ကော်စတာရီကာနှင့်အဆုံးအဖြတ်ပွဲမတိုင်မီ ချစ်သူ/ဇနီးနှင့် နှစ်ညအတူနေခွင့်ရရှိလာကြတဲ့ ဂျာမနီစတားများ

ဂျာမနီကစားသမားများဟာကမ္ဘာ့ဖလားရှုံးထွက်အဆင့်သို့တက်ရောက်ရေးအဆုံးအဖြတ်ပွဲမတိုင်မီအသင်းတည်းခိုရာဟိုတယ်သို့ချစ်သူ/ဇနီးတို့အားဖိတ်ခေါ်ခွင့်ရရှိလာခဲ့ကြပါတယ်။

Bild ရဲ့ဖော်ပြချက်အရဂျာမနီကစားသမားများဟာကော်စတာရီကာနှင့်ကမ္ဘာ့ဖလားနောက်တဆင့်တက်ရေးအဆုံးအဖြတ်ပွဲမတိုင်မီနှစ်ညတိတိအသင်းတည်းခိုရာဇိမ်ခံဟိုတယ်သို့ချစ်သူ/ဇနီးတို့နှင့်အတူ အတူနေခွင့်ရရှိလာကြကြောင်းသိရပါတယ်။

ဂျာမနီကစားသမားများရဲ့ချစ်သူ/ဇနီးနှင့်မိသားစုဝင်များဟာကာတာသို့ရောက်ရှိကာဂျာမနီအသင်းကိုအားပေးနေကြပြီးစပိန်နှင့်တစ်ဂိုးစီသရေကျတဲ့ပွဲကိုလည်းလာရောက်ကြည့်ရှုခဲ့ကြပါတယ်။

၎င်းတို့ဟာဒိုဟာအပြင်ဘက်ကာတာမြောက်ပိုင်းရှိ Zulal Wellness Resort သို့အလည်အပတ်သွားရောက်ခဲ့ကြကြောင်းလည်းသိရပါတယ်။

၎င်းတို့ဟာတစ်ညလျှင်ပေါင်၇၀၀မှပေါင်၁၉၀၀၀အတွင်းရှိ ဂျာမနီအသင်းတည်းခိုင်ရာဟိုတယ်သို့သွားရောက်ခဲ့ကြပါတယ်။

ဂျာမနီအသင်းတည်းခိုရာဇိမ်ခံဟိုတယ်သို့သွားရောက်ခဲ့ကြသူများတွင်ကိုင်ဟာဗတ်ဇ်ရဲ့ချစ်သူဆိုဖီယာဝီဘာ၊ဂိုးသမားကီဗင်ထရက်ပ်ရဲ့ချစ်သူအစ်ဇဘယ်ဂူလတ်၊နောက်ခံလူမားသီးယပ်စ်ရဲ့ဇနီးသည်ခရစ္စတီနာဂန်တာလည်းပါဝင်ပါတယ်။

ဂျာမနီအသင်းဟာအုပ်စုအဖွင့်ပွဲတွင်ဂျပန်ကို၂-၁ဖြင့်ရှုံးနိမ့်ပြီးဒုတိယပွဲတွင်စပိန်နှင့်တစ်ဂိုးစီသရေကျထားရာကြာသပတေးနေ့ညတွင်ကစားမယ့်ကော်စတာရီကာနှင့်ပွဲတွင်အနိုင်ရရှိမှသာလျှင်နောက်တဆင့်သို့တက်ရောက်နိုင်ပါမယ်။တဖက်တွင်စပိန်ကလည်းစပိန်ကိုအနိုင်ရရှိရန်လည်းလိုအပ်နေပါတယ်။

ZawGyi

ေကာ္စတာရီကာႏွင့္အဆုံးအျဖတ္ပြဲမတိုင္မီ ခ်စ္သူ/ဇနီးႏွင့္ ႏွစ္ညအတူေနခြင့္ရရွိလာၾကတဲ့ ဂ်ာမနီစတားမ်ား

ဂ်ာမနီကစားသမားမ်ားဟာကမာၻ႔ဖလားရႈံးထြက္အဆင့္သို႔တက္ေရာက္ေရးအဆုံးအျဖတ္ပြဲမတိုင္မီအသင္းတည္းခိုရာဟိုတယ္သို႔ခ်စ္သူ/ဇနီးတို႔အားဖိတ္ေခၚခြင့္ရရွိလာခဲ့ၾကပါတယ္။

Bild ရဲ႕ေဖာ္ျပခ်က္အရဂ်ာမနီကစားသမားမ်ားဟာေကာ္စတာရီကာႏွင့္ကမာၻ႔ဖလားေနာက္တဆင့္တက္ေရးအဆုံးအျဖတ္ပြဲမတိုင္မီႏွစ္ညတိတိအသင္းတည္းခိုရာဇိမ္ခံဟိုတယ္သို႔ခ်စ္သူ/ဇနီးတို႔ႏွင့္အတူ အတူေနခြင့္ရရွိလာၾကေၾကာင္းသိရပါတယ္။

ဂ်ာမနီကစားသမားမ်ားရဲ႕ခ်စ္သူ/ဇနီးႏွင့္မိသားစုဝင္မ်ားဟာကာတာသို႔ေရာက္ရွိကာဂ်ာမနီအသင္းကိုအားေပးေနၾကၿပီးစပိန္ႏွင့္တစ္ဂိုးစီသေရက်တဲ့ပြဲကိုလည္းလာေရာက္ၾကည့္ရႈခဲ့ၾကပါတယ္။

၎တို႔ဟာဒိုဟာအျပင္ဘက္ကာတာေျမာက္ပိုင္းရွိ Zulal Wellness Resort သို႔အလည္အပတ္သြားေရာက္ခဲ့ၾကေၾကာင္းလည္းသိရပါတယ္။

၎တို႔ဟာတစ္ညလွ်င္ေပါင္၇၀၀မွေပါင္၁၉၀၀၀အတြင္းရွိ ဂ်ာမနီအသင္းတည္းခိုင္ရာဟိုတယ္သို႔သြားေရာက္ခဲ့ၾကပါတယ္။

ဂ်ာမနီအသင္းတည္းခိုရာဇိမ္ခံဟိုတယ္သို႔သြားေရာက္ခဲ့ၾကသူမ်ားတြင္ကိုင္ဟာဗတ္ဇ္ရဲ႕ခ်စ္သူဆိုဖီယာဝီဘာ၊ဂိုးသမားကီဗင္ထရက္ပ္ရဲ႕ခ်စ္သူအစ္ဇဘယ္ဂူလတ္၊ေနာက္ခံလူမားသီးယပ္စ္ရဲ႕ဇနီးသည္ခရစၥတီနာဂန္တာလည္းပါဝင္ပါတယ္။

ဂ်ာမနီအသင္းဟာအုပ္စုအဖြင့္ပြဲတြင္ဂ်ပန္ကို၂-၁ျဖင့္ရႈံးနိမ့္ၿပီးဒုတိယပြဲတြင္စပိန္ႏွင့္တစ္ဂိုးစီသေရက်ထားရာၾကာသပေတးေန႔ညတြင္ကစားမယ့္ေကာ္စတာရီကာႏွင့္ပြဲတြင္အႏိုင္ရရွိမွသာလွ်င္ေနာက္တဆင့္သို႔တက္ေရာက္ႏိုင္ပါမယ္။တဖက္တြင္စပိန္ကလည္းစပိန္ကိုအႏိုင္ရရွိရန္လည္းလိုအပ္ေနပါတယ္။