ကီဗင်ဒီဘရိုင်းရဲ့ခြေစွမ်းမှာ ထိပ်တန်းအဆင့်တွင် မရှိကြောင်း ဂွါဒီယိုလာပြောကြား

မန်စီးတီးနည်းပြဂွါဒီယိုလာကဘရိုက်တန်ကို၃-၁ဂိုးဖြင့်အနိုင်ရတဲ့ပွဲစဉ်မှာကီဗင်ဒီဘရိုင်းရဲ့ဂိုးမှာ Masterclass Goal တစ်ဂိုးဖြစ်ပေမဲ့လည်း ဘယ်လ်ဂျီယံစတားမှာအကောင်းဆုံးပုံစံတွင်ရှိမနေကြောင်းဆိုလာပါတယ်။

မန်စီးတီးဟာမနေ့ညတုန်းကဘရိုက်တန်ကိုအနိုင်ရတဲ့ပွဲတွင်အာလင်းဟာလန်းရဲ့သွင်းဂိုးနှစ်ဂိုးနဲ့ကီဗင်ဒီဘရိုင်းရဲ့တစ်ဂိုးတို့ကြောင့်၃-၁ဂိုးဖြင့်အနိုင်ရခဲ့ပါတယ်။

ဘယ်လ်ဂျီယံလက်ရွေးစင်စတားဟာယခုရာသီတွင်ပရီးမီးယားလိဂ်တွင်၂ဂိုးသွင်းထားကာ၉ကြိမ်အထိဖန်တီးထားနိုင်ပါတယ်။

သူဟာဘရိုက်တန်နှင့်ပွဲတွင်ဂိုးသွင်းနိုင်ခဲ့တဲ့အပြင် သူ့ရဲ့ဖန်တီးမှုကို မရာ့ဇ်သာဂိုးသွင်းနိုင်ခဲ့မည်ဆိုပါက ဖန်တီးမှုလည်းတစ်ကြိမ်ရရှိလာဦးမှာဖြစ်ပါတယ်။

ဒါပေမဲ့ဂွါဒီယိုလာက “ကီဗင် ပိုပြီးတော့ကောင်းနိုင်သေးတယ်။ထိပ်တန်းအဆင့်မှာသူမကစားနိုင်သေးဘူး။အကောင်းဆုံးပုံစံမရသေးပါဘူး။သူဟာအရမ်းကောင်းတဲ့ဂိုး၊ တကယ့်ထိပ်တန်းဂိုးတစ်ဂိုးသွင်းနိုင်ခဲ့တယ်။ဒါပေမဲ့အကောင်းဆုံးပုံစံနဲ့ကစားနေတာတော့မဟုတ်ပါဘူး။သူလည်းသိတယ်။သူနဲ့စကားပြောပြီးပြီ”လို့ပြောကြားသွားပါတယ်။

မန်စီးတီးဟာ၂၀၁၆ခုနှစ်တွင်အသင်းသို့ဂွါဒီယိုလာရောက်လာပြီးနောက် ပရီးမီးယားလိဂ်သွင်းဂိုး ၆၀၁ဂိုးအထိရှိလာပြီဖြစ်ပါတယ်။

ZawGyi

ကီဗင္ဒီဘ႐ိုင္းရဲ႕ေျခစြမ္းမွာ ထိပ္တန္းအဆင့္တြင္ မရွိေၾကာင္း ဂြါဒီယိုလာေျပာၾကား

မန္စီးတီးနည္းျပဂြါဒီယိုလာကဘ႐ိုက္တန္ကို၃-၁ဂိုးျဖင့္အႏိုင္ရတဲ့ပြဲစဥ္မွာကီဗင္ဒီဘ႐ိုင္းရဲ႕ဂိုးမွာ Masterclass Goal တစ္ဂိုးျဖစ္ေပမဲ့လည္း ဘယ္လ္ဂ်ီယံစတားမွာအေကာင္းဆုံးပုံစံတြင္ရွိမေနေၾကာင္းဆိုလာပါတယ္။

မန္စီးတီးဟာမေန႔ညတုန္းကဘ႐ိုက္တန္ကိုအႏိုင္ရတဲ့ပြဲတြင္အာလင္းဟာလန္းရဲ႕သြင္းဂိုးႏွစ္ဂိုးနဲ႔ကီဗင္ဒီဘ႐ိုင္းရဲ႕တစ္ဂိုးတို႔ေၾကာင့္၃-၁ဂိုးျဖင့္အႏိုင္ရခဲ့ပါတယ္။

ဘယ္လ္ဂ်ီယံလက္ေ႐ြးစင္စတားဟာယခုရာသီတြင္ပရီးမီးယားလိဂ္တြင္၂ဂိုးသြင္းထားကာ၉ႀကိမ္အထိဖန္တီးထားႏိုင္ပါတယ္။

သူဟာဘ႐ိုက္တန္ႏွင့္ပြဲတြင္ဂိုးသြင္းႏိုင္ခဲ့တဲ့အျပင္ သူ႔ရဲ႕ဖန္တီးမႈကို မရာ့ဇ္သာဂိုးသြင္းႏိုင္ခဲ့မည္ဆိုပါက ဖန္တီးမႈလည္းတစ္ႀကိမ္ရရွိလာဦးမွာျဖစ္ပါတယ္။

ဒါေပမဲ့ဂြါဒီယိုလာက “ကီဗင္ ပိုၿပီးေတာ့ေကာင္းႏိုင္ေသးတယ္။ထိပ္တန္းအဆင့္မွာသူမကစားႏိုင္ေသးဘူး။အေကာင္းဆုံးပုံစံမရေသးပါဘူး။သူဟာအရမ္းေကာင္းတဲ့ဂိုး၊ တကယ့္ထိပ္တန္းဂိုးတစ္ဂိုးသြင္းႏိုင္ခဲ့တယ္။ဒါေပမဲ့အေကာင္းဆုံးပုံစံနဲ႔ကစားေနတာေတာ့မဟုတ္ပါဘူး။သူလည္းသိတယ္။သူနဲ႔စကားေျပာၿပီးၿပီ”လို႔ေျပာၾကားသြားပါတယ္။

မန္စီးတီးဟာ၂၀၁၆ခုႏွစ္တြင္အသင္းသို႔ဂြါဒီယိုလာေရာက္လာၿပီးေနာက္ ပရီးမီးယားလိဂ္သြင္းဂိုး ၆၀၁ဂိုးအထိရွိလာၿပီျဖစ္ပါတယ္။