ကော်စတာရီကာကို ရှုံးနိမ့်ခဲ့ပေမဲ့ ကွင်းသန့်ရှင်းလုပ်ပေးခဲ့ကြတဲ့ ဂျပန်ပရိသတ်များ

ဂျပန်ပရိသတ်များဟာကော်စတာရီကာကိုရှုံးနိမ့်ခဲ့ပေမဲ့လည်းAhmed Bin Ali Stadium ကွင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြကာသူတို့ရဲ့အဆင့်အတန်းကိုပြသနိုင်ခဲ့ပါတယ်။

ဂျပန်ဟာအုပ်စုအဖွင့်တုန်းကဂျာမနီကိုအနိုင်ရရှိခဲ့ရာကော်စတာရီကာကိုလည်းအနိုင်ရမယ်လို့ခဲ့ရပါတယ်။ဒါပေမဲ့ဂျပန်ဟာမထင်မှတ်ဘဲကော်စတာရီကာကိုရှုံးနိမ့်ပြီးကမ္ဘာ့ဖလား၁၆သင်းရှုံးထွက်အဆင့်သို့တက်ရေးမရေမရာဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့လည်းဂျပန်ပရိသတ်များဟာကွင်းအတွင်းရှိဂျပန်ပရိသတ်များစွန့်ပစ်ခဲ့တဲ့အမှိုက်များကိုပြန်လည်ကောက်ပြီးကွင်းသန့်ရှင်းရေးပြုလုပ်ကာသူတို့ရဲ့အဆင့်အတန်းကိုပြသနိုင်ခဲ့ကြပါတယ်။

ဂျပန်ပရိသတ်များဟာဂျာမနီကိုအနိုင်ရရှိတဲ့ပွဲအပြီးတွင်လည်းကွင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြပါတယ်။ဒါ့အပြင်ဂျပန်အသင်းသားများဟာလည်းဂျာမနီနှင့်ပွဲအပြီးမှာအဝတ်အစားလဲခန်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြတာတွေ့ရပါတယ်။

ZawGyi

ေကာ္စတာရီကာကို ရႈံးနိမ့္ခဲ့ေပမဲ့ ကြင္းသန႔္ရွင္းလုပ္ေပးခဲ့ၾကတဲ့ ဂ်ပန္ပရိသတ္မ်ား

ဂ်ပန္ပရိသတ္မ်ားဟာေကာ္စတာရီကာကိုရႈံးနိမ့္ခဲ့ေပမဲ့လည္းAhmed Bin Ali Stadium ကြင္းသန႔္ရွင္းေရးျပဳလုပ္ခဲ့ၾကကာသူတို႔ရဲ႕အဆင့္အတန္းကိုျပသႏိုင္ခဲ့ပါတယ္။

ဂ်ပန္ဟာအုပ္စုအဖြင့္တုန္းကဂ်ာမနီကိုအႏိုင္ရရွိခဲ့ရာေကာ္စတာရီကာကိုလည္းအႏိုင္ရမယ္လို႔ခဲ့ရပါတယ္။ဒါေပမဲ့ဂ်ပန္ဟာမထင္မွတ္ဘဲေကာ္စတာရီကာကိုရႈံးနိမ့္ၿပီးကမာၻ႔ဖလား၁၆သင္းရႈံးထြက္အဆင့္သို႔တက္ေရးမေရမရာျဖစ္လာခဲ့ပါတယ္။

ဒါေပမဲ့လည္းဂ်ပန္ပရိသတ္မ်ားဟာကြင္းအတြင္းရွိဂ်ပန္ပရိသတ္မ်ားစြန႔္ပစ္ခဲ့တဲ့အမႈိက္မ်ားကိုျပန္လည္ေကာက္ၿပီးကြင္းသန႔္ရွင္းေရးျပဳလုပ္ကာသူတို႔ရဲ႕အဆင့္အတန္းကိုျပသႏိုင္ခဲ့ၾကပါတယ္။

ဂ်ပန္ပရိသတ္မ်ားဟာဂ်ာမနီကိုအႏိုင္ရရွိတဲ့ပြဲအၿပီးတြင္လည္းကြင္းသန႔္ရွင္းေရးျပဳလုပ္ခဲ့ၾကပါတယ္။ဒါ့အျပင္ဂ်ပန္အသင္းသားမ်ားဟာလည္းဂ်ာမနီႏွင့္ပြဲအၿပီးမွာအဝတ္အစားလဲခန္းသန႔္ရွင္းေရးျပဳလုပ္ခဲ့ၾကတာေတြ႕ရပါတယ္။