ကိုလံဘီယာနှင့်ဘရာဇီးပွဲစဉ်တွင် မီနာကို အနမ်းခြွေရန် ကြိုးစားခဲ့တဲ့ နေမာ

ပီအက်စ်ဂျီစတားနေမာဟာယနေ့နံနက်ပိုင်းတုန်းကကိုလံဘီယာနှင့်ရင်ဆိုင်ကစားခဲ့ရတဲ့၂၀၂၂ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွင်ယာရီမီနာကိုအနမ်းခြွေရန်ကြိုးပမ်းခဲ့ပါတယ်။

တောင်အမေရိကဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲတွင်ကိုးပွဲဆက်တိုက်အနိုင်ရရှိထားတဲ့ဘရာဇီးဟာယနေ့ညတုန်းကဘာရန်ကွီလာတွင်ကစားတဲ့ကိုလံဘီယာနှင့်ပွဲစဉ်တွင်ဂိုးမသွင်းနိုင်ခဲ့ဘဲဂိုးမရှိသရေကျကာနိုင်ပွဲရပ်တန့်ခဲ့ပါတယ်။

ဒါပေမယ့်အဆိုပါပွဲစဉ်တွင်ဘရာဇီးစတားနေမာနှင့်ကိုလံဘီယာနောက်ခံလူယာရီမီနာတို့အကြားဖြစ်ခဲ့တဲ့အဖြစ်အပျက်ကတော့အမြဲတမ်းအမှတ်ရစရာအဖြစ်ကျန်နေခဲ့တော့မှာဖြစ်ပါတယ်။

ယင်းပွဲတွင်ဘောလုံးရင်ဆိုင်လုရင်းကစားသမားနှစ်ဦးလုံးလဲကျခဲ့ပြီးယာရီမီနာဟာဘာစီလိုနာစတားဟောင်းကိုဆဲဆိုပြောကြားရန်ထလာခဲ့ပါတယ်။

ဒါပေမယ့်နေမာကမီနာရဲ့ဒေါသတကြီးပြုမူမှုကို ကြင်ကြင်နာနာဘဲတုံ့ပြန်ခဲ့ပါတယ်။နေမာဟာလည်းမတ်တပ်ရပ်ပြီးမီနာရဲ့မျက်နှာနားသို့ကပ်ခဲ့ပါတယ်။ပြီးလျှင်သူဟာမီနာကိုနှုတ်ခမ်းစူပြီးအနမ်းခြွေမယ့်ပုံစံမျိုးပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့်နေမာဟာအနမ်းဟာမီနာကိုမထိခဲ့ပါဘူး။မီနာဟာနေမာရဲ့တုံ့ပြန်မှုကြောင့်အဝေးသို့ထွက်ခွာသွားခဲ့ပါတယ်။

ကိုလံဘီယာနှင့်ပွဲစဉ်မှာနေမာဟာခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိပါဘူး။သူဟာဘောလုံးမှားယွင်းပေးပို့မှု၁၇ကြိမ်တိုင်တိုင်ပြုလုပ်ခဲ့သလိုဘောလုံးဆုံးရှုံးမှုအကြိမ်၃၀ဖြစ်ခဲ့ပါတယ်။

ZawGyi

ကိုလံဘီယာႏွင့္ဘရာဇီးပြဲစဥ္တြင္ မီနာကို အနမ္းေႁခြရန္ ႀကိဳးစားခဲ့တဲ့ ေနမာ

ပီအက္စ္ဂ်ီစတားေနမာဟာယေန႔နံနက္ပိုင္းတုန္းကကိုလံဘီယာႏွင့္ရင္ဆိုင္ကစားခဲ့ရတဲ့၂၀၂၂ကမာၻ႔ဖလားေျခစစ္ပြဲစဥ္တြင္ယာရီမီနာကိုအနမ္းေႁခြရန္ႀကိဳးပမ္းခဲ့ပါတယ္။

ေတာင္အေမရိကဇုန္ကမာၻ႔ဖလားေျခစစ္ပြဲတြင္ကိုးပြဲဆက္တိုက္အႏိုင္ရရွိထားတဲ့ဘရာဇီးဟာယေန႔ညတုန္းကဘာရန္ကြီလာတြင္ကစားတဲ့ကိုလံဘီယာႏွင့္ပြဲစဥ္တြင္ဂိုးမသြင္းႏိုင္ခဲ့ဘဲဂိုးမရွိသေရက်ကာႏိုင္ပြဲရပ္တန႔္ခဲ့ပါတယ္။

ဒါေပမယ့္အဆိုပါပြဲစဥ္တြင္ဘရာဇီးစတားေနမာႏွင့္ကိုလံဘီယာေနာက္ခံလူယာရီမီနာတို႔အၾကားျဖစ္ခဲ့တဲ့အျဖစ္အပ်က္ကေတာ့အၿမဲတမ္းအမွတ္ရစရာအျဖစ္က်န္ေနခဲ့ေတာ့မွာျဖစ္ပါတယ္။

ယင္းပြဲတြင္ေဘာလုံးရင္ဆိုင္လုရင္းကစားသမားႏွစ္ဦးလုံးလဲက်ခဲ့ၿပီးယာရီမီနာဟာဘာစီလိုနာစတားေဟာင္းကိုဆဲဆိုေျပာၾကားရန္ထလာခဲ့ပါတယ္။

ဒါေပမယ့္ေနမာကမီနာရဲ႕ေဒါသတႀကီးျပဳမူမႈကို ၾကင္ၾကင္နာနာဘဲတုံ႔ျပန္ခဲ့ပါတယ္။ေနမာဟာလည္းမတ္တပ္ရပ္ၿပီးမီနာရဲ႕မ်က္ႏွာနားသို႔ကပ္ခဲ့ပါတယ္။ၿပီးလွ်င္သူဟာမီနာကိုႏႈတ္ခမ္းစူၿပီးအနမ္းေႁခြမယ့္ပုံစံမ်ိဳးျပဳလုပ္ခဲ့ပါတယ္။

ဒါေပမယ့္ေနမာဟာအနမ္းဟာမီနာကိုမထိခဲ့ပါဘူး။မီနာဟာေနမာရဲ႕တုံ႔ျပန္မႈေၾကာင့္အေဝးသို႔ထြက္ခြာသြားခဲ့ပါတယ္။

ကိုလံဘီယာႏွင့္ပြဲစဥ္မွာေနမာဟာေျခစြမ္းျပႏိုင္ခဲ့ျခင္းမရွိပါဘူး။သူဟာေဘာလုံးမွားယြင္းေပးပို႔မႈ၁၇ႀကိမ္တိုင္တိုင္ျပဳလုပ္ခဲ့သလိုေဘာလုံးဆုံးရႈံးမႈအႀကိမ္၃၀ျဖစ္ခဲ့ပါတယ္။