ကီဗင်ဒီဘရိုင်းရဲ့ဖျက်ထုတ်မှုကို အသုံးချကာ ဝန်ဘစ်ဆာကာရဲ့နှစ်ပွဲပယ်ပြစ်ဒဏ်ကို မန်ယူ အယူခံဝင်မည်

မန်ယူဟာဘန်းတွင်ယန်းဘွိုင်းစ်အားရှုံးနိမ့်တဲ့ပွဲစဉ်မှအေရွန်ဝမ်ဘစ်ဆာကာရဲ့အနီကတ်အတွက်နှစ်ပွဲပယ်ပြစ်ဒဏ်ကိုအယူခံဝင်သွားပါမယ်။

မန်ယူဟာအေရွန်ဝမ်ဘစ်ဆာကာရဲ့နှစ်ပွဲပယ်ပြစ်ဒဏ်အားအယူခံဝင်ရာမှာမန်စီးတီးကွင်းလယ်ကစားသမားကီဗင်ဒီဘရိုင်းရဲ့ပီအက်စ်ဂျီကစားသမားဂူယီအားဖျက်ထုတ်မှုကိုလည်း တင်ပြအသုံးချသွားမှာဖြစ်ကြောင်းသိရပါတယ်။

မန်ယူညာနောက်ခံလူဟာယန်းဘွိုင်းစ်အား၂-၁ဖြင့်ရှုံးနိမ့်တဲ့ပွဲစဉ်ရဲ့ပွဲချိန်၃၅မိနစ်မှာခရစ္စတိုဖာမာတင်အားနင်းခဲ့မှုအတွက်အနီကတ်ပြသခြင်းခံခဲ့ရပါတယ်။အစောပိုင်းကသူဟာတစ်ပွဲသာပွဲပယ်ခံခဲ့ရပေမယ့်ယူအီးအက်ဖ်အေကနှစ်ပွဲပယ်ပြစ်ဒဏ်သို့တိုးမြှင့်ခဲ့ပါတယ်။

ဒါပေမယ့်ဗုဒ္ဓဟူးနေ့ညတုန်းကပီအက်စ်ဂျီနှင့်မန်စီးတီးတို့ရဲ့ချန်ပီယံလိဂ်ပွဲစဉ်တွင်ကီဗင်ဒီဘရိုင်းမှာလည်းပြိုင်ဘက်ကစားသမားကိုနင်းခဲ့ပေမယ့်အဝါကတ်သာပြသခြင်းခံခဲ့ရပါတယ်။

ဆိုးလ်ရှားက “အရမ်းအံ့ဩခဲ့ရတယ်။အရမ်းလည်းစိတ်ပျက်ရတယ်။အယူခံဝင်ပါမယ်။ပွဲအစမိနစ်၃၀ကျော်မှာအထုတ်ခံရတာဆိုတော့သုံးပွဲပယ်တာနဲ့အတူတူပါပဲ။မန်စီးတီးရဲ့ပွဲစဉ်ကအခြားဖျက်ထုတ်မှုကိုကြည့်ရင်ဒါလည်းအရမ်းအန္တရာယ်များတာတွေ့ရပါမယ်။ဒါပေမယ့်အဝါကတ်ပဲအပြခံရတယ်။မမျှတပါဘူး”လို့ပြောကြားသွားပါတယ်။

ZawGyi

ကီဗင္ဒီဘ႐ိုင္းရဲ႕ဖ်က္ထုတ္မႈကို အသုံးခ်ကာ ဝန္ဘစ္ဆာကာရဲ႕ႏွစ္ပြဲပယ္ျပစ္ဒဏ္ကို မန္ယူ အယူခံဝင္မည္

မန္ယူဟာဘန္းတြင္ယန္းဘြိဳင္းစ္အားရႈံးနိမ့္တဲ့ပြဲစဥ္မွေအ႐ြန္ဝမ္ဘစ္ဆာကာရဲ႕အနီကတ္အတြက္ႏွစ္ပြဲပယ္ျပစ္ဒဏ္ကိုအယူခံဝင္သြားပါမယ္။

မန္ယူဟာေအ႐ြန္ဝမ္ဘစ္ဆာကာရဲ႕ႏွစ္ပြဲပယ္ျပစ္ဒဏ္အားအယူခံဝင္ရာမွာမန္စီးတီးကြင္းလယ္ကစားသမားကီဗင္ဒီဘ႐ိုင္းရဲ႕ပီအက္စ္ဂ်ီကစားသမားဂူယီအားဖ်က္ထုတ္မႈကိုလည္း တင္ျပအသုံးခ်သြားမွာျဖစ္ေၾကာင္းသိရပါတယ္။

မန္ယူညာေနာက္ခံလူဟာယန္းဘြိဳင္းစ္အား၂-၁ျဖင့္ရႈံးနိမ့္တဲ့ပြဲစဥ္ရဲ႕ပြဲခ်ိန္၃၅မိနစ္မွာခရစၥတိုဖာမာတင္အားနင္းခဲ့မႈအတြက္အနီကတ္ျပသျခင္းခံခဲ့ရပါတယ္။အေစာပိုင္းကသူဟာတစ္ပြဲသာပြဲပယ္ခံခဲ့ရေပမယ့္ယူအီးအက္ဖ္ေအကႏွစ္ပြဲပယ္ျပစ္ဒဏ္သို႔တိုးျမႇင့္ခဲ့ပါတယ္။

ဒါေပမယ့္ဗုဒၶဟူးေန႔ညတုန္းကပီအက္စ္ဂ်ီႏွင့္မန္စီးတီးတို႔ရဲ႕ခ်န္ပီယံလိဂ္ပြဲစဥ္တြင္ကီဗင္ဒီဘ႐ိုင္းမွာလည္းၿပိဳင္ဘက္ကစားသမားကိုနင္းခဲ့ေပမယ့္အဝါကတ္သာျပသျခင္းခံခဲ့ရပါတယ္။

ဆိုးလ္ရွားက “အရမ္းအံ့ဩခဲ့ရတယ္။အရမ္းလည္းစိတ္ပ်က္ရတယ္။အယူခံဝင္ပါမယ္။ပြဲအစမိနစ္၃၀ေက်ာ္မွာအထုတ္ခံရတာဆိုေတာ့သုံးပြဲပယ္တာနဲ႔အတူတူပါပဲ။မန္စီးတီးရဲ႕ပြဲစဥ္ကအျခားဖ်က္ထုတ္မႈကိုၾကည့္ရင္ဒါလည္းအရမ္းအႏၲရာယ္မ်ားတာေတြ႕ရပါမယ္။ဒါေပမယ့္အဝါကတ္ပဲအျပခံရတယ္။မမွ်တပါဘူး”လို႔ေျပာၾကားသြားပါတယ္။