ကျန်းမာရေးကောင်းမွန်နေပြီဖြစ်တဲ့ နှစ်ကူး မီးရှူးဆိုးဆိုးရွားပေါက်မှုကြောင့် ဆေးရုံ ရောက်ခဲ့တဲ့ ဂါလာတာစာရေး စတား

ဂါလာတာစာရေးစတားအိုမာအလက်ဒယ်လူဝီကနှစ်သစ်ကူးနေ့တွင်မီးရှူးပေါက်ကွဲမှုကြောင့်ဆေးရုံတွင်စိုးရိမ်အနေအထားဖြင့်အရေးပေါ်တက်ရောက်ကုသခဲ့ရရာမှပြန်လည်သက်သာကောင်းမွန်လာပြီဖြစ်ကြောင်းပြောကြားလာပါတယ်။

အသက်၂၉နှစ်ရှိနော်ဝေလက်ရွေးစင်နောက်တန်းအစွန်လူဟာနှစ်သစ်ကူးနေ့တုန်းကမိသားစုနှင့်အတူရှိနေစဉ် မီးရှူးပေါက်ရန်ကြိုးပမ်းခဲ့ပြီးမီးရှူးမှာလက်အတွင်းတွင်ပင်ပေါက်ကွဲခဲ့ပြီးမျက်လုံးဒဏ်ရာရရှိခဲ့ကာတစ်ဘဝလုံး အမြင်အာရုံမရှိဘဲနေရမယ့်အထိစိုးရိမ်ခဲ့ရပါတယ်။

ဒါပေမယ့်မန်စီးတီးနှင့်ဟားလ်စီးတီးနောက်ခံလူဟောင်းရဲ့ကျန်းမာရေးအခြေအနေမှာ တစစတိုးတက်ကောင်းမွန် လျက်ရှိပြီးယခင်ကထက်ပိုမိုကောင်းမွန်တဲ့ပုံစံမျိုးဖြင့်ပြန်လာမှာဖြစ်ကြောင်းကတိပြုလာပါတယ်။

၎င်းက “အားလုံးလည်းသိပြီးတဲ့အတိုင်းနှစ်ကူးနေ့မှာကျွန်တော် မတော်တဆမှုဖြစ်ခဲ့တယ်။ကျွန်တော့်ကလေး တွေ၊ဇနီး နဲ့ပျော်စရာအချိန်လေးရခဲ့ချင်ရုံပါ။ဒါပေမယ့်မတော်တဆမှုဖြစ်ခဲ့ပါတယ်။ကျွန်တော့်အတွက်အားလုံး စိုးရိမ်ခဲ့ကြပါလိမ့်မယ်။ဒါပေမယ့်တစ်ခါတစ်လေဘုရားသခင်ကကျွန်တော်တို့ကိုစမ်းသပ်မှုပြုလုပ်ပါတယ်။ဒီစမ်းသပ်မှုကိုကျော်ဖြတ်နိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်။ဆုတောင်းပေးကြတဲ့သူတွေအားလုံးကိုကျေးဇူးတင်ပါတယ်”လို့ အင်စတာဂရမ်အကောင့်မှာရေးသားသွားပါတယ်။

နော်ဝေအသင်းရဲ့ဒုတိယအသင်းခေါင်းဆောင်ဟာပြီးခဲ့တဲ့နွေရာသီတွင်မှအိုလံပီယာကို့စ်မှဂါလာတာစာရေးသို့ ရောက်လာခဲ့သူဖြစ်ပြီးယခုရာသီအစတုန်းကလည်းကိုဗစ်ကူးစက်မှုခံရ၍ပွဲအချို့ကိုလွဲချော်ခဲ့သူဖြစ်ပါတယ်။

ZawGyi

က်န္းမာေရးေကာင္းမြန္ေနၿပီျဖစ္တဲ့ ႏွစ္ကူး မီးရႉးဆိုးဆိုး႐ြားေပါက္မႈေၾကာင့္ ေဆး႐ုံ ေရာက္ခဲ့တဲ့ ဂါလာတာစာေရး စတား

ဂါလာတာစာေရးစတားအိုမာအလက္ဒယ္လူဝီကႏွစ္သစ္ကူးေန႔တြင္မီးရႉးေပါက္ကြဲမႈေၾကာင့္ေဆး႐ုံတြင္စိုးရိမ္အေနအထားျဖင့္အေရးေပၚတက္ေရာက္ကုသခဲ့ရရာမွျပန္လည္သက္သာေကာင္းမြန္လာၿပီျဖစ္ေၾကာင္းေျပာၾကားလာပါတယ္။

အသက္၂၉ႏွစ္ရွိေနာ္ေဝလက္ေ႐ြးစင္ေနာက္တန္းအစြန္လူဟာႏွစ္သစ္ကူးေန႔တုန္းကမိသားစုႏွင့္အတူရွိေနစဥ္ မီးရႉးေပါက္ရန္ႀကိဳးပမ္းခဲ့ၿပီးမီးရႉးမွာလက္အတြင္းတြင္ပင္ေပါက္ကြဲခဲ့ၿပီးမ်က္လုံးဒဏ္ရာရရွိခဲ့ကာတစ္ဘဝလုံး အျမင္အာ႐ုံမရွိဘဲေနရမယ့္အထိစိုးရိမ္ခဲ့ရပါတယ္။

ဒါေပမယ့္မန္စီးတီးႏွင့္ဟားလ္စီးတီးေနာက္ခံလူေဟာင္းရဲ႕က်န္းမာေရးအေျခအေနမွာ တစစတိုးတက္ေကာင္းမြန္ လ်က္ရွိၿပီးယခင္ကထက္ပိုမိုေကာင္းမြန္တဲ့ပုံစံမ်ိဳးျဖင့္ျပန္လာမွာျဖစ္ေၾကာင္းကတိျပဳလာပါတယ္။

၎က “အားလုံးလည္းသိၿပီးတဲ့အတိုင္းႏွစ္ကူးေန႔မွာကြၽန္ေတာ္ မေတာ္တဆမႈျဖစ္ခဲ့တယ္။ကြၽန္ေတာ့္ကေလး ေတြ၊ဇနီး နဲ႔ေပ်ာ္စရာအခ်ိန္ေလးရခဲ့ခ်င္႐ုံပါ။ဒါေပမယ့္မေတာ္တဆမႈျဖစ္ခဲ့ပါတယ္။ကြၽန္ေတာ့္အတြက္အားလုံး စိုးရိမ္ခဲ့ၾကပါလိမ့္မယ္။ဒါေပမယ့္တစ္ခါတစ္ေလဘုရားသခင္ကကြၽန္ေတာ္တို႔ကိုစမ္းသပ္မႈျပဳလုပ္ပါတယ္။ဒီစမ္းသပ္မႈကိုေက်ာ္ျဖတ္ႏိုင္လိမ့္မယ္လို႔ယုံၾကည္ပါတယ္။ဆုေတာင္းေပးၾကတဲ့သူေတြအားလုံးကိုေက်းဇူးတင္ပါတယ္”လို႔ အင္စတာဂရမ္အေကာင့္မွာေရးသားသြားပါတယ္။

ေနာ္ေဝအသင္းရဲ႕ဒုတိယအသင္းေခါင္းေဆာင္ဟာၿပီးခဲ့တဲ့ေႏြရာသီတြင္မွအိုလံပီယာကို႔စ္မွဂါလာတာစာေရးသို႔ ေရာက္လာခဲ့သူျဖစ္ၿပီးယခုရာသီအစတုန္းကလည္းကိုဗစ္ကူးစက္မႈခံရ၍ပြဲအခ်ိဳ႕ကိုလြဲေခ်ာ္ခဲ့သူျဖစ္ပါတယ္။