ကိုးမန်းနှင့် စက္ကန့် ၄၀ သာ ဖုန်းပြောကြားပြီး ဘာစီလိုနာမှ ကန်ထုတ်ခံခဲ့ရကြောင်း ဆွာရက်ဇ်ဖွင့်ဟ

လူးဝစ်ဆွာရက်ဇ်ကရော်နယ်ကိုးမန်းနှင့်စက္ကန့် ၄၀မျှဖုန်းဆက်ပြောကြားပြီးနောက်ဘာစီလိုနာမှထွက်ခွာခဲ့ရကြောင်းဖွင့်ဟပြောကြားလာပါတယ်။

လီဗာပူးစတားဟောင်းဟာ၂၀၂၀ခုနှစ်နွေရာသီတွင်ဘာစီလိုနာမှအက်သလက်တီကိုသို့ပြောင်းခဲ့ရသူဖြစ်ပါတယ်။

ဘာစီလိုနာဟာမက်ဆီဘက်ကအသင်းပြောင်းခွင့်တောင်းဆိုလာပြီးနောက်လူးဝစ်ဆွာရက်ဇ်ကိုပြောင်းရွှေ့ကြေးတစ်ပြားမှမယူဘဲအက်သလက်တီကိုသို့ထွက်ခွာခွင့်ပေးခဲ့တာဖြစ်ပါတယ်။

ဥရုဂွေးတိုက်စစ်မှူးဟာအက်သလက်တီကိုသို့ပြောင်းပြီးနောက် အကောင်းဆုံးခြေစွမ်းဖြင့်ဆက်ကစားကာလာလီဂါဖလားရရှိအောင်အဓိကနေရာမှကူညီခဲ့ပါတယ်။သူဟာပြီးခဲ့တဲ့အပတ်တုန်းကဘာစီလိုနာကို၂-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်လည်းဂိုးသွင်းနိုင်ခဲ့ပါတယ်။

ဆွာရက်ဇ်က “ကိုးမန်းဟာကျွန်တော့်ကို သူ့အစီအစဉ်မှာကျွန်တော်မပါကြောင်းစက္ကန့်၄၀ လောက်ဖုန်းဆက်ပြောခဲ့ပါတယ်။ဂန္ထဝင်တစ်ဦးကိုနှုတ်ဆက်ရမယ့်နည်းလမ်းမဟုတ်ပါဘူး။ပထမဆုံးသူကသူ့အစီအစဉ်မှာကျွန်တော့်မပါကြောင်းပြောပါတယ်။ပြီးတော့သူကဗီလာရီးရဲလ်နဲ့ပွဲမှာကစားဖို့ကြိုးစားမယ်ဆိုရင်စာချုပ်ကိစ္စဖြေရှင်းပေးမှာမဟုတ်ဘူးလို့လည်းပြောပါတယ်။ဘာကြောင့်ကျွန်တော့်ကိုအလိုမရှိသလဲ၊ကလပ်ဘက်ကဘဲတကယ်အလိုမရှိတာလားဆိုတာမရှင်းပြခဲ့ပါဘူး”လို့ပြောကြားခဲ့ပါတယ်။

ယခုအခါအပတ်အစောပိုင်းတုန်းကလည်းလူးဝစ်ဆွာရက်ဇ်ကသူ့အပေါ်တွင်ဘာစီလိုနာနှင့်ရော်နယ်ကိုးမန်းတို့ဆက်ဆံခဲ့မှုများအပေါ်ဘယ်တော့မှမေ့မှာမဟုတ်ကြောင်းပြောကြားခဲ့ဖူးပါတယ်။

ZawGyi

ကိုးမန္းႏွင့္ စကၠန႔္ ၄၀ သာ ဖုန္းေျပာၾကားၿပီး ဘာစီလိုနာမွ ကန္ထုတ္ခံခဲ့ရေၾကာင္း ဆြာရက္ဇ္ဖြင့္ဟ

လူးဝစ္ဆြာရက္ဇ္ကေရာ္နယ္ကိုးမန္းႏွင့္စကၠန႔္ ၄၀မွ်ဖုန္းဆက္ေျပာၾကားၿပီးေနာက္ဘာစီလိုနာမွထြက္ခြာခဲ့ရေၾကာင္းဖြင့္ဟေျပာၾကားလာပါတယ္။

လီဗာပူးစတားေဟာင္းဟာ၂၀၂၀ခုႏွစ္ေႏြရာသီတြင္ဘာစီလိုနာမွအက္သလက္တီကိုသို႔ေျပာင္းခဲ့ရသူျဖစ္ပါတယ္။

ဘာစီလိုနာဟာမက္ဆီဘက္ကအသင္းေျပာင္းခြင့္ေတာင္းဆိုလာၿပီးေနာက္လူးဝစ္ဆြာရက္ဇ္ကိုေျပာင္းေ႐ႊ႕ေၾကးတစ္ျပားမွမယူဘဲအက္သလက္တီကိုသို႔ထြက္ခြာခြင့္ေပးခဲ့တာျဖစ္ပါတယ္။

ဥ႐ုေဂြးတိုက္စစ္မႉးဟာအက္သလက္တီကိုသို႔ေျပာင္းၿပီးေနာက္ အေကာင္းဆုံးေျခစြမ္းျဖင့္ဆက္ကစားကာလာလီဂါဖလားရရွိေအာင္အဓိကေနရာမွကူညီခဲ့ပါတယ္။သူဟာၿပီးခဲ့တဲ့အပတ္တုန္းကဘာစီလိုနာကို၂-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲတြင္လည္းဂိုးသြင္းႏိုင္ခဲ့ပါတယ္။

ဆြာရက္ဇ္က “ကိုးမန္းဟာကြၽန္ေတာ့္ကို သူ႔အစီအစဥ္မွာကြၽန္ေတာ္မပါေၾကာင္းစကၠန႔္၄၀ ေလာက္ဖုန္းဆက္ေျပာခဲ့ပါတယ္။ဂႏၴဝင္တစ္ဦးကိုႏႈတ္ဆက္ရမယ့္နည္းလမ္းမဟုတ္ပါဘူး။ပထမဆုံးသူကသူ႔အစီအစဥ္မွာကြၽန္ေတာ့္မပါေၾကာင္းေျပာပါတယ္။ၿပီးေတာ့သူကဗီလာရီးရဲလ္နဲ႔ပြဲမွာကစားဖို႔ႀကိဳးစားမယ္ဆိုရင္စာခ်ဳပ္ကိစၥေျဖရွင္းေပးမွာမဟုတ္ဘူးလို႔လည္းေျပာပါတယ္။ဘာေၾကာင့္ကြၽန္ေတာ့္ကိုအလိုမရွိသလဲ၊ကလပ္ဘက္ကဘဲတကယ္အလိုမရွိတာလားဆိုတာမရွင္းျပခဲ့ပါဘူး”လို႔ေျပာၾကားခဲ့ပါတယ္။

ယခုအခါအပတ္အေစာပိုင္းတုန္းကလည္းလူးဝစ္ဆြာရက္ဇ္ကသူ႔အေပၚတြင္ဘာစီလိုနာႏွင့္ေရာ္နယ္ကိုးမန္းတို႔ဆက္ဆံခဲ့မႈမ်ားအေပၚဘယ္ေတာ့မွေမ့မွာမဟုတ္ေၾကာင္းေျပာၾကားခဲ့ဖူးပါတယ္။