ကိုးနှစ်အရွယ်သားရဲ့မေးခွန်းကြောင့် ကစားသမားဘဝမှနားဖို့စဉ်းစားနေတဲ့ ဂျက်ဝီရှိုင်းယား

ဂျက်ဝီရှိုင်းယားကရာသီသစ်စတင်တဲ့ကာလသို့ရောက်တဲ့အထိမည်သည့်ကလပ်ကမျှကမ်းလှမ်းမှုပြုလုပ်လာခြင်းမရှိမှုနဲ့အတူအသက်၂၉နှစ်အရွယ်မှာဘဲကစားသမားဘဝမှအနားယူဖို့စဉ်းစားနေကြောင်းဖွင့်ဟပြောကြားလာပါတယ်။

တစ်ချိန်တုန်းကဥရောပရဲ့အလားအလာအကောင်းဆုံးပါရမီရှင်ကွင်းလယ်ကစားသမားအဖြစ်သတ်မှတ်ခြင်းခံခဲ့ရတဲ့အာဆင်နယ်စတားဟောင်းဟာဒဏ်ရာပြဿနာများကြောင့်ကစားသမားဘဝနိမ့်ကျခဲ့ရသူဖြစ်ပြီးချန်ပီယံရှစ်ကလပ်ဘုန်းမောက်မှထွက်ခွာလာပြီးနောက်ကလပ်လက်မဲ့ဖြစ်နေခဲ့သူလည်းဖြစ်ပါတယ်။

သူဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကဘုန်းမောက်အတွက်၁၈ပွဲကစားခဲ့ကာချန်ပီယံရှစ်ပလေးအော့ဖ်အဆင့်သို့အထိတက်ရောက်အောင်ကူညီခဲ့ပေမယ့်ရာသီအကုန်မှာစာချုပ်သက်တမ်းတိုးခြင်းမခံရဘဲထွက်ခွာခဲ့ရပါတယ်။

The Athletic နှင့်အင်တာဗျူးတွင်ဂျက်ဝီရှိုင်းယားက “ကစားသမားဘဝအနားယူဖို့နဲ့ပပတ်သက်ပြီးစိတ်ထဲမှာလွန်ဆွဲနေပါတယ်။ကလပ်တစ်ခုနဲ့အတူရှိနေတယ်ဆိုရင်မနက်တိုင်းထပြီးလေ့ကျင့်ခန်းနေ့တိုင်းဆင်းဖြစ်ပါတယ်။အသင်းနဲ့ဆိုရင်ဒီနေ့ကောင်းကောင်းလေ့ကျင့်ပြီးနည်းပြကိုယခုအပတ်ပွဲအတွက်အသင့်ဖြစ်နေပြီဆိုတာပြလို့ရပါတယ်။အခုတော့ကျွန်တော့်မှာမရှိပါဘူး။အခုအချိန်မှာမနက်တိုင်းနိုးလာတဲ့အခါမှာတစ်နေရာရာမှာသွားပြီးလေ့ကျင့်ဖို့လိုတယ်လို့တော့တွေးပါတယ်။ပုံမှန်အားဖြင့်တစ်ကိုယ်တည်းပါ။ပြီးတော့ကလပ်တစ်ခုနဲ့လည်းရာသီကြိုသွားဆင်းထားတော့အဆင်ပြေပါတယ်။ဒါပေမယ့်အခုတော့ပြီးသွားပါပြီ။အိပ်ယာကနိုးရင်လေ့ကျင့်ခန်းလုပ်ပြီးကိုယ့်ကိုယ်ကိုစိတ်ဓာတ်မြှင့်တင်ရေးလုပ်နေရပါတယ်။ပြီးတော့အခုအချိန်မှာကိုယ့်ကိုယ်ကို ‘ငါဘာအတွက်လုပ်နေတာလဲ’လို့မေးခွန်းတွေမေးနေပါတယ်။အေးဂျင့်ကိုလည်းစောင့်ပြီးရင်းစောင့်အနေအထားမျိုးမလိုချင်ဘူးလို့ပြောထားပါတယ်။သိပ်မကြာခင်ဆိုဇန်နဝါရီရောက်လာပါမယ်။နောက်တစ်ရာသီထပ်ပြီးတော့အချိန်ဖြုန်းတာဖြစ်လာပါဦးမယ်။ကျွန်တော်မငယ်တော့ပါဘူး။ဒါမျိုးမလုပ်ချင်ဘူး။ပြီးခဲ့တဲ့နှစ်ကဖြစ်ဖူးပြီးပြီ။အခုထပ်ဖြစ်တယ်။ကိုယ့်ကိုယ်ကိုအချိန်ဖြုန်းနေသလိုခံစားနေရတယ်”လို့ပြောကြားခဲ့ပါတယ်။

ဂျက်ဝီရှိုင်းယားဟာအသက်၁၆နှစ်အရွယ်မှာဘဲအာဆင်နယ်မှာဘဲအရေးပါတဲ့ကစားသမားတစ်ဦးဖြစ်ခဲ့သူဖြစ်ပြီးတစ်ချိန်တွင်ထိပ်တန်းကွင်းလယ်ကစားသမားတစ်ဦးဖြစ်မယ့်သူအဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါတယ်။

အင်္ဂလန်အတွက်၃၄ပွဲကစားခဲ့တဲ့ဂျက်ဝီရှိုင်းယားဟာအာဆင်နယ်တွင်ဒဏ်ရာပြဿနာပေါင်းများစွာနှင့်ကြုံခဲ့ရကာနောက်ဆုံးဝက်စ်ဟမ်းသို့ပြောင်းခဲ့ရကာကစားသမားဘဝမှာတဖြည်းဖြည်းနိမ့်ကျလာခဲ့ပါတယ်။

ဒါ့အပြင်ဂျက်ဝီရှိုင်းယားက “ကျွန်တော့်ကလေးတွေကနားလည်တဲ့အရွယ်ရောက်နေကြပါပြီ။အထူးသဖြင့်အကြီးကောင်အာချီပေါ့။ကိုးနှစ်ရှိပြီ။သူနဲ့ကျွန်တော်နဲ့စကားဆွေးနွေးလာတယ်။’မေဂျာလိဂ်ဆိုရင်ဘယ်လို”ဒါမှမဟုတ်လာလီဂါမှာသွားပြီးဘာလို့မကစားတာလဲ’လို့မေးပါတယ်။သူကဘောလုံးကိုချစ်တယ်။ဘောလုံးနဲ့ပတ်သက်ပြီးသူအားလုံးသိတယ်။ဒါကိုဖြေဖို့ခက်ခဲပါတယ်။သူက ‘ဘာလို့အဖေ့ကိုကလပ်တွေကမလိုချင်လဲ’လို့တောင်ပြောလာပါမယ်။ကျွန်တော်လည်းမသိဘူး။ဒါပေမယ့်သူကိုကျွန်တော်ဘယ်လိုပုံစံမျိုးနဲ့ရှင်းပြရမလဲဗျာ။သူတို့မှာကျောင်းမှာသူငယ်ချင်းတွေရှိပါတယ်။ကလေးတွေဆိုတော့သိတဲ့အတိုင်းနှိမ်တာမျိုးလုပ်လာနိုင်ပါတယ်။’မင်းအဖေကဘယ်မှာလုပ်တာလဲ’။’သူကမကောင်းတာလား’၊သူကဘောလုံးမကောင်းလို့လား’။ဒါမျိုးတွေပေါ့ဗျာ။ဆိုးတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ကိုးႏွစ္အ႐ြယ္သားရဲ႕ေမးခြန္းေၾကာင့္ ကစားသမားဘဝမွနားဖို႔စဥ္းစားေနတဲ့ ဂ်က္ဝီရႈိင္းယား

ဂ်က္ဝီရႈိင္းယားကရာသီသစ္စတင္တဲ့ကာလသို႔ေရာက္တဲ့အထိမည္သည့္ကလပ္ကမွ်ကမ္းလွမ္းမႈျပဳလုပ္လာျခင္းမရွိမႈနဲ႔အတူအသက္၂၉ႏွစ္အ႐ြယ္မွာဘဲကစားသမားဘဝမွအနားယူဖို႔စဥ္းစားေနေၾကာင္းဖြင့္ဟေျပာၾကားလာပါတယ္။

တစ္ခ်ိန္တုန္းကဥေရာပရဲ႕အလားအလာအေကာင္းဆုံးပါရမီရွင္ကြင္းလယ္ကစားသမားအျဖစ္သတ္မွတ္ျခင္းခံခဲ့ရတဲ့အာဆင္နယ္စတားေဟာင္းဟာဒဏ္ရာျပႆနာမ်ားေၾကာင့္ကစားသမားဘဝနိမ့္က်ခဲ့ရသူျဖစ္ၿပီးခ်န္ပီယံရွစ္ကလပ္ဘုန္းေမာက္မွထြက္ခြာလာၿပီးေနာက္ကလပ္လက္မဲ့ျဖစ္ေနခဲ့သူလည္းျဖစ္ပါတယ္။

သူဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကဘုန္းေမာက္အတြက္၁၈ပြဲကစားခဲ့ကာခ်န္ပီယံရွစ္ပေလးေအာ့ဖ္အဆင့္သို႔အထိတက္ေရာက္ေအာင္ကူညီခဲ့ေပမယ့္ရာသီအကုန္မွာစာခ်ဳပ္သက္တမ္းတိုးျခင္းမခံရဘဲထြက္ခြာခဲ့ရပါတယ္။

The Athletic ႏွင့္အင္တာဗ်ဴးတြင္ဂ်က္ဝီရႈိင္းယားက “ကစားသမားဘဝအနားယူဖို႔နဲ႔ပပတ္သက္ၿပီးစိတ္ထဲမွာလြန္ဆြဲေနပါတယ္။ကလပ္တစ္ခုနဲ႔အတူရွိေနတယ္ဆိုရင္မနက္တိုင္းထၿပီးေလ့က်င့္ခန္းေန႔တိုင္းဆင္းျဖစ္ပါတယ္။အသင္းနဲ႔ဆိုရင္ဒီေန႔ေကာင္းေကာင္းေလ့က်င့္ၿပီးနည္းျပကိုယခုအပတ္ပြဲအတြက္အသင့္ျဖစ္ေနၿပီဆိုတာျပလို႔ရပါတယ္။အခုေတာ့ကြၽန္ေတာ့္မွာမရွိပါဘူး။အခုအခ်ိန္မွာမနက္တိုင္းႏိုးလာတဲ့အခါမွာတစ္ေနရာရာမွာသြားၿပီးေလ့က်င့္ဖို႔လိုတယ္လို႔ေတာ့ေတြးပါတယ္။ပုံမွန္အားျဖင့္တစ္ကိုယ္တည္းပါ။ၿပီးေတာ့ကလပ္တစ္ခုနဲ႔လည္းရာသီႀကိဳသြားဆင္းထားေတာ့အဆင္ေျပပါတယ္။ဒါေပမယ့္အခုေတာ့ၿပီးသြားပါၿပီ။အိပ္ယာကႏိုးရင္ေလ့က်င့္ခန္းလုပ္ၿပီးကိုယ့္ကိုယ္ကိုစိတ္ဓာတ္ျမႇင့္တင္ေရးလုပ္ေနရပါတယ္။ၿပီးေတာ့အခုအခ်ိန္မွာကိုယ့္ကိုယ္ကို ‘ငါဘာအတြက္လုပ္ေနတာလဲ’လို႔ေမးခြန္းေတြေမးေနပါတယ္။ေအးဂ်င့္ကိုလည္းေစာင့္ၿပီးရင္းေစာင့္အေနအထားမ်ိဳးမလိုခ်င္ဘူးလို႔ေျပာထားပါတယ္။သိပ္မၾကာခင္ဆိုဇန္နဝါရီေရာက္လာပါမယ္။ေနာက္တစ္ရာသီထပ္ၿပီးေတာ့အခ်ိန္ျဖဳန္းတာျဖစ္လာပါဦးမယ္။ကြၽန္ေတာ္မငယ္ေတာ့ပါဘူး။ဒါမ်ိဳးမလုပ္ခ်င္ဘူး။ၿပီးခဲ့တဲ့ႏွစ္ကျဖစ္ဖူးၿပီးၿပီ။အခုထပ္ျဖစ္တယ္။ကိုယ့္ကိုယ္ကိုအခ်ိန္ျဖဳန္းေနသလိုခံစားေနရတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ဂ်က္ဝီရႈိင္းယားဟာအသက္၁၆ႏွစ္အ႐ြယ္မွာဘဲအာဆင္နယ္မွာဘဲအေရးပါတဲ့ကစားသမားတစ္ဦးျဖစ္ခဲ့သူျဖစ္ၿပီးတစ္ခ်ိန္တြင္ထိပ္တန္းကြင္းလယ္ကစားသမားတစ္ဦးျဖစ္မယ့္သူအျဖစ္သတ္မွတ္ျခင္းခံခဲ့ရပါတယ္။

အဂၤလန္အတြက္၃၄ပြဲကစားခဲ့တဲ့ဂ်က္ဝီရႈိင္းယားဟာအာဆင္နယ္တြင္ဒဏ္ရာျပႆနာေပါင္းမ်ားစြာႏွင့္ႀကဳံခဲ့ရကာေနာက္ဆုံးဝက္စ္ဟမ္းသို႔ေျပာင္းခဲ့ရကာကစားသမားဘဝမွာတျဖည္းျဖည္းနိမ့္က်လာခဲ့ပါတယ္။

ဒါ့အျပင္ဂ်က္ဝီရႈိင္းယားက “ကြၽန္ေတာ့္ကေလးေတြကနားလည္တဲ့အ႐ြယ္ေရာက္ေနၾကပါၿပီ။အထူးသျဖင့္အႀကီးေကာင္အာခ်ီေပါ့။ကိုးႏွစ္ရွိၿပီ။သူနဲ႔ကြၽန္ေတာ္နဲ႔စကားေဆြးေႏြးလာတယ္။’ေမဂ်ာလိဂ္ဆိုရင္ဘယ္လို”ဒါမွမဟုတ္လာလီဂါမွာသြားၿပီးဘာလို႔မကစားတာလဲ’လို႔ေမးပါတယ္။သူကေဘာလုံးကိုခ်စ္တယ္။ေဘာလုံးနဲ႔ပတ္သက္ၿပီးသူအားလုံးသိတယ္။ဒါကိုေျဖဖို႔ခက္ခဲပါတယ္။သူက ‘ဘာလို႔အေဖ့ကိုကလပ္ေတြကမလိုခ်င္လဲ’လို႔ေတာင္ေျပာလာပါမယ္။ကြၽန္ေတာ္လည္းမသိဘူး။ဒါေပမယ့္သူကိုကြၽန္ေတာ္ဘယ္လိုပုံစံမ်ိဳးနဲ႔ရွင္းျပရမလဲဗ်ာ။သူတို႔မွာေက်ာင္းမွာသူငယ္ခ်င္းေတြရွိပါတယ္။ကေလးေတြဆိုေတာ့သိတဲ့အတိုင္းႏွိမ္တာမ်ိဳးလုပ္လာႏိုင္ပါတယ္။’မင္းအေဖကဘယ္မွာလုပ္တာလဲ’။’သူကမေကာင္းတာလား’၊သူကေဘာလုံးမေကာင္းလို႔လား’။ဒါမ်ိဳးေတြေပါ့ဗ်ာ။ဆိုးတယ္”လို႔ေျပာၾကားသြားပါတယ္။