ကော့စတာကို အပြီးသတ်ခေါ်ယူသွားမည်မဟုတ်ကြောင်း ဘိုင်ယန်မြူးနစ်ကြေညာ

ဘိုင်ယန်မြူးနစ်ကဂျူဗင်တပ်မှအငှားဖြင့်လာရောက်ကစားနေတဲ့ဒေါက်ကလပ်ကော့စတာကိုအပြီးသတ်ခေါ်ယူသွားမှာမဟုတ်ကြောင်းဆိုလာပါတယ်။ဘရာဇီးတောင်ပံတိုက်စစ်သမားဟာဂျူဗင်တပ်မှအသင်းဟောင်းဘိုင်ယန်မြူးနစ်သို့အငှားဖြင့်လာရောက်ကစားနေသူဖြစ်ပါတယ်။

ယခုအခါဘိုင်ယန်မြူးနစ်ကဒေါက်ကလပ်ကော့စတာကိုအပြီးသတ်ခေါ်ယူမှာမဟုတ်သလိုအငှားစာချုပ်လည်းသက်တမ်းတိုးလာတော့မှာမဟုတ်ပါဘူး။

ကော့စတာဟာနွေရာသီတွင်ဂျူဗင်တပ်မှရောက်လာပြီးနောက်နေရာရရှိရန်ရုန်းကန်နေရခဲ့သူဖြစ်ပြီးဒဏ်ရာပြဿနာများနှင့်လည်းရုန်းကန်နေရသူဖြစ်ပါတယ်။

လက်ရှိအချိန်မှာဒေါက်ကလပ်ကော့စတာကိုအသင်းဟောင်းဂရီမီယိုကပြန်လည်ခေါ်ယူဖို့စိတ်ဝင်စားလျက်ရှိနေပါတယ်။

ZawGyi




