ကီဗင်ဒီဘရိုင်းရဲ့မျက်နှာဒဏ်ရာခွဲစိတ်ကုသမှုပြုလုပ်ရန်မလိုသော်လည်း ယူရိုတွင် ပါဝင်နိုင်ရန်မရေရာသေး

ကီဗင်ဒီဘရိုင်းဟာချဲလ်ဆီးအား၁-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်ရရှိခဲ့တဲ့မျက်နှာဒဏ်ရာအားခွဲစိတ်ကုသမှုပြုလုပ်ရန်မလိုအပ်ကြောင်းသိရပါတယ်။

ဒါပေမယ့်ဘယ်လ်ဂျီယံနည်းပြရောဘတ်တိုမာတီနက်ဇ်ကမန်စီးတီးကွင်းလယ်ကစားသမားမှာယူရို၂၀၂၀ပြိုင်ပွဲတွင်ပါဝင်ကစားနိုင်မလားဆိုသည်ကိုအတိအကျမပြောနိုင်သေးကြောင်းဆိုသွားပါတယ်။

အသက်၂၈နှစ်ရှိဒီဘရိုင်းဟာချဲလ်ဆီးနှင့်ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်ရူဒီဂါနှင့်လဲကျကာနှာခေါင်းရိုးအက်ခြင်း၊မျက်လုံးအကာအရိုးအက်ခြင်းတို့ဖြစ်ခဲ့ပါတယ်။

ကီဗင်ဒီဘရိုင်းဟာချန်ပီယံလိဂ်ပြိုင်ပွဲကစားထားရမှုနဲ့အတူဘယ်လ်ဂျီယံလက်ရွေးစင်အသင်းနှင့်နောက်ကျပြီးမှပူးပေါင်းနိုင်ပါမယ်။

မာတီနက်ဇ်က “သူကချန်ပီယံလိဂ်ဗိုလ်လုပွဲကစားခဲ့ရတော့အခြားကစားသမားတွေနဲ့မတူဘဲနောက်ကျမှပူးပေါင်းနိုင်ပါမယ်။အစီအစဉ်ပြောင်းသွားတာကြောင့်သူ့အနေနဲ့စိတ်အေးလက်အေးနေနိုင်မှာမဟုတ်ဘဲနားလို့ဘဲရပါမယ်။သူ့မျက်နှာကဒဏ်ရာနှစ်ခုကခွဲစိတ်ကုသဖို့မလိုတာကတော့ကံကောင်းပါတယ်။ခွဲစိတ်ရရင်တော့သူကစားနိုင်တော့မှာမဟုတ်ပါဘူး။ပထမ(ယူရို)ပွဲမှာသူ့ကိုသုံးနိုင်မလားမသိသေးပါဘူး။အခုအချိန်မှာဆေးဖက်ဆိုင်ရာအဖွဲ့ကလည်းဘာမှမပြောသေးတော့ကျွန်တော့်ဘက်ကလည်းဘာမှမပြောနိုင်သေးပါဘူး”လို့ပြောကြားခဲ့ပါတယ်။

ဘယ်လ်ဂျီယံဟာဇွန်လ၁၂ရက်နေ့မှာအုပ်စု(ခ)အဖွင့်ပွဲစဉ်အဖြစ်ရုရှားနှင့်ရင်ဆိုင်ရပါမယ်။ပြီးလျှင်၎င်းတို့ဟာဒိန်းမတ်၊ဖင်လန်တို့နှင့်ရင်ဆိုင်ကစားရပါမယ်။

ZawGyi

ကီဗင္ဒီဘ႐ိုင္းရဲ႕မ်က္ႏွာဒဏ္ရာခြဲစိတ္ကုသမႈျပဳလုပ္ရန္မလိုေသာ္လည္း ယူ႐ိုတြင္ ပါဝင္ႏိုင္ရန္မေရရာေသး

ကီဗင္ဒီဘ႐ိုင္းဟာခ်ဲလ္ဆီးအား၁-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတြင္ရရွိခဲ့တဲ့မ်က္ႏွာဒဏ္ရာအားခြဲစိတ္ကုသမႈျပဳလုပ္ရန္မလိုအပ္ေၾကာင္းသိရပါတယ္။

ဒါေပမယ့္ဘယ္လ္ဂ်ီယံနည္းျပေရာဘတ္တိုမာတီနက္ဇ္ကမန္စီးတီးကြင္းလယ္ကစားသမားမွာယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္ပါဝင္ကစားႏိုင္မလားဆိုသည္ကိုအတိအက်မေျပာႏိုင္ေသးေၾကာင္းဆိုသြားပါတယ္။

အသက္၂၈ႏွစ္ရွိဒီဘ႐ိုင္းဟာခ်ဲလ္ဆီးႏွင့္ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတြင္႐ူဒီဂါႏွင့္လဲက်ကာႏွာေခါင္း႐ိုးအက္ျခင္း၊မ်က္လုံးအကာအ႐ိုးအက္ျခင္းတို႔ျဖစ္ခဲ့ပါတယ္။

ကီဗင္ဒီဘ႐ိုင္းဟာခ်န္ပီယံလိဂ္ၿပိဳင္ပြဲကစားထားရမႈနဲ႔အတူဘယ္လ္ဂ်ီယံလက္ေ႐ြးစင္အသင္းႏွင့္ေနာက္က်ၿပီးမွပူးေပါင္းႏိုင္ပါမယ္။

မာတီနက္ဇ္က “သူကခ်န္ပီယံလိဂ္ဗိုလ္လုပြဲကစားခဲ့ရေတာ့အျခားကစားသမားေတြနဲ႔မတူဘဲေနာက္က်မွပူးေပါင္းႏိုင္ပါမယ္။အစီအစဥ္ေျပာင္းသြားတာေၾကာင့္သူ႔အေနနဲ႔စိတ္ေအးလက္ေအးေနႏိုင္မွာမဟုတ္ဘဲနားလို႔ဘဲရပါမယ္။သူ႔မ်က္ႏွာကဒဏ္ရာႏွစ္ခုကခြဲစိတ္ကုသဖို႔မလိုတာကေတာ့ကံေကာင္းပါတယ္။ခြဲစိတ္ရရင္ေတာ့သူကစားႏိုင္ေတာ့မွာမဟုတ္ပါဘူး။ပထမ(ယူ႐ို)ပြဲမွာသူ႔ကိုသုံးႏိုင္မလားမသိေသးပါဘူး။အခုအခ်ိန္မွာေဆးဖက္ဆိုင္ရာအဖြဲ႕ကလည္းဘာမွမေျပာေသးေတာ့ကြၽန္ေတာ့္ဘက္ကလည္းဘာမွမေျပာႏိုင္ေသးပါဘူး”လို႔ေျပာၾကားခဲ့ပါတယ္။

ဘယ္လ္ဂ်ီယံဟာဇြန္လ၁၂ရက္ေန႔မွာအုပ္စု(ခ)အဖြင့္ပြဲစဥ္အျဖစ္႐ုရွားႏွင့္ရင္ဆိုင္ရပါမယ္။ၿပီးလွ်င္၎တို႔ဟာဒိန္းမတ္၊ဖင္လန္တို႔ႏွင့္ရင္ဆိုင္ကစားရပါမယ္။