ကိုးမန်းရဲ့ဘာကာအနာဂတ်အာမခံချက်ရှိကြောင်း အေးဂျင့်ပြောကြား

ရော်နယ်ကိုးမန်းမှာဘာစီလိုနာတွင်၂၀၂၁-၂၂ရာသီနှောင်းပိုင်းအထိဆက်ရှိနိုင်သေးကြောင်းအေးဂျင့်ရော့ဘ်ဂျန်ဆင်ကပြောကြားလာပါတယ်။

ကိုးမန်းဟာပြီးခဲ့တဲ့နွေရာသီတုန်းကဆီတိန်းရဲ့နေရာတွင်အစားထိုးခန့်အပ်ခြင်းခံခဲ့ရသူဖြစ်ပြီးပထမဆုံးကိုင်တွယ်တဲ့ရာသီတွင်ကိုပါဒယ်ရေးဖလားဆွတ်ခူးနိုင်အောင်ဦးဆောင်နိုင်ခဲ့ပါတယ်။ဒါပေမယ့်ကိုးမန်းရဲ့ဘာစီလိုနာဟာလာလီဂါနှင့်ချန်ပီယံလိဂ်တို့တွင်မျှော်မှန်းထားသလောက်လုပ်ပြနိုင်ခဲ့ခြင်းမရှိပါဘူး။

ရော်နယ်ကိုးမန်းနှင့်အေးဂျင့်တို့ဟာအင်္ဂါနေ့တုန်းကနူးကန့်ရှိရုံးခန်းသို့သွားရောက်ကာဘာစီလိုနာဥက္ကဌလာပေါ်တာနှင့်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပါတယ်။အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင်ရော်နယ်ကိုးမန်းရဲ့အေးဂျင့်ရော့ဘ်ဂျန်ဆင်လည်းပါဝင်ပြီးဆွေးနွေးမှုမှာနာရီဝက်မျှသာကြာမြင့်ခဲ့ပါတယ်။

ကိုးမန်းရဲ့အေးဂျင့်က “ကောင်းမွန်တဲ့တွေ့ဆုံဆွေးနွေးမှုဖြစ်ခဲ့ပါတယ်။ကောင်းမွန်တဲ့အပြန်အလှန်လေးစာမှုရှိပြီးအားလုံးအဆင်ပြေပါတယ်။ကျွန်တော်ကတော့ကိုးမန်းဟာ၂၀၂၁-၂၂ရာသီထက်ပိုရှည်ပြီးဆက်ရှိနိုင်တယ်လို့ထင်ပါတယ်။ဒါပေမယ့်ကျွန်တော်တို့နောက်ထပ်ဆွေးနွေးမှုထပ်လုပ်ရပါဦးမယ်”လို့ပြောကြားသွားပါတယ်။

ကိုးမန်းဟာယခုရာဿီမှာဘာစီလိုနာအသင်းကိုပြိုင်ပွဲအရပ်ရပ်မှာ၅၂ပွဲကိုင်တွယ်ခဲ့ရာမှာ၃၄ပွဲနိုင်၊၁၀ပွဲရှုံး၊၈ပွဲသရေရလဒ်ရရှိထားပါတယ်။

ZawGyi

ကိုးမန္းရဲ႕ဘာကာအနာဂတ္အာမခံခ်က္ရွိေၾကာင္း ေအးဂ်င့္ေျပာၾကား

ေရာ္နယ္ကိုးမန္းမွာဘာစီလိုနာတြင္၂၀၂၁-၂၂ရာသီေႏွာင္းပိုင္းအထိဆက္ရွိႏိုင္ေသးေၾကာင္းေအးဂ်င့္ေရာ့ဘ္ဂ်န္ဆင္ကေျပာၾကားလာပါတယ္။

ကိုးမန္းဟာၿပီးခဲ့တဲ့ေႏြရာသီတုန္းကဆီတိန္းရဲ႕ေနရာတြင္အစားထိုးခန႔္အပ္ျခင္းခံခဲ့ရသူျဖစ္ၿပီးပထမဆုံးကိုင္တြယ္တဲ့ရာသီတြင္ကိုပါဒယ္ေရးဖလားဆြတ္ခူးႏိုင္ေအာင္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။ဒါေပမယ့္ကိုးမန္းရဲ႕ဘာစီလိုနာဟာလာလီဂါႏွင့္ခ်န္ပီယံလိဂ္တို႔တြင္ေမွ်ာ္မွန္းထားသေလာက္လုပ္ျပႏိုင္ခဲ့ျခင္းမရွိပါဘူး။

ေရာ္နယ္ကိုးမန္းႏွင့္ေအးဂ်င့္တို႔ဟာအဂၤါေန႔တုန္းကႏူးကန႔္ရွိ႐ုံးခန္းသို႔သြားေရာက္ကာဘာစီလိုနာဥကၠဌလာေပၚတာႏွင့္ေတြ႕ဆုံေဆြးေႏြးမႈျပဳလုပ္ခဲ့ပါတယ္။အဆိုပါေတြ႕ဆုံေဆြးေႏြးပြဲတြင္ေရာ္နယ္ကိုးမန္းရဲ႕ေအးဂ်င့္ေရာ့ဘ္ဂ်န္ဆင္လည္းပါဝင္ၿပီးေဆြးေႏြးမႈမွာနာရီဝက္မွ်သာၾကာျမင့္ခဲ့ပါတယ္။

ကိုးမန္းရဲ႕ေအးဂ်င့္က “ေကာင္းမြန္တဲ့ေတြ႕ဆုံေဆြးေႏြးမႈျဖစ္ခဲ့ပါတယ္။ေကာင္းမြန္တဲ့အျပန္အလွန္ေလးစာမႈရွိၿပီးအားလုံးအဆင္ေျပပါတယ္။ကြၽန္ေတာ္ကေတာ့ကိုးမန္းဟာ၂၀၂၁-၂၂ရာသီထက္ပိုရွည္ၿပီးဆက္ရွိႏိုင္တယ္လို႔ထင္ပါတယ္။ဒါေပမယ့္ကြၽန္ေတာ္တို႔ေနာက္ထပ္ေဆြးေႏြးမႈထပ္လုပ္ရပါဦးမယ္”လို႔ေျပာၾကားသြားပါတယ္။

ကိုးမန္းဟာယခုရာႆီမွာဘာစီလိုနာအသင္းကိုၿပိဳင္ပြဲအရပ္ရပ္မွာ၅၂ပြဲကိုင္တြယ္ခဲ့ရာမွာ၃၄ပြဲႏိုင္၊၁၀ပြဲရႈံး၊၈ပြဲသေရရလဒ္ရရွိထားပါတယ္။