖြတ်ကန်ခဲ့ရာမှာ၃-၂ဂိုးဖြင့်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားဟာပွဲချိန်၇မိနစ်မှာဘဲတိုက်စစ်မှူးလူသာရိုမာတီနက်ဇ်ရဲ့ဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပြီးပွဲချိန်၆၁မိနစ်မှာဒိုင်ယက်ဇ်ကကိုလံဘီယာအတွက်ချေပဂိုးသွင်းခဲ့ပါတယ်။

ပင်နယ်တီအဆုံးအဖြတ်မှာအာဂျင်တီးနားက၃-၂ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။အာဂျင်တီးနားဂိုးသမားမာတီနက်ဇ်ဟာကိုလံဘီယာဘက်မှပင်နယ်တီကန်သွင်းမှု၃ကြိမ်ကိုကာကွယ်ကာသူရဲကောင်းဖြစ်ခဲ့ပါတယ်။

ZawGyi

ကိုလံဘီယာကို ပင္နယ္တီျဖင့္ အႏိုင္ရရွိကာ ကိုပါဗိုလ္လုပြဲသို႔ အာဂ်င္တီးနားတက္

အာဂ်င္တီးနားဟာယေန႔နံနက္ပိုင္းတုန္းကကိုလံဘီယာကိုပင္နယ္တီအဆုံးအျဖတ္ျဖင့္အႏိုင္ရရွိကာကိုပါအေမရိကဗိုလ္လုပြဲသို႔တက္ေရာက္ႏိုင္ခဲ့ပါတယ္။

အာဂ်င္တီးနားဟာလာမယ့္စေနေန႔မွာကိုပါအေမရိကဖလားဗိုလ္လုပြဲအျဖစ္ေဒသတြင္းမဟာၿပိဳင္ဘက္ဘရာဇီးႏွင့္ရင္ဆိုင္ကစားရပါမယ္။

အာဂ်င္တီးနားဟာပြဲခ်ိန္ႏွင့္အခ်ိန္ပိုမွာကိုလံဘီယာႏွင့္တစ္ဂိုးစီသေရက်ၿပီးပင္နယ္တီအဆုံးအျဖတ္ကန္ခဲ့ရာမွာ၃-၂ဂိုးျဖင့္အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။

အာဂ်င္တီးနားဟာပြဲခ်ိန္၇မိနစ္မွာဘဲတိုက္စစ္မႉးလူသာ႐ိုမာတီနက္ဇ္ရဲ႕ဂိုးနဲ႔ဦးေဆာင္ႏိုင္ခဲ့ၿပီးပြဲခ်ိန္၆၁မိနစ္မွာဒိုင္ယက္ဇ္ကကိုလံဘီယာအတြက္ေခ်ပဂိုးသြင္းခဲ့ပါတယ္။

ပင္နယ္တီအဆုံးအျဖတ္မွာအာဂ်င္တီးနားက၃-၂ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။အာဂ်င္တီးနားဂိုးသမားမာတီနက္ဇ္ဟာကိုလံဘီယာဘက္မွပင္နယ္တီကန္သြင္းမႈ၃ႀကိမ္ကိုကာကြယ္ကာသူရဲေကာင္းျဖစ္ခဲ့ပါတယ္။