ကိုးမန်းအပေါ် စိတ်ရှည်သည်းခံမှုမှာ အကန့်အသတ်ရှိကြောင်း ဘာကာဥက္ကဌလာပေါ်တာဖွင့်ဟ

ဘာစီလိုနာဥက္ကဌဂျိုဟန်လာပေါ်တာကနည်းပြရော်နယ်ကိုးမန်းအပေါ်တွင်စိတ်ရှည်သည်းခံမှုမှာအချိန်အကန့်အသတ်ရှိကြောင်းပြောကြားလိုက်ပါတယ်။

ကိုးမန်းဦးဆောင်တဲ့ဘာစီလိုနာဟာပြီးခဲ့တဲ့အပတ်ကြားရက်တုန်းကဘိုင်ယန်မြူးနစ်ကိုအိမ်ကွင်းမှာ၃-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပြီးယခုအပတ်တွင်လည်းဂရန်နာဒါနှင့်ကာဒစ်ဇ်တို့ကိုသရေဆက်တိုက်ကျခဲ့ပါတယ်။

ကိုးမန်းအပေါ်စိတ်ရှည်သည်းခံနိုင်မှုအကန့်အသတ်ရှိသလားလို့မေးမြန်းမှုကို လာပေါ်တာက “ဟုတ်ပါတယ်။ရှိပါတယ်။အခုကျွန်တော်တို့ဟာခက်ခဲတဲ့ကာလသို့ရောက်နေပါတယ်”လို့ပြောကြားသွားပါတယ်။

အထူးသဖြင့်ရော်နယ်ကိုးမန်းဟာမနေ့ညတုန်းကအသင်းငယ်လေးကာဒစ်ဇ်ကိုဂိုးမရှိသရေကျမှုနဲ့အတူဖိအားပိုမိုမြင့်မားလာပြီဖြစ်ပါတယ်။

အဆိုပါပွဲတွင်ဘာစီလိုနာဘက်မှဖရန့်ကီဒီဂျောင်အထုတ်ခံခဲ့ရပြီးသရေရလဒ်ကြောင့်ထိပ်ဆုံးမှရီးရဲလ်မက်ဒရစ်နှင့်ရမှတ်၇မှတ်အထိကွာဟသွားခဲ့ပြီဖြစ်ပါတယ်။

ဘာစီလိုနာဟာလာမယ့်တနင်္ဂနွေနေ့မှာလီဗန်တေးကိုအိမ်ကွင်းမှာဧည့်ခံကစားရပါမယ်။

ZawGyi

ကိုးမန္းအေပၚ စိတ္ရွည္သည္းခံမႈမွာ အကန႔္အသတ္ရွိေၾကာင္း ဘာကာဥကၠဌလာေပၚတာဖြင့္ဟ

ဘာစီလိုနာဥကၠဌဂ်ိဳဟန္လာေပၚတာကနည္းျပေရာ္နယ္ကိုးမန္းအေပၚတြင္စိတ္ရွည္သည္းခံမႈမွာအခ်ိန္အကန႔္အသတ္ရွိေၾကာင္းေျပာၾကားလိုက္ပါတယ္။

ကိုးမန္းဦးေဆာင္တဲ့ဘာစီလိုနာဟာၿပီးခဲ့တဲ့အပတ္ၾကားရက္တုန္းကဘိုင္ယန္ျမဴးနစ္ကိုအိမ္ကြင္းမွာ၃-၀ဂိုးျဖင့္ရႈံးနိမ့္ခဲ့ၿပီးယခုအပတ္တြင္လည္းဂရန္နာဒါႏွင့္ကာဒစ္ဇ္တို႔ကိုသေရဆက္တိုက္က်ခဲ့ပါတယ္။

ကိုးမန္းအေပၚစိတ္ရွည္သည္းခံႏိုင္မႈအကန႔္အသတ္ရွိသလားလို႔ေမးျမန္းမႈကို လာေပၚတာက “ဟုတ္ပါတယ္။ရွိပါတယ္။အခုကြၽန္ေတာ္တို႔ဟာခက္ခဲတဲ့ကာလသို႔ေရာက္ေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။

အထူးသျဖင့္ေရာ္နယ္ကိုးမန္းဟာမေန႔ညတုန္းကအသင္းငယ္ေလးကာဒစ္ဇ္ကိုဂိုးမရွိသေရက်မႈနဲ႔အတူဖိအားပိုမိုျမင့္မားလာၿပီျဖစ္ပါတယ္။

အဆိုပါပြဲတြင္ဘာစီလိုနာဘက္မွဖရန႔္ကီဒီေဂ်ာင္အထုတ္ခံခဲ့ရၿပီးသေရရလဒ္ေၾကာင့္ထိပ္ဆုံးမွရီးရဲလ္မက္ဒရစ္ႏွင့္ရမွတ္၇မွတ္အထိကြာဟသြားခဲ့ၿပီျဖစ္ပါတယ္။

ဘာစီလိုနာဟာလာမယ့္တနဂၤေႏြေန႔မွာလီဗန္ေတးကိုအိမ္ကြင္းမွာဧည့္ခံကစားရပါမယ္။