ကော်ဖီစေ့ကိုအသုံးပြုဖန်တီးထားတဲ့ဝတ်စုံကိုဝတ်ဆင်သွားမယ့်ဗြိတိန်ရဲ့အစိမ်းလန်းဆုံးအသင်း Forest Green Rovers

ဗြိတိန်တွင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဓိကထားလုပ်ဆောင်နေတဲ့ဘောလုံးကလပ်ဟာကော်ဖီစေ့ကိုအသုံးပြုဖန်တီးထားတဲ့ဝတ်စုံကိုဝတ်ဆင်ကစားသွားမည်ဖြစ်ကြောင်းသိရပါတယ်။

Forest Green Rovers ကို ၂၀၁၅ခုနှစ်တွင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်စတင်လုပ်ဆောင်လာခဲ့တဲ့ အသင်းဖြစ်ပြီး၎င်းတို့ဟာ၂၀၁၇ခုနှစ်မှာတော့ကမ္ဘာ့အစိမ်းလန်းဆုံးအသင်းအဖြစ်ဖီဖာရဲ့အသိအမှတ်ပြုခြင်းခံခဲ့ရပါတယ်။

၎င်းတို့ဝတ်ဆင်ကစားမယ့်အသင်းဝတ်စုံကိုကော်ဖီစေ့အခြေခံပြုလုပ်ထားတာဖြစ်ပြီးဝတ်စုံမှာပေါ့ပြီးအသက်ရှူရလွယ်ကူစေတဲ့အပြင်လက်ရှိအသုံးပြုနေတဲ့ဝတ်စုံထက်ပိုမိုအကြမ်းခံပါသေးတယ်။

Forest Green Rovers ဟာ သူတို့ရဲ့အသင်းတစ်သင်းလုံးကိုသဘာဝပတ်ဝန်းကျင်မှရရှိတဲ့အရာဖြင့်ဖန်တီးထားပြီး ကွင်းပတ်ဝန်းကျင်တစ်ခုလုံးတွင်လည်းသစ်ပင်ဝါးပင်တို့စိုက်ပျိုးထားပါတယ်။ကွင်းအတွင်းမီးသုံးစွဲမှုကိုလည်းဆိုလာစွမ်းအင်အသုံးပြုနေတဲ့အသင်းဖြစ်ပါတယ်။

မကြာသေးမီတုန်းကအာဆင်နယ်နောက်ခံလူဘယ်လီရန်ဟာ Forest Green Rovers အသင်းမှာရင်းနှီးမြှပ်နှံမှုများပြုလုပ်ပြီးအကူအညီပေးခဲ့ပါသေးတယ်။

ZawGyi

ေကာ္ဖီေစ့ကို အသုံးျပဳဖန္တီးထားတဲ့ဝတ္စုံကို ဝတ္ဆင္သြားမယ့္ၿဗိတိန္ရဲ႕အစိမ္းလန္းဆုံးအသင္း Forest Green Rovers

ၿဗိတိန္တြင္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးအဓိကထားလုပ္ေဆာင္ေနတဲ့ေဘာလုံးကလပ္ဟာေကာ္ဖီေစ့ကိုအသုံးျပဳဖန္တီးထားတဲ့ဝတ္စုံကိုဝတ္ဆင္ကစားသြားမည္ျဖစ္ေၾကာင္းသိရပါတယ္။

Forest Green Rovers ကို ၂၀၁၅ခုႏွစ္တြင္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးအတြက္စတင္လုပ္ေဆာင္လာခဲ့တဲ့ အသင္းျဖစ္ၿပီး၎တို႔ဟာ၂၀၁၇ခုႏွစ္မွာေတာ့ကမာၻ႔အစိမ္းလန္းဆုံးအသင္းအျဖစ္ဖီဖာရဲ႕အသိအမွတ္ျပဳျခင္းခံခဲ့ရပါတယ္။

၎တို႔ဝတ္ဆင္ကစားမယ့္အသင္းဝတ္စုံကိုေကာ္ဖီေစ့အေျခခံျပဳလုပ္ထားတာျဖစ္ၿပီးဝတ္စုံမွာေပါ့ၿပီးအသက္ရႉရလြယ္ကူေစတဲ့အျပင္လက္ရွိအသုံးျပဳေနတဲ့ဝတ္စုံထက္ပိုမိုအၾကမ္းခံပါေသးတယ္။

Forest Green Rovers ဟာ သူတို႔ရဲ႕အသင္းတစ္သင္းလုံးကိုသဘာဝပတ္ဝန္းက်င္မွရရွိတဲ့အရာျဖင့္ဖန္တီးထားၿပီး ကြင္းပတ္ဝန္းက်င္တစ္ခုလုံးတြင္လည္းသစ္ပင္ဝါးပင္တို႔စိုက္ပ်ိဳးထားပါတယ္။ကြင္းအတြင္းမီးသုံးစြဲမႈကိုလည္းဆိုလာစြမ္းအင္အသုံးျပဳေနတဲ့အသင္းျဖစ္ပါတယ္။

မၾကာေသးမီတုန္းကအာဆင္နယ္ေနာက္ခံလူဘယ္လီရန္ဟာ Forest Green Rovers အသင္းမွာရင္းႏွီးျမႇပ္ႏွံမႈမ်ားျပဳလုပ္ၿပီးအကူအညီေပးခဲ့ပါေသးတယ္။