ကံကောင်းအောင် ပွဲမတိုင်မီ ကစားဖော်ရဲ့ပစ္စည်းကို ကိုင်လေ့ရှိတဲ့ ဂတ်စ်ကွိုင်နီ

ပေါလ်ဂတ်စ်ကွိုင်နီကပွဲမတိုင်မီကံကောင်းစေရန်အတွက်အဝတ်အစားလဲခန်းအတွင်းတွင်လက်စ်ဖာဒီနန်ရဲ့ပစ္စည်းကိုကိုင်လေ့ရှိကြောင်းဖွင့်ဟလာပါတယ်။

အသက်၅၅နှစ်ရှိအင်္ဂလန်ဂန္ထဝင်ကွင်းလယ်ကစားသမားဟာနယူးကာဆယ်တွင်ကျင်းပတဲ့ ‘Evening with Gazza’အစီအစဉ်တွင်အထက်ပါအတိုင်းဖွင့်ဟလာခဲ့တာလည်းဖြစ်ပါတယ်။

သူဟာအဝတ်အစားလဲခန်းအတွင်းတွင်လက်စ်ဖာဒီနန်ရဲ့ပစ္စည်းကိုတွေ့ရှိပြီးနောက်ပိုင်းတွင်ကစားဖော်ရဲ့ပစ္စည်းကိုပွဲမတိုင်မီထိလေ့ရှိတာလည်းဖြစ်ပါတယ်။

ဂတ်စ်ကွိုင်နီက “ကျိန်ပြောရဲတယ်။သူ့အဝတ်တွေချွတ်လိုက်တော့သူ့ပစ္စည်းအရွယ်အစားကြည့်ပြီးလန့်သွားတယ်။သူ့ကြောင့်ကိုယ့်ကိုယ်ကိုအရမ်းသေးသလိုခံစားသွားရတယ်”လို့ပြောကြားသွားပါတယ်။

ယင်းနောက်ပိုင်းမှာတော့ဂတ်စ်ကွိုင်နီဟာနယူးကာဆယ်နှင့်စပါးစ်တိုက်စစ်မှူးကိုချဉ်းကပ်ပါတော့တယ်။

၎င်းက “သူ့ဆီသွားပြီး ‘လက်စ်ရေဒါကြီးကိုင်ခွင့်ပေးပါကွာ’လို့ပြောလိုက်တယ်။ကိုင်ကြည့်လိုက်တော့လက်တစ်ဆုပ်စာကြီး”လို့ပြောကြားသွားပါတယ်။

နောက်ပိုင်းမှာတော့ဂတ်စ်ကွိုင်နီဟာပွဲမတိုင်မီကံကောင်းစေရန်အတွက်လက်စ်ဖာဒီနန်ရဲ့ပစ္စည်းကိုကိုင်ပါတော့တယ်။

၎င်းက “နောက်ပွဲကဝင်ဘာလေမှာ။ကျုပ်က ‘လက်စ်ရေ ကိုင်ပါရစေဦး’လို့ပြောတယ်။နောက်ပိုင်းအင်္ဂလန်အတွက်ကျွန်တော်တို့ကစားရတိုင်း လက်စ်က ‘လာကွာမြန်မြန်ကိုင်ဂါဇာ’လို့ပြောလေ့ရှိတယ်”လို့ပြောကြားသွားပါတယ်။

ဂတ်စ်ကွိုင်နီဟာလက်စ်ဖာဒီနန်နှင့်အင်္ဂလန်အသင်းတွင်၁၉၉၃မှ၁၉၉၈ခုနှစ်အထိငါးနှစ်ကြာအတူတွဲကစားခဲ့ကြပါတယ်။၎င်းတို့နှစ်ဦးဟာအင်္ဂလန်အသင်းအတွက်၁၂ပွဲအတူတူကစားခဲ့ကြပြီးစုစုပေါင်း၅ဂိုးသွင်းခဲ့ကြပါတယ်။

ဒါပေမဲ့လက်စ်ဖာဒီနန်ကတော့ဂတ်စ်ကွိုင်နီရဲ့ပြောကြားမှုကိုငြင်းဆိုလိုက်ပါတယ်။

ဖာဒီနန်က “ဘယ်ကလာဗျာ။အဓိပ္ပါယ်မရှိတာ။ဒါမျိုးဘယ်တုန်းကမှမဖြစ်ခဲ့ပါဘူး။သူပြောတာကဖြစ်နိုင်ခြေကိုမရှိတာ”လို့ပြောကြားသွားပါတယ်။

ZawGyi

ကံေကာင္းေအာင္ ပြဲမတိုင္မီ ကစားေဖာ္ရဲ႕ပစၥည္းကို ကိုင္ေလ့ရွိတဲ့ ဂတ္စ္ကြိဳင္နီ

ေပါလ္ဂတ္စ္ကြိဳင္နီကပြဲမတိုင္မီကံေကာင္းေစရန္အတြက္အဝတ္အစားလဲခန္းအတြင္းတြင္လက္စ္ဖာဒီနန္ရဲ႕ပစၥည္းကိုကိုင္ေလ့ရွိေၾကာင္းဖြင့္ဟလာပါတယ္။

အသက္၅၅ႏွစ္ရွိအဂၤလန္ဂႏၴဝင္ကြင္းလယ္ကစားသမားဟာနယူးကာဆယ္တြင္က်င္းပတဲ့ ‘Evening with Gazza’အစီအစဥ္တြင္အထက္ပါအတိုင္းဖြင့္ဟလာခဲ့တာလည္းျဖစ္ပါတယ္။

သူဟာအဝတ္အစားလဲခန္းအတြင္းတြင္လက္စ္ဖာဒီနန္ရဲ႕ပစၥည္းကိုေတြ႕ရွိၿပီးေနာက္ပိုင္းတြင္ကစားေဖာ္ရဲ႕ပစၥည္းကိုပြဲမတိုင္မီထိေလ့ရွိတာလည္းျဖစ္ပါတယ္။

ဂတ္စ္ကြိဳင္နီက “က်ိန္ေျပာရဲတယ္။သူ႔အဝတ္ေတြခြၽတ္လိုက္ေတာ့သူ႔ပစၥည္းအ႐ြယ္အစားၾကည့္ၿပီးလန႔္သြားတယ္။သူ႔ေၾကာင့္ကိုယ့္ကိုယ္ကိုအရမ္းေသးသလိုခံစားသြားရတယ္”လို႔ေျပာၾကားသြားပါတယ္။

ယင္းေနာက္ပိုင္းမွာေတာ့ဂတ္စ္ကြိဳင္နီဟာနယူးကာဆယ္ႏွင့္စပါးစ္တိုက္စစ္မႉးကိုခ်ဥ္းကပ္ပါေတာ့တယ္။

၎က “သူ႔ဆီသြားၿပီး ‘လက္စ္ေရဒါႀကီးကိုင္ခြင့္ေပးပါကြာ’လို႔ေျပာလိုက္တယ္။ကိုင္ၾကည့္လိုက္ေတာ့လက္တစ္ဆုပ္စာႀကီး”လို႔ေျပာၾကားသြားပါတယ္။

ေနာက္ပိုင္းမွာေတာ့ဂတ္စ္ကြိဳင္နီဟာပြဲမတိုင္မီကံေကာင္းေစရန္အတြက္လက္စ္ဖာဒီနန္ရဲ႕ပစၥည္းကိုကိုင္ပါေတာ့တယ္။

၎က “ေနာက္ပြဲကဝင္ဘာေလမွာ။က်ဳပ္က ‘လက္စ္ေရ ကိုင္ပါရေစဦး’လို႔ေျပာတယ္။ေနာက္ပိုင္းအဂၤလန္အတြက္ကြၽန္ေတာ္တို႔ကစားရတိုင္း လက္စ္က ‘လာကြာျမန္ျမန္ကိုင္ဂါဇာ’လို႔ေျပာေလ့ရွိတယ္”လို႔ေျပာၾကားသြားပါတယ္။

ဂတ္စ္ကြိဳင္နီဟာလက္စ္ဖာဒီနန္ႏွင့္အဂၤလန္အသင္းတြင္၁၉၉၃မွ၁၉၉၈ခုႏွစ္အထိငါးႏွစ္ၾကာအတူတြဲကစားခဲ့ၾကပါတယ္။၎တို႔ႏွစ္ဦးဟာအဂၤလန္အသင္းအတြက္၁၂ပြဲအတူတူကစားခဲ့ၾကၿပီးစုစုေပါင္း၅ဂိုးသြင္းခဲ့ၾကပါတယ္။

ဒါေပမဲ့လက္စ္ဖာဒီနန္ကေတာ့ဂတ္စ္ကြိဳင္နီရဲ႕ေျပာၾကားမႈကိုျငင္းဆိုလိုက္ပါတယ္။

ဖာဒီနန္က “ဘယ္ကလာဗ်ာ။အဓိပၸါယ္မရွိတာ။ဒါမ်ိဳးဘယ္တုန္းကမွမျဖစ္ခဲ့ပါဘူး။သူေျပာတာကျဖစ္ႏိုင္ေျခကိုမရွိတာ”လို႔ေျပာၾကားသြားပါတယ္။