ကီရန်ထရစ်ပီယာရဲ့၁၀ပတ် ပွဲပယ်ပြစ်ဒဏ်ကို ဖီဖာဆိုင်းငံ့ထားလိုက်ပြီ

ကီရန်ထရစ်ပီယာရဲ့၁၀ပတ် ပွဲပယ်ပြစ်ဒဏ်အား ဖီဖာကဆိုင်းငံ့ထားလိုက်ပြီဖြစ်ကြောင်း အက်သလက်တီကိုက ကြေညာလာပါတယ်။

ပြီးခဲ့တဲ့အပတ်တုန်းကအက်ဖ်အေဟာ၂၀၁၉ခုနှစ်တုန်းကလောင်းကစားဉပဒေ၇ခုတို့ကိုချိုးဖောက်ခဲ့တဲ့ကီရန်ထ ရစ်ပီယာကို၁၀ပတ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

ထရစ်ပီယာဟာ၂၀၁၉ခုနှစ်နွေရာသီတုန်းကအက်သလက်တီကိုသို့မပြောင်းမီတုန်းကယင်းအမှုကိုကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။ဖီဖာကထရစ်ပီယာရဲ့၁၀ပတ်ပွဲပယ်ပြစ်ဒဏ်ကတစ်ကမ္ဘာလုံးတွင်အကျုံးဝင်ကြောင်းဆိုထားကာချက် ချင်းအကျိုးသက်ရောက်မှုရှိစေရမယ်လို့ဆိုခဲ့ပါတယ်။

ဒါပေမယ့်အက်သလက်တီကိုကထရစ်ပီယာအား၁၀ပွဲပယ်ပြစ်ဒဏ်ချမှတ်မှုမှာ၎င်းတို့အတွက်များစွာထိခိုက်နေသည်ဟုဆိုကာကန့်ကွက်ခဲ့ပါတယ်။

ဒါ့အပြင်ထရစ်ပီယာကိုယ်တိုင်ကလည်း၎င်းမှာကိုယ်တိုင်လောင်းကစားမှုပြုလုပ်ခဲ့ခြင်းမရှိသလိုအခြားသူများပြုလုပ်တဲ့လောင်းကစားမှုမှလည်းအကျိုးတစ်စုံတစ်ရာရယူခြင်းမရှိကြောင်းငြင်းဆိုကာအယူခံဝင်ခဲ့ပါတယ်။

ယခုအခါမှာတော့ဖီဖာဟာထရစ်ပီယာရဲ့၁၀ပတ်ပွဲပယ်ပြစ်ဒဏ်ကိုဆိုင်းငံ့ထားလိုက်ပြီဖြစ်ပြီးနောက်ထပ်ကြေညာမှု ပြုလုပ်လာချိန်တွင်မှကျခံရမှာဖြစ်ကြောင်းသိရပါတယ်။

ထရစ်ပီယာဟာလောင်းကစားဥပဒေချိုးဖောက်မှုကြောင့်၁၀ပတ်ပွဲပယ်အပြင်ပေါင်၇၀၀၀၀ဒဏ်ရိုက်ခြင်းလည်းခံခဲ့ရပါတယ်။

သူဟာပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့တုန်းကဂီတာဖေးအား၁-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲကိုလွဲချော်ခဲ့သလိုယနေ့ညအလာဗတ်စ်နှင့် ပွဲမှာလည်းပါဝင်လာမှာမဟုတ်ပါဘူး။

ZawGyi

ကီရန္ထရစ္ပီယာရဲ႕၁၀ပတ္ ပြဲပယ္ျပစ္ဒဏ္ကို ဖီဖာဆိုင္းငံ့ထားလိုက္ၿပီ

ကီရန္ထရစ္ပီယာရဲ႕၁၀ပတ္ ပြဲပယ္ျပစ္ဒဏ္အား ဖီဖာကဆိုင္းငံ့ထားလိုက္ၿပီျဖစ္ေၾကာင္း အက္သလက္တီကိုက ေၾကညာလာပါတယ္။

ၿပီးခဲ့တဲ့အပတ္တုန္းကအက္ဖ္ေအဟာ၂၀၁၉ခုႏွစ္တုန္းကေလာင္းကစားဉပေဒ၇ခုတို႔ကိုခ်ိဳးေဖာက္ခဲ့တဲ့ကီရန္ထ ရစ္ပီယာကို၁၀ပတ္ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ခဲ့ပါတယ္။

ထရစ္ပီယာဟာ၂၀၁၉ခုႏွစ္ေႏြရာသီတုန္းကအက္သလက္တီကိုသို႔မေျပာင္းမီတုန္းကယင္းအမႈကိုက်ဴးလြန္ခဲ့တာ ျဖစ္ပါတယ္။ဖီဖာကထရစ္ပီယာရဲ႕၁၀ပတ္ပြဲပယ္ျပစ္ဒဏ္ကတစ္ကမာၻလုံးတြင္အက်ဳံးဝင္ေၾကာင္းဆိုထားကာခ်က္ ခ်င္းအက်ိဳးသက္ေရာက္မႈရွိေစရမယ္လို႔ဆိုခဲ့ပါတယ္။

ဒါေပမယ့္အက္သလက္တီကိုကထရစ္ပီယာအား၁၀ပြဲပယ္ျပစ္ဒဏ္ခ်မွတ္မႈမွာ၎တို႔အတြက္မ်ားစြာထိခိုက္ေနသည္ဟုဆိုကာကန႔္ကြက္ခဲ့ပါတယ္။

ဒါ့အျပင္ထရစ္ပီယာကိုယ္တိုင္ကလည္း၎မွာကိုယ္တိုင္ေလာင္းကစားမႈျပဳလုပ္ခဲ့ျခင္းမရွိသလိုအျခားသူမ်ားျပဳလုပ္တဲ့ေလာင္းကစားမႈမွလည္းအက်ိဳးတစ္စုံတစ္ရာရယူျခင္းမရွိေၾကာင္းျငင္းဆိုကာအယူခံဝင္ခဲ့ပါတယ္။

ယခုအခါမွာေတာ့ဖီဖာဟာထရစ္ပီယာရဲ႕၁၀ပတ္ပြဲပယ္ျပစ္ဒဏ္ကိုဆိုင္းငံ့ထားလိုက္ၿပီျဖစ္ၿပီးေနာက္ထပ္ေၾကညာမႈ ျပဳလုပ္လာခ်ိန္တြင္မွက်ခံရမွာျဖစ္ေၾကာင္းသိရပါတယ္။

ထရစ္ပီယာဟာေလာင္းကစားဥပေဒခ်ိဳးေဖာက္မႈေၾကာင့္၁၀ပတ္ပြဲပယ္အျပင္ေပါင္၇၀၀၀၀ဒဏ္႐ိုက္ျခင္းလည္းခံခဲ့ရပါတယ္။

သူဟာၿပီးခဲ့တဲ့ဗုဒၶဟူးေန႔တုန္းကဂီတာေဖးအား၁-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲကိုလြဲေခ်ာ္ခဲ့သလိုယေန႔ညအလာဗတ္စ္ႏွင့္ ပြဲမွာလည္းပါဝင္လာမွာမဟုတ္ပါဘူး။