ကံကောင်းထောက်မပြီး အင်္ဂလန်အသင်းမှာ ရွေးချယ်ခြင်းခံရတာလို့ ဆောက်ဂိတ်ရဲ့ပြောကြားခြင်းခံရတဲ့ ဆန်ချို

ဂါရတ်ဆောက်ဂိတ်ကဂျာဒွန်ဆန်ချိုမှာအင်္ဂလန်အသင်းတွင်ကံကောင်းထောက်မစွာရွေးချယ်ခံရခြင်းဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။

အင်္ဂလန်နည်းပြဆောက်ဂိတ်ဟာအန်ဒိုရာ၊ဟန်ဂေရီတို့နှင့်ရင်ဆိုင်ကစားရမယ့်လာမယ့်၂၀၂၂ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက်အင်္ဂလန်လူစာရင်းထုတ်ပြန်ခဲ့ရာတွင် မန်ယူတွင် ခြေစွမ်းပြကစားနေတဲ့မေဆင်ဂရင်းဝုဒ်ကိုလည်းကောင်း၊ဒေါ့မွန်ကွင်းလယ်ကစားသမားဘယ်လင်ဂမ်ကိုလည်းကောင်းချန်လှပ်ကာဆန်ချိုကိုရွေးချယ်ခဲ့ပါတယ်။

နွေရာသီတွင်ဒေါ့မွန်မှပေါင်၇၃သန်းဖြင့်ပြောင်းလာတဲ့ဆန်ချိုဟာယခုရာသီတွင်မန်ယူအတွက်ထူးထူးခြားခြားလုပ်ပြနိုင်ခြင်းမရှိပါဘူး။

ဆောက်ဂိတ်က “ပြီးခဲ့တဲ့ရက်သတ္တပတ်တွေကသူ့ခြေစွမ်းအရဆိုရင်ရွေးချယ်ခံရဖို့ထိုက်တန်ပါသလား။လုံးဝရွေးချယ်ခံရစရာအကြောင်းမရှိပါဘူး။ဒါပေမယ့်ကျွန်တော်တို့ဟာသူ့အပေါ်မှာအချိန်တွေအများကြီးရင်းနှီးမြှပ်နှံမှုလုပ်လာခဲ့ကြပါတယ်။သူဟာထိပ်တန်းအဆင့်မှာရှိနေသေးတယ်လို့ယုံကြည်ပါတယ်။မန်ယူမှာဖြစ်ပျက်နေတာနဲ့ပတ်သက်ပြီးသူနဲ့စကားပြောချင်တယ်။ကစားသမားတစ်ဦးချင်စီတိုင်းကိုသင့်တော်တဲ့အချိန်မှာမှန်ကန်စွာဆုံးဖြတ်နိုင်ဖို့ကူညီနေပါတယ်။တစ်ခါတစ်လေကစားသမားအချို့ကို ချန်လှပ်ရတယ်။ဒါမှသူတို့လည်းတုံ့ပြန်လာပါမယ်။ဂျာဒွန်ကကျွန်တော်တို့နဲ့ရှိနေဖို့အရမ်းအရေးကြီးတယ်လို့ထင်ပါတယ်။ဘွန်ဒက်စ်လီဂါကကွဲပြားပါတယ်။ဒေါ့မွန်ကကလပ်ကြီးတစ်ခုပါ။ဒါပေမယ့်မန်ယူကကမ္ဘာ့အကြီးကျယ်ဆုံးကလပ်တွေထဲကတစ်ခုပါ။လိဂ်တစ်ခုမှာအံဝင်ဖို့အချိန်ယူရပါတယ်။ဘွန်ဒက်စ်လီဂါမှာလိုသူဟာပရီးမီးယားလိဂ်မှာဖန်တီးမှုမရှိသေးသလိုဂိုးလည်းမသွင်းနိုင်သေးပါဘူး”လို့ပြောကြားသွားပါတယ်။

အင်္ဂလန်နည်းပြဆောက်ဂိတ်ဟာလာမယ့်ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက်၂၀၁၉ခုနှစ်နောက်ပိုင်းတွင်အင်္ဂလန်အသင်းနှင့်ဝေးကွာလာခဲ့တဲ့အေစီမီလန်နောက်ခံလူဖီကာယီကိုလည်းရွေးချယ်ခဲ့ပါတယ်။

အင်္ဂလန်ဟာလာမယ့်စနေနေ့မှာအန်ဒိုရာကိုအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ပြီးသုံးရက်အကြာတွင်ဟန်ဂေရီကိုဧည့်ခံကစားရပါမယ်။

ZawGyi

ကံေကာင္းေထာက္မၿပီး အဂၤလန္အသင္းမွာ ေ႐ြးခ်ယ္ျခင္းခံရတာလို႔ ေဆာက္ဂိတ္ရဲ႕ေျပာၾကားျခင္းခံရတဲ့ ဆန္ခ်ိဳ

ဂါရတ္ေဆာက္ဂိတ္ကဂ်ာဒြန္ဆန္ခ်ိဳမွာအဂၤလန္အသင္းတြင္ကံေကာင္းေထာက္မစြာေ႐ြးခ်ယ္ခံရျခင္းျဖစ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

အဂၤလန္နည္းျပေဆာက္ဂိတ္ဟာအန္ဒိုရာ၊ဟန္ေဂရီတို႔ႏွင့္ရင္ဆိုင္ကစားရမယ့္လာမယ့္၂၀၂၂ကမာၻ႔ဖလားေျခစစ္ပြဲအတြက္အဂၤလန္လူစာရင္းထုတ္ျပန္ခဲ့ရာတြင္ မန္ယူတြင္ ေျခစြမ္းျပကစားေနတဲ့ေမဆင္ဂရင္းဝုဒ္ကိုလည္းေကာင္း၊ေဒါ့မြန္ကြင္းလယ္ကစားသမားဘယ္လင္ဂမ္ကိုလည္းေကာင္းခ်န္လွပ္ကာဆန္ခ်ိဳကိုေ႐ြးခ်ယ္ခဲ့ပါတယ္။

ေႏြရာသီတြင္ေဒါ့မြန္မွေပါင္၇၃သန္းျဖင့္ေျပာင္းလာတဲ့ဆန္ခ်ိဳဟာယခုရာသီတြင္မန္ယူအတြက္ထူးထူးျခားျခားလုပ္ျပႏိုင္ျခင္းမရွိပါဘူး။

ေဆာက္ဂိတ္က “ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြကသူ႔ေျခစြမ္းအရဆိုရင္ေ႐ြးခ်ယ္ခံရဖို႔ထိုက္တန္ပါသလား။လုံးဝေ႐ြးခ်ယ္ခံရစရာအေၾကာင္းမရွိပါဘူး။ဒါေပမယ့္ကြၽန္ေတာ္တို႔ဟာသူ႔အေပၚမွာအခ်ိန္ေတြအမ်ားႀကီးရင္းႏွီးျမႇပ္ႏွံမႈလုပ္လာခဲ့ၾကပါတယ္။သူဟာထိပ္တန္းအဆင့္မွာရွိေနေသးတယ္လို႔ယုံၾကည္ပါတယ္။မန္ယူမွာျဖစ္ပ်က္ေနတာနဲ႔ပတ္သက္ၿပီးသူနဲ႔စကားေျပာခ်င္တယ္။ကစားသမားတစ္ဦးခ်င္စီတိုင္းကိုသင့္ေတာ္တဲ့အခ်ိန္မွာမွန္ကန္စြာဆုံးျဖတ္ႏိုင္ဖို႔ကူညီေနပါတယ္။တစ္ခါတစ္ေလကစားသမားအခ်ိဳ႕ကို ခ်န္လွပ္ရတယ္။ဒါမွသူတို႔လည္းတုံ႔ျပန္လာပါမယ္။ဂ်ာဒြန္ကကြၽန္ေတာ္တို႔နဲ႔ရွိေနဖို႔အရမ္းအေရးႀကီးတယ္လို႔ထင္ပါတယ္။ဘြန္ဒက္စ္လီဂါကကြဲျပားပါတယ္။ေဒါ့မြန္ကကလပ္ႀကီးတစ္ခုပါ။ဒါေပမယ့္မန္ယူကကမာၻ႔အႀကီးက်ယ္ဆုံးကလပ္ေတြထဲကတစ္ခုပါ။လိဂ္တစ္ခုမွာအံဝင္ဖို႔အခ်ိန္ယူရပါတယ္။ဘြန္ဒက္စ္လီဂါမွာလိုသူဟာပရီးမီးယားလိဂ္မွာဖန္တီးမႈမရွိေသးသလိုဂိုးလည္းမသြင္းႏိုင္ေသးပါဘူး”လို႔ေျပာၾကားသြားပါတယ္။

အဂၤလန္နည္းျပေဆာက္ဂိတ္ဟာလာမယ့္ကမာၻ႔ဖလားေျခစစ္ပြဲအတြက္၂၀၁၉ခုႏွစ္ေနာက္ပိုင္းတြင္အဂၤလန္အသင္းႏွင့္ေဝးကြာလာခဲ့တဲ့ေအစီမီလန္ေနာက္ခံလူဖီကာယီကိုလည္းေ႐ြးခ်ယ္ခဲ့ပါတယ္။

အဂၤလန္ဟာလာမယ့္စေနေန႔မွာအန္ဒိုရာကိုအေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ၿပီးသုံးရက္အၾကာတြင္ဟန္ေဂရီကိုဧည့္ခံကစားရပါမယ္။