ကျူပီအာပွဲကိုကြည့်ကာ ကိုဗစ်စည်းမျဉ်းချိုးဖောက်ခဲ့တဲ့ ပဲလေ့စ်စတားအီဇီးကို အက်ဖ်အေစစ်ဆေးနေ

အက်အေဟာစနေနေ့တုန်းကကျူပီအာရဲ့ဖူလ်ဟမ်နှင့်အက်ဖ်အေဖလားပွဲစဉ်ကိုသွားရောက်ကြည့်ရှုခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်စတားအီဘရီချီအီဇီးရဲ့ဖြစ်ရပ်ကိုစစ်ဆေးမှုများပြုလုပ်နေပါတယ်။

ကျူပီအာကသူတို့ရဲ့ပွဲကိုတက်ရောက်ကြည့်ဖို့အီဇီးကိုဖိတ်ကြားခဲ့ပြီးယင်းကိုအက်ဖ်အေကလည်းဖွင့်ပြုခဲ့ ကြောင်း ဆိုထားပါတယ်။ဒါပေမယ့်အက်ဖ်အေကတော့ခွင့်ပြုချက်ပေးခဲ့ခြင်းမရှိကြောင်းဆိုထားပါတယ်။

အလယ်တန်းကစားသမားအီဇီးဟာနွေရာသီအပြောင်းအရွှေ့ဈေးကွက်တုန်းကကျူပီအာမှပဲလေ့စ်သို့ ပေါင်၁၆သန်း ဖြင့်ပြောင်းရွှေ့လာခဲ့သူလည်းဖြစ်ပါတယ်။

သူဟာဖူလ်ဟမ်ကကျူပီအာကိုအနိုင်ရတဲ့ယင်းပွဲကိုကြည့်ရာတွင်နှာခေါင်းစည်းလုံးဝတ်ဆင်ထားခြင်းမရှိကြောင်း တွေ့ရပါတယ်။

ပဲလေ့စ်တာဝန်ရှိသူများဟာကျူပီအာပွဲကိုသွားရောက်ကြည့်ပြီးကိုဗစ်စည်းမျဉ်းကိုချိုးဖောက်ခဲ့တဲ့အီဇီးရဲ့လုပ်ရပ်အ ပေါ်အကြီးအကျယ်ဒေါသထွက်နေပါတယ်။

ပရီးမီးယားလိဂ်ရဲ့ကိုဗစ်စည်းမျဉ်းသစ်အရကလပ်များဟာအသင်းတွင်ကိုဗစ်ဖြန့်ဖြူးသူရှိပါကဒဏ်ရိုက်ခံရမှာဖြစ်ပြီး ဂိုးသွင်းပြီးနောက်ဖက်ခြင်းမပြုရန်လည်းတားမြစ်ထားပါတယ်။ဒါပေမယ့်လက်ဆွဲနူတ်ဆက်ခြင်းကိုလည်း ပိတ်ပင်ထားပါတယ်။

ZawGyi






