
ဘာစီလိုနာဟာရော်နယ်ကိုးမန်းနေရာတွင်အစားထိုးရန်အတွက် ဘယ်လ်ဂျီယံနည်းပြရောဘတ်တိုမာတီနက်ဇ်နှင့်ဆွေးနွေးမှုပြုလုပ်ထားပြီးဖြစ်ကြောင်းသိရပါတယ်။
ဘာစီလိုနာဟာရာသီအစရလဒ်ဆိုးရွားမှုများကြောင့်နယ်သာလန်လူမျိုးနည်းပြရော်နယ်ကိုးမန်းကိုထုတ်ပယ်ရန်ဆုံးဖြတ်ချက်ချထားပြီးဖြစ်ကြောင်းသိရပါတယ်။
ဘာစီလိုနာဥက္ကဌလာပေါ်တာဟာမတ်လတုန်းကဘာစီလိုနာဥက္ကဌအဖြစ်ခန့်အပ်မခံရခင်ကတည်းကဘယ်လ်ဂျီယံနည်းပြရောဘတ်တိုမာတီနက်ဇ်အားခန့်အပ်လိုခဲ့တာပါ။
လာပေါ်တာဟာဘာစီလိုနာဥက္ကဌမဖြစ်မီကမာတီနက်ဇ်နှင့်ဆက်သွယ်မှုရှိခဲ့သော်လည်း ဘာစီလိုနာနည်းပြရာထူးအတွက်တရားဝင်ကမ်းလှမ်းမှုတော့မပြုလုပ်ရသေးခဲ့ပါဘူး။
အသက်၄၇နှစ်ရှိကတ်တလန်ဖွားမာတီနက်ဇ်ဟာဘယ်လ်ဂျီယံအသင်းကို၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲအထိကိုင်တွယ်လိုသော်လည်းဘာစီလိုနာအသင်းကိုကိုင်တွယ်ခွင့်တရားဝင်ကမ်းလှမ်းမှုရရှိလာပါကလက်ခံရန်အသင့်ရှိနေပါတယ်။
မာတီနက်ဇ်ဟာဘာစီလိုနာကသာတရားဝင်ကမ်းလှမ်းပြီးဆွေးနွေးမှုပြုလုပ်လာလျှင် လက်ခံသွားမယ့်အကြောင်းကိုဘယ်လ်ဂျီယံဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများကိုပြောကြားထားပြီးဖြစ်ပါတယ်။
ဘာစီလိုနာဟာမာတီနက်ဇ်အားခန့်အပ်လိုပါကဘယ်လ်ဂျီယံဘောလုံးအဖွဲ့ချုပ်ကိုနစ်နာကြေးယူရို၁.၅သန်းပေးရပါမယ်။
ဘာစီလိုနာဟာယခုအပတ်လီဗန်တေးနှင့်ပွဲစဉ်ရလဒ်အပေါ်မူတည်ကာကိုးမန်းကို ထုတ်ပယ်ပြီးမာတီနက်ဇ်အားတရားဝင်ကမ်းလှမ်းမှုပြုလုပ်သွားမယ်လို့မီဒီယာများကရေးသားနေပါတယ်။
ZawGyi
ကိုးမန္းေနရာတြင္ အစားထိုးရန္ မာတီနက္ဇ္ႏွင့္ ေဆြးေႏြးထားၿပီးျဖစ္တဲ့ ဘာစီလိုနာ
ဘာစီလိုနာဟာေရာ္နယ္ကိုးမန္းေနရာတြင္အစားထိုးရန္အတြက္ ဘယ္လ္ဂ်ီယံနည္းျပေရာဘတ္တိုမာတီနက္ဇ္ႏွင့္ေဆြးေႏြးမႈျပဳလုပ္ထားၿပီးျဖစ္ေၾကာင္းသိရပါတယ္။
ဘာစီလိုနာဟာရာသီအစရလဒ္ဆိုး႐ြားမႈမ်ားေၾကာင့္နယ္သာလန္လူမ်ိဳးနည္းျပေရာ္နယ္ကိုးမန္းကိုထုတ္ပယ္ရန္ဆုံးျဖတ္ခ်က္ခ်ထားၿပီးျဖစ္ေၾကာင္းသိရပါတယ္။
ဘာစီလိုနာဥကၠဌလာေပၚတာဟာမတ္လတုန္းကဘာစီလိုနာဥကၠဌအျဖစ္ခန႔္အပ္မခံရခင္ကတည္းကဘယ္လ္ဂ်ီယံနည္းျပေရာဘတ္တိုမာတီနက္ဇ္အားခန႔္အပ္လိုခဲ့တာပါ။
လာေပၚတာဟာဘာစီလိုနာဥကၠဌမျဖစ္မီကမာတီနက္ဇ္ႏွင့္ဆက္သြယ္မႈရွိခဲ့ေသာ္လည္း ဘာစီလိုနာနည္းျပရာထူးအတြက္တရားဝင္ကမ္းလွမ္းမႈေတာ့မျပဳလုပ္ရေသးခဲ့ပါဘူး။
အသက္၄၇ႏွစ္ရွိကတ္တလန္ဖြားမာတီနက္ဇ္ဟာဘယ္လ္ဂ်ီယံအသင္းကို၂၀၂၂ကမာၻ႔ဖလားၿပိဳင္ပြဲအထိကိုင္တြယ္လိုေသာ္လည္းဘာစီလိုနာအသင္းကိုကိုင္တြယ္ခြင့္တရားဝင္ကမ္းလွမ္းမႈရရွိလာပါကလက္ခံရန္အသင့္ရွိေနပါတယ္။
မာတီနက္ဇ္ဟာဘာစီလိုနာကသာတရားဝင္ကမ္းလွမ္းၿပီးေဆြးေႏြးမႈျပဳလုပ္လာလွ်င္ လက္ခံသြားမယ့္အေၾကာင္းကိုဘယ္လ္ဂ်ီယံေဘာလုံးအဖြဲ႕ခ်ဳပ္တာဝန္ရွိသူမ်ားကိုေျပာၾကားထားၿပီးျဖစ္ပါတယ္။
ဘာစီလိုနာဟာမာတီနက္ဇ္အားခန႔္အပ္လိုပါကဘယ္လ္ဂ်ီယံေဘာလုံးအဖြဲ႕ခ်ဳပ္ကိုနစ္နာေၾကးယူ႐ို၁.၅သန္းေပးရပါမယ္။
ဘာစီလိုနာဟာယခုအပတ္လီဗန္ေတးႏွင့္ပြဲစဥ္ရလဒ္အေပၚမူတည္ကာကိုးမန္းကို ထုတ္ပယ္ၿပီးမာတီနက္ဇ္အားတရားဝင္ကမ္းလွမ္းမႈျပဳလုပ္သြားမယ္လို႔မီဒီယာမ်ားကေရးသားေနပါတယ္။