ကျိန်စာသင့် စံချိန်ဟောင်းတစ်ခုကို လိုက်မီသွားခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်ပရိသတ်များဟာတနင်္ဂနွေနေ့တုန်းကလီဗာပူးကိုအနိုင်ရရှိပြီးတဲ့နောက်အိပ်မက်ကျွန်းသို့ရောက်ရှိနေပါတယ်။

အာဆင်နယ်ဟာပရီးမီးယားလိဂ်ပွဲ၉ပွဲမှာ၈ပွဲအနိုင်ရရှိထားပါတယ်။ဒါပေမဲ့နောက်ပိုင်းသမိုင်းအစဉ်အလာအရရာသီအစတာထွက်ကောင်းမွန်နေမှုက မကောင်းတဲ့နမိတ်တစ်ခုဖြစ်နေတာလည်းတွေ့ရပါတယ်။

အာဆင်နယ်ဟာသမိုင်းတွင်ပရီးမီးယားလိဂ်အဖွင့်ပွဲ၉ပွဲတွင်၈ပွဲအနိုင်ရရှိမှု ၄ကြိမ်အထိပိုင်ဆိုင်ထားပါတယ်။

အာဆင်နယ်ဟာအာစင်ဝင်းဂါးလက်ထက်တုန်းက၂၀၀၄-၀၅ရာသီနှင့်၂၀၀၇-၀၈ရာသီတို့မှာအဖွင့်ပွဲ၉ပွဲမှာ၈ပွဲအနိုင်ရခဲ့တာကတော့ နောက်ဆုံးနှစ်ကြိမ် အနိုင်ရခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့စိတ်ပျက်စရာကောင်းတာကတော့ အာဆင်နယ်ဟာအဖွင့်ပွဲ၉မှာ၈ပွဲအနိုင်ရတဲ့ယင်းနှစ်ကြိမ်လုံး ပရီးမီးယားလိဂ်ဖလားမဆွတ်ခူးနိုင်ခဲ့ပါဘူး။

အာဆင်နယ်ဟာယင်းမတိုင်မီ၁၉၄၇-၄၈ရာသီတုန်းကအဖွင့်ပွဲ၉ပွဲမှာ၈ပွဲအနိုင်ရတုန်းကတော့ပထမတန်းဖလားဆွတ်ခူးခဲ့ပါတယ်။

ဒါပေမဲ့နောက်ဆုံးနှစ်ကြိမ်ဝင်းဂါးလက်ထက်တုန်းကအဖွင့်ပွဲ၉ပွဲမှာ၈ပွဲအနိုင်ရတုန်းကတော့ ခါးသီးခဲ့ပါတယ်။

၂၀၀၄-၀၅ရာသီမှာတော့အာဆင်နယ်ဟာချန်ပီယံချဲလ်ဆီးနှင့်ရမှတ်၁၂မှတ်အထိကွာဟပြီးဒုတိယဖြင့်သာကျေနပ်ခဲ့ရပါတယ်။အာဆင်နယ်ဟာယင်းရာသီတုန်းကအဖွင့်ပွဲ၉ပွဲမှာ၈ပွဲအနိုင်ရပြီးတဲ့နောက်၁၀ပွဲမြောက်ပွဲဖြစ်တဲ့ယူနိုက်တက်ကိုရှုံးနိမ့်ခဲ့ပါတယ်။

ယင်းရှုံးပွဲကြောင့်အာဆင်နယ်ဟာလည်းပရီးမီးယားလိဂ်တွင်၄၉ပွဲဆက်ရှုံးပွဲမရှိမှတ်တမ်းလည်းအဆုံးသတ်သွားခဲ့ပါတယ်။

နောက်သုံးနှစ်အကြာမှာအာဆင်နယ်ဟာယင်းစံချိန်ဟောင်းမျိုးထပ်မံရရှိခဲ့ပြန်ပါတယ်။

၂၀၀၇-၀၈ရာသီမှာဝင်းဂါးရဲ့အာဆင်နယ်ဟာပရီးမီးယားလိဂ်အဖွင့်ပွဲ၉ပွဲမှာ၈ပွဲအနိုင်ရရှိပြီးတဲ့နောက်လီဗာပူးနှင့်ယူနိုက်တက်တို့ကိုဆက်တိုက်သရေကျခဲ့ပါတယ်။

ယင်းရာသီမှာအာဆင်နယ်ဟာချန်ပီယံယူနိုက်တက်နှင့်၄မှတ်ကွာဟပြီးဒုတိယနေရာမှာချဲလ်ဆီးနှင့်၂မှတ်ကွာဟကာတတိယနေရာမှာသာရပ်တည်ခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ်အာဆင်နယ်အနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမစတင်မီအနိုင်ရနိုင်ခြေများတဲ့လိဒ်၊ဆောက်သမ်တန်၊နော်တင်ဟမ်ဖောရက်စ်တို့နဲ့ရင်ဆိုင်ရမှာဖြစ်လို့အစဉ်အလာဆိုးကိုရပ်တန့်နိုင်မယ့်မျှော်လင့်ချက်ကောင်းရှိနေပါတယ်။

ZawGyi

က်ိန္စာသင့္ စံခ်ိန္ေဟာင္းတစ္ခုကို လိုက္မီသြားခဲ့တဲ့ အာဆင္နယ္

အာဆင္နယ္ပရိသတ္မ်ားဟာတနဂၤေႏြေန႔တုန္းကလီဗာပူးကိုအႏိုင္ရရွိၿပီးတဲ့ေနာက္အိပ္မက္ကြၽန္းသို႔ေရာက္ရွိေနပါတယ္။

အာဆင္နယ္ဟာပရီးမီးယားလိဂ္ပြဲ၉ပြဲမွာ၈ပြဲအႏိုင္ရရွိထားပါတယ္။ဒါေပမဲ့ေနာက္ပိုင္းသမိုင္းအစဥ္အလာအရရာသီအစတာထြက္ေကာင္းမြန္ေနမႈက မေကာင္းတဲ့နမိတ္တစ္ခုျဖစ္ေနတာလည္းေတြ႕ရပါတယ္။

အာဆင္နယ္ဟာသမိုင္းတြင္ပရီးမီးယားလိဂ္အဖြင့္ပြဲ၉ပြဲတြင္၈ပြဲအႏိုင္ရရွိမႈ ၄ႀကိမ္အထိပိုင္ဆိုင္ထားပါတယ္။

အာဆင္နယ္ဟာအာစင္ဝင္းဂါးလက္ထက္တုန္းက၂၀၀၄-၀၅ရာသီႏွင့္၂၀၀၇-၀၈ရာသီတို႔မွာအဖြင့္ပြဲ၉ပြဲမွာ၈ပြဲအႏိုင္ရခဲ့တာကေတာ့ ေနာက္ဆုံးႏွစ္ႀကိမ္ အႏိုင္ရခဲ့တာျဖစ္ပါတယ္။ဒါေပမဲ့စိတ္ပ်က္စရာေကာင္းတာကေတာ့ အာဆင္နယ္ဟာအဖြင့္ပြဲ၉မွာ၈ပြဲအႏိုင္ရတဲ့ယင္းႏွစ္ႀကိမ္လုံး ပရီးမီးယားလိဂ္ဖလားမဆြတ္ခူးႏိုင္ခဲ့ပါဘူး။

အာဆင္နယ္ဟာယင္းမတိုင္မီ၁၉၄၇-၄၈ရာသီတုန္းကအဖြင့္ပြဲ၉ပြဲမွာ၈ပြဲအႏိုင္ရတုန္းကေတာ့ပထမတန္းဖလားဆြတ္ခူးခဲ့ပါတယ္။

ဒါေပမဲ့ေနာက္ဆုံးႏွစ္ႀကိမ္ဝင္းဂါးလက္ထက္တုန္းကအဖြင့္ပြဲ၉ပြဲမွာ၈ပြဲအႏိုင္ရတုန္းကေတာ့ ခါးသီးခဲ့ပါတယ္။

၂၀၀၄-၀၅ရာသီမွာေတာ့အာဆင္နယ္ဟာခ်န္ပီယံခ်ဲလ္ဆီးႏွင့္ရမွတ္၁၂မွတ္အထိကြာဟၿပီးဒုတိယျဖင့္သာေက်နပ္ခဲ့ရပါတယ္။အာဆင္နယ္ဟာယင္းရာသီတုန္းကအဖြင့္ပြဲ၉ပြဲမွာ၈ပြဲအႏိုင္ရၿပီးတဲ့ေနာက္၁၀ပြဲေျမာက္ပြဲျဖစ္တဲ့ယူႏိုက္တက္ကိုရႈံးနိမ့္ခဲ့ပါတယ္။

ယင္းရႈံးပြဲေၾကာင့္အာဆင္နယ္ဟာလည္းပရီးမီးယားလိဂ္တြင္၄၉ပြဲဆက္ရႈံးပြဲမရွိမွတ္တမ္းလည္းအဆုံးသတ္သြားခဲ့ပါတယ္။

ေနာက္သုံးႏွစ္အၾကာမွာအာဆင္နယ္ဟာယင္းစံခ်ိန္ေဟာင္းမ်ိဳးထပ္မံရရွိခဲ့ျပန္ပါတယ္။

၂၀၀၇-၀၈ရာသီမွာဝင္းဂါးရဲ႕အာဆင္နယ္ဟာပရီးမီးယားလိဂ္အဖြင့္ပြဲ၉ပြဲမွာ၈ပြဲအႏိုင္ရရွိၿပီးတဲ့ေနာက္လီဗာပူးႏွင့္ယူႏိုက္တက္တို႔ကိုဆက္တိုက္သေရက်ခဲ့ပါတယ္။

ယင္းရာသီမွာအာဆင္နယ္ဟာခ်န္ပီယံယူႏိုက္တက္ႏွင့္၄မွတ္ကြာဟၿပီးဒုတိယေနရာမွာခ်ဲလ္ဆီးႏွင့္၂မွတ္ကြာဟကာတတိယေနရာမွာသာရပ္တည္ခဲ့ပါတယ္။

ဘာပဲျဖစ္ျဖစ္အာဆင္နယ္အေနနဲ႔ ကမာၻ႔ဖလားၿပိဳင္ပြဲမစတင္မီအႏိုင္ရႏိုင္ေျခမ်ားတဲ့လိဒ္၊ေဆာက္သမ္တန္၊ေနာ္တင္ဟမ္ေဖာရက္စ္တို႔နဲ႔ရင္ဆိုင္ရမွာျဖစ္လို႔အစဥ္အလာဆိုးကိုရပ္တန႔္ႏိုင္မယ့္ေမွ်ာ္လင့္ခ်က္ေကာင္းရွိေနပါတယ္။