ကော့စတာနောက်ပိုင်း တစ်ရာသီတည်းတွင် ပရီးမီးယားလိဂ်ဂိုးအနည်းဆုံး ဂိုး ၂၀ သွင်းနိုင်တဲ့ ကစားသမားဖြစ်လာမယ့် အူဘာမီယန်

ချဲလ်ဆီးဂန္ထဝင်တိုက်စစ်မှူးဟယ်ဆယ်ဘိန့်ခ်ကပီယာရီအီမီရစ်ခ်အူဘာမီယန်မှာချဲလ်ဆီးသို့ရောက်စတုန်းကရုန်းကန်ရပေမဲ့လည်းယခုရာသီတွင်ဂိုး၂၀သွင်းနိုင်ကြောင်းထောက်ခံပြောကြားလာပါတယ်။

ဒါပေမဲ့ဟယ်ဆယ်ဘိန့်ခ်ကအူဘာမီယန်ကိုအသက်အရွယ်ကြောင့်ယာယီအားကိုးရမယ့်သူသာဖြစ်ပြီးဂရေဟမ်ပေါ်တာအနေဖြင့်ရေရှည်အနာဂတ်အတွက်စီစဉ်ထားသင့်ပြီဖြစ်ကြောင်းဆိုသွားပါတယ်။

အူဘာမီယန်ဟာချဲလ်ဆီးသို့အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးရက်တွင်ရောက်လာတာဖြစ်ပြီးတစ်ဂိုးမျှမသွင်းရသေးပါဘူး။

သူဟာဒေါ့မွန်တွင်လက်တွဲဖူးတဲ့သောမတ်စ်တူချယ်နှင့်အလုပ်လုပ်ရန် ချဲလ်ဆီးသို့ပြောင်းရွှေ့ခဲ့တာဖြစ်ပေမဲ့ဂျာမန်လူမျိုးနည်းပြမှာသူရောက်လာပြီး၉ရက်အကြာမှာဘဲထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

ချဲလ်ဆီးအတွက်ပရီးမီးယားလိဂ်ပွဲ၁၃၆ပွဲတွင်ပရီးမီးယားလိဂ်ဂိုး၇၀သွင်းခဲ့တဲ့ဟယ်ဆယ်ဘိန့်ခ်က “အူဘာမီယန်ဟာဘာစီလိုနာမှာတုန်းကအရမ်းကောင်းခဲ့တယ်။ဂိုးတွေသွင်းခဲ့တယ်။နောက်နှစ်နှစ်အတွက်အရမ်းကောင်းတဲ့ခေါ်ယူမှုပါ။လေးနှစ်(သို့မဟုတ်)ငါးနှစ်အတွက်ခေါ်ယူလိုက်တာလို့မထင်ပါဘူး။နှစ်နှစ်စာချုပ်နဲ့ခေါ်လိုက်တာပါ။သူကဂိုးဘယ်လိုသွင်းရမလဲကောင်းကောင်းသိတော့ သူ့ဆီကဂိုးတွေမြင်ရမယ်လို့ထင်ပါတယ်။သူကတူချယ်ရှိနေလို့ချဲလ်ဆီးသို့ပြောင်းခဲ့တယ်ဆိုပေမဲ့ဘောလုံးသမားတစ်ဦးအနေနဲ့ နည်းပြတွေ ထွက်လိုက်ဝင်လိုက်ကြုံရတာပါပဲ။သူ့ကစားသမားဘဝလည်းဆက်သွားနေပါမယ်။အခြားဘယ်ကစားသမားမျိုးလိုမဆိုအလုပ်လုပ်ရပါမယ်။ဒါကပြဿနာလို့မထင်ပါဘူး။အူဘာမီယန်ဟာဂိုး၂၀နဲ့အထက်သွင်းနိုင်တဲ့သူပါ။လက်ရှိဒီအသင်းကချန်ပီယံဖြစ်လာမလားလို့မေးလာရင်မဖြစ်နိုင်ဘူးလို့ထင်ပါတယ်။ထိပ်ဆုံးလေးသင်းစာရင်းဝင်မယ့်လူအင်အားတော့ပိုင်ထားပါတယ်။အက်ဖ်အေဖလားနဲ့ချန်ပီယံလိဂ်မှာတော့စိန်ခေါ်လာနိုင်တယ်။ချန်ပီယံလိဂ်ဖလားကိုသူတို့ရနိုင်လားဆိုတော့သူတို့ကရေပန်းတော့မစားပါဘူး။ချန်ပီယံဖြစ်လာမယ်လို့လည်းမထင်ပါဘူး။တကယ်လို့များထိပ်ဆုံးလေးသင်းစာရင်းဝင်ပြီးဖလားတစ်လုံးရရင်အောင်မြင်တဲ့ရာသီတစ်ခုလို့ဆိုရပါမယ်”လို့ပြောကြားသွားပါတယ်။

ချဲလ်ဆီးဟာ၂၀၁၆-၁၇ရာသီ ဒီယေဂိုကော့စတာနောက်ပိုင်းတွင်ပရီးမီးယားလိဂ်တွင်ဂိုး၂၀အထိသွင်းနိုင်တဲ့ကစားသမားမပိုင်ဆိုင်ခဲ့ပါဘူး။

ZawGyi

ေကာ့စတာေနာက္ပိုင္း တစ္ရာသီတည္းတြင္ ပရီးမီးယားလိဂ္ဂိုးအနည္းဆုံး ဂိုး ၂၀ သြင္းႏိုင္တဲ့ ကစားသမားျဖစ္လာမယ့္ အူဘာမီယန္

ခ်ဲလ္ဆီးဂႏၴဝင္တိုက္စစ္မႉးဟယ္ဆယ္ဘိန႔္ခ္ကပီယာရီအီမီရစ္ခ္အူဘာမီယန္မွာခ်ဲလ္ဆီးသို႔ေရာက္စတုန္းက႐ုန္းကန္ရေပမဲ့လည္းယခုရာသီတြင္ဂိုး၂၀သြင္းႏိုင္ေၾကာင္းေထာက္ခံေျပာၾကားလာပါတယ္။

ဒါေပမဲ့ဟယ္ဆယ္ဘိန႔္ခ္ကအူဘာမီယန္ကိုအသက္အ႐ြယ္ေၾကာင့္ယာယီအားကိုးရမယ့္သူသာျဖစ္ၿပီးဂေရဟမ္ေပၚတာအေနျဖင့္ေရရွည္အနာဂတ္အတြက္စီစဥ္ထားသင့္ၿပီျဖစ္ေၾကာင္းဆိုသြားပါတယ္။

အူဘာမီယန္ဟာခ်ဲလ္ဆီးသို႔အေျပာင္းအေ႐ႊ႕ေဈးကြက္ေနာက္ဆုံးရက္တြင္ေရာက္လာတာျဖစ္ၿပီးတစ္ဂိုးမွ်မသြင္းရေသးပါဘူး။

သူဟာေဒါ့မြန္တြင္လက္တြဲဖူးတဲ့ေသာမတ္စ္တူခ်ယ္ႏွင့္အလုပ္လုပ္ရန္ ခ်ဲလ္ဆီးသို႔ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ေပမဲ့ဂ်ာမန္လူမ်ိဳးနည္းျပမွာသူေရာက္လာၿပီး၉ရက္အၾကာမွာဘဲထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

ခ်ဲလ္ဆီးအတြက္ပရီးမီးယားလိဂ္ပြဲ၁၃၆ပြဲတြင္ပရီးမီးယားလိဂ္ဂိုး၇၀သြင္းခဲ့တဲ့ဟယ္ဆယ္ဘိန႔္ခ္က “အူဘာမီယန္ဟာဘာစီလိုနာမွာတုန္းကအရမ္းေကာင္းခဲ့တယ္။ဂိုးေတြသြင္းခဲ့တယ္။ေနာက္ႏွစ္ႏွစ္အတြက္အရမ္းေကာင္းတဲ့ေခၚယူမႈပါ။ေလးႏွစ္(သို႔မဟုတ္)ငါးႏွစ္အတြက္ေခၚယူလိုက္တာလို႔မထင္ပါဘူး။ႏွစ္ႏွစ္စာခ်ဳပ္နဲ႔ေခၚလိုက္တာပါ။သူကဂိုးဘယ္လိုသြင္းရမလဲေကာင္းေကာင္းသိေတာ့ သူ႔ဆီကဂိုးေတြျမင္ရမယ္လို႔ထင္ပါတယ္။သူကတူခ်ယ္ရွိေနလို႔ခ်ဲလ္ဆီးသို႔ေျပာင္းခဲ့တယ္ဆိုေပမဲ့ေဘာလုံးသမားတစ္ဦးအေနနဲ႔ နည္းျပေတြ ထြက္လိုက္ဝင္လိုက္ႀကဳံရတာပါပဲ။သူ႔ကစားသမားဘဝလည္းဆက္သြားေနပါမယ္။အျခားဘယ္ကစားသမားမ်ိဳးလိုမဆိုအလုပ္လုပ္ရပါမယ္။ဒါကျပႆနာလို႔မထင္ပါဘူး။အူဘာမီယန္ဟာဂိုး၂၀နဲ႔အထက္သြင္းႏိုင္တဲ့သူပါ။လက္ရွိဒီအသင္းကခ်န္ပီယံျဖစ္လာမလားလို႔ေမးလာရင္မျဖစ္ႏိုင္ဘူးလို႔ထင္ပါတယ္။ထိပ္ဆုံးေလးသင္းစာရင္းဝင္မယ့္လူအင္အားေတာ့ပိုင္ထားပါတယ္။အက္ဖ္ေအဖလားနဲ႔ခ်န္ပီယံလိဂ္မွာေတာ့စိန္ေခၚလာႏိုင္တယ္။ခ်န္ပီယံလိဂ္ဖလားကိုသူတို႔ရႏိုင္လားဆိုေတာ့သူတို႔ကေရပန္းေတာ့မစားပါဘူး။ခ်န္ပီယံျဖစ္လာမယ္လို႔လည္းမထင္ပါဘူး။တကယ္လို႔မ်ားထိပ္ဆုံးေလးသင္းစာရင္းဝင္ၿပီးဖလားတစ္လုံးရရင္ေအာင္ျမင္တဲ့ရာသီတစ္ခုလို႔ဆိုရပါမယ္”လို႔ေျပာၾကားသြားပါတယ္။

ခ်ဲလ္ဆီးဟာ၂၀၁၆-၁၇ရာသီ ဒီေယဂိုေကာ့စတာေနာက္ပိုင္းတြင္ပရီးမီးယားလိဂ္တြင္ဂိုး၂၀အထိသြင္းႏိုင္တဲ့ကစားသမားမပိုင္ဆိုင္ခဲ့ပါဘူး။