ကိုးမန်းရဲ့နစ်နာကြေးနှင့်ပတ်သက်ပြီး ဆွေးနွေးမှု ဘာစီလိုနာအဆင်မပြေဖြစ်နေဆဲ

ဘာစီလိုနာနှင့်ရော်နယ်ကိုးမန်းတို့ဟာလျော်ကြေးနှင့်ပတ်သက်ပြီးဆွေးနွေးမှု အဆင်မပြေဖြစ်နေတုန်းဖြစ်ပါတယ်။

ဘဏ္ဍာရေးပြဿနာများနှင့်ကြုံနေတဲ့ဘာစီလိုနာဟာကိုးမန်းကိုနစ်နာကြေးယူရို၇.၅သန်းပေးရန်ကမ်းလှမ်းထားပြီးယင်းငွေများကိုလည်းနှစ်ကြိမ်ခွဲပေးရန် ကမ်းလှမ်းထားပါတယ်။ဒါပေမယ့်ဘာစီလိုနာနည်းပြဟောင်းကိုးမန်းကတော့ သူရရှိမယ့်လျော်ကြေးယူရို၁၂သန်းနှင့်အပိုဆုကြေးတို့ကို အတိအကျရရှိလိုနေပါတယ်။

ဘာစီလိုနာဟာပြီးခဲ့တဲ့အပတ်မှစတင်ကာရော်နယ်ကိုးမန်းအား နစ်နာကြေးပေးရေးအတွက်ဆွေးနွေးလာခဲ့တာဖြစ်ပါတယ်။ဘာစီလိုနာဟာငွေကြေးပြဿနာများရှိနေမှုနဲ့အတူဂန္ထဝင်ကစားသမားအား နစ်နာကြေးလျှော့ယူစေလိုနေပါတယ်။

ဒါပေမယ့်ကိုးမန်းကတော့သူရရှိမယ့်လျော်ကြေးအားလုံးကိုအတိအကျရရှိလုနေပါတယ်။တစ်ဖက်တွင်ကိုးမန်းဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကကိုဗစ်ကြောင်းလုပ်ခရဲ့၄၅ရာခိုင်နှုန်းကိုဘာစီလိုနာထံမှရရန်ရှိနေပါသေးတယ်။

ကိုးမန်းဟာပြီးခဲ့တဲ့အပတ်ဗုဒ္ဓဟူးနေ့တုန်းကဗယ်လီကာနိုအား၁-၀ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်ရာထူးမှထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။ဘာစီလိုနာဟာကိုးမန်းမတိုင်မီခန့်အပ်ခဲ့တဲ့ကွီကွီဆီတိန်းကိုလည်းလျော်ကြေးပေးနေရဆဲဖြစ်ပါတယ်။

လက်ရှိအချိန်တွင်ဘာစီလိုနာနည်းပြသစ်ဖြစ်လာရန်ဂန္ထဝင်ကစားသမားဇာဗီးကရေပန်းစားနေပါတယ်။ဘာစီလိုနာဟာဇာဗီးကိုခန့်အပ်နိုင်ရေးအတွက်သူ့ရဲ့အယ်ဆတ်နှင့်စာချုပ်အားဖျက်သိမ်းနိုင်ရေး ကာတာကလပ်နှင့်ဆွေးနွေးနေပါတယ်။ဘာစီလိုနာဟာယခုရက်ပိုင်းအတွင်းမှာဇာဗီးကိုနည်းပြသစ်အဖြစ်ခန့်အပ်လာဖို့ရှိပါတယ်။

ZawGyi

ကိုးမန္းရဲ႕နစ္နာေၾကးႏွင့္ပတ္သက္ၿပီး ေဆြးေႏြးမႈ ဘာစီလိုနာအဆင္မေျပျဖစ္ေနဆဲ

ဘာစီလိုနာႏွင့္ေရာ္နယ္ကိုးမန္းတို႔ဟာေလ်ာ္ေၾကးႏွင့္ပတ္သက္ၿပီးေဆြးေႏြးမႈ အဆင္မေျပျဖစ္ေနတုန္းျဖစ္ပါတယ္။

ဘ႑ာေရးျပႆနာမ်ားႏွင့္ႀကဳံေနတဲ့ဘာစီလိုနာဟာကိုးမန္းကိုနစ္နာေၾကးယူ႐ို၇.၅သန္းေပးရန္ကမ္းလွမ္းထားၿပီးယင္းေငြမ်ားကိုလည္းႏွစ္ႀကိမ္ခြဲေပးရန္ ကမ္းလွမ္းထားပါတယ္။ဒါေပမယ့္ဘာစီလိုနာနည္းျပေဟာင္းကိုးမန္းကေတာ့ သူရရွိမယ့္ေလ်ာ္ေၾကးယူ႐ို၁၂သန္းႏွင့္အပိုဆုေၾကးတို႔ကို အတိအက်ရရွိလိုေနပါတယ္။

ဘာစီလိုနာဟာၿပီးခဲ့တဲ့အပတ္မွစတင္ကာေရာ္နယ္ကိုးမန္းအား နစ္နာေၾကးေပးေရးအတြက္ေဆြးေႏြးလာခဲ့တာျဖစ္ပါတယ္။ဘာစီလိုနာဟာေငြေၾကးျပႆနာမ်ားရွိေနမႈနဲ႔အတူဂႏၴဝင္ကစားသမားအား နစ္နာေၾကးေလွ်ာ့ယူေစလိုေနပါတယ္။

ဒါေပမယ့္ကိုးမန္းကေတာ့သူရရွိမယ့္ေလ်ာ္ေၾကးအားလုံးကိုအတိအက်ရရွိလုေနပါတယ္။တစ္ဖက္တြင္ကိုးမန္းဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကကိုဗစ္ေၾကာင္းလုပ္ခရဲ႕၄၅ရာခိုင္ႏႈန္းကိုဘာစီလိုနာထံမွရရန္ရွိေနပါေသးတယ္။

ကိုးမန္းဟာၿပီးခဲ့တဲ့အပတ္ဗုဒၶဟူးေန႔တုန္းကဗယ္လီကာႏိုအား၁-၀ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္ရာထူးမွထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။ဘာစီလိုနာဟာကိုးမန္းမတိုင္မီခန႔္အပ္ခဲ့တဲ့ကြီကြီဆီတိန္းကိုလည္းေလ်ာ္ေၾကးေပးေနရဆဲျဖစ္ပါတယ္။

လက္ရွိအခ်ိန္တြင္ဘာစီလိုနာနည္းျပသစ္ျဖစ္လာရန္ဂႏၴဝင္ကစားသမားဇာဗီးကေရပန္းစားေနပါတယ္။ဘာစီလိုနာဟာဇာဗီးကိုခန႔္အပ္ႏိုင္ေရးအတြက္သူ႔ရဲ႕အယ္ဆတ္ႏွင့္စာခ်ဳပ္အားဖ်က္သိမ္းႏိုင္ေရး ကာတာကလပ္ႏွင့္ေဆြးေႏြးေနပါတယ္။ဘာစီလိုနာဟာယခုရက္ပိုင္းအတြင္းမွာဇာဗီးကိုနည္းျပသစ္အျဖစ္ခန႔္အပ္လာဖို႔ရွိပါတယ္။