ကိုးမန်းအထုတ်ခံရပြီး နာရီအနည်းငယ်အကြာတွင် ဘာကာနည်းပြရာထူးအတွက် ဇာဗီးသဘောတူညီမှုရရှိ

ဘာစီလိုနာဟာဂန္ထဝင်ကွင်းလယ်ကစားသမားဇာဗီးကိုနည်းပြသစ်အဖြစ်ခန့်အပ်ရန်သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ကြောင်းသိရပါတယ်။

ဘာစီလိုနာဟာမနေ့ညတုန်းကရာယိုဗယ်လီကာနိုအား၁-၀ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်နာရီအနည်းငယ်အကြာတွင်ပင်နည်းပြရော်နယ်ကိုးမန်းအားရာထူးမှထုတ်ပယ်ခဲ့ပါတယ်။

ဘာစီလိုနာဟာကိုးမန်းကိုထုတ်ပယ်လိုက်ပြီးနောက်နာရီအနည်းငယ်အကြာတွင်ပင်ကစားသမားဟောင်းဇာဗီးကိုခန့်အပ်ရန်သဘောတူညီမှုရရှိခဲ့ကြောင်းသိရပါတယ်။

ဘာစီလိုနာနှင့်စပိန်ဂန္ထဝင်ကစားသမားဇာဗီးဟာအယ်ဆက်ကိုကိုင်တွယ်နေသူဖြစ်ပါတယ်။ယခုအခါ၎င်းတို့ဟာအယ်လ်ဆက်နှင့်ချုပ်ဆိုထားတဲ့စာချုပ်အားဖျက်သိမ်းနိုင်ရန်လုပ်ဆောင်နေပြီးနစ်နာကြေးပေါင်၈၄၀၀၀၀ခန့်အသုံးပြုရဖို့ရှိနေပါတယ်။

ဇာဗီးဟာယခုရာသီတွင်အယ်လ်ဆက်နှင့်အတူရလဒ်ကောင်းများရရှိနေသူဖြစ်ပြီးပွဲအားလုံးအနိုင်ရရှိကာအမှတ်ပေးဇယားထိပ်ဆုံးတွင်ရပ်တည်နေပါတယ်။

ZawGyi





