ကျောကုန်းသုံးပြီး ပဥ္စလက်ဆန်တဲ့ အံ့ဩစရာဂိုးတစ်ဂိုး သွင်းပြခဲ့တဲ့ ဘန်ဇီးမား

နွေရာသီတုန်းက ဘာစီလိုနာမှလီယွန်နယ်မက်ဆီထွက်ခွာသွားမှုနဲ့အတူလာလီဂါဟာပျင်းရိဖွယ်လာပြီလို့တော်တော်များများယူဆထားကြပါတယ်။

ဒါပေမယ့်လာလီဂါဟာပရိသတ်များအတွက်ဖျော်ဖြေမှုအပြည့်အဝပေးနေတုန်းဖြစ်ပါတယ်။

အထူးသဖြင့် ရီးရဲလ်မက်ဒရစ်ဟာကမ္ဘာ့အကောင်းဆုံးအသင်းများထဲမှတစ်သင်းကိုပိုင်ဆိုင်ထားဆဲဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်မှစတားကစားသမားတွေဟာပဥ္စလက်အခိုက်အတန့်တွေဖန်တီးနေတုန်းဖြစ်ပါတယ်။

အထူးသဖြင့်ကာရမ်ဘန်ဇီးမားပါ။

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့လောင်းရိပ်အောက်ကထွက်နိုင်ခဲ့ပြီးနောက်ဘန်ဇီးမားဟာလာလီဂါရာသီတိုင်းအနည်းဆုံး၂၁ဂိုးအထိသွင်းယူထားနိုင်ပါတယ်။ဒါကြောင့်လည်းကာလရှည်ဝေးကွာလာခဲ့တဲ့ပြင်သစ်လက်ရွေးစင်အသင်းမှာလည်းပြန်လည်ပါဝင်ခွင့်ရလာခဲ့ပါတယ်။

ယူရို၂၀၂၀ပြိုင်ပွဲမှာစိတ်ပျက်စရာကောင်းအောင်စောစောစီးစီးထွက်ခဲ့ရပေမယ့် အသက်၃၃နှစ်ရှိစတားဟာဆွစ်ဇာလန်နှင့်ပွဲမှာအံ့ဩစရာကောင်းတဲ့ထိချက်တွေနဲ့ ဂိုးသွင်းပြီးတစ်ကမ္ဘာလုံးမှပရိသတ်များကိုအံ့ဩအောင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။

ကလပ်မှာလည်းလိုင်ယွန်တိုက်စစ်မှူးဟောင်းဟာပဥ္စလက်ဆန်တဲ့အခိုက်အတန့်ကိုဖန်တီးပြသနေတုန်းဖြစ်ပါတယ်။

ဘန်ဇီးမားဟာမနေ့ညတုန်းကမာယော့ကာအား၆-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာ၂ဂိုးသွင်းပြီး၂ကြိမ်ဖန်တီးမှုပြုလုပ်ကာယခုရာသီလာလီဂါ၆ပွဲမှာ၈ဂိုး/၇ကြိမ်ဖန်တီးကာ၂၁ရာစုအတွင်းလာလီဂါပွဲ၆အပြီးမှာစွမ်းဆောင်မှုအကောင်းဆုံးကစားသမားအဖြစ်ရပ်တည်နေခဲ့ပါတယ်။

မာယော့ကာအားအနိုင်ရရှိတဲ့ပွဲစဉ်မှာဘန်ဇီးမားဟာပဥ္စလက်ဆန်တဲ့ထိတွေ့မှုနဲ့ ရီးရဲလ်မက်ဒရစ်အတွက်ပဥ္စမဂိုးကိုသွင်းယူခဲ့ပါတယ်။

ပွဲချိန်၇၇မိနစ်မှာဘန်ဇီးမားဟာကွင်းလယ်တစ်ဝက်စွန်းစွန်းကနေ အလာဘာပေးပို့လိုက်တဲ့ဘောလုံးကိုကျောကုန်းကိုအသုံးပြုကာရှေ့သို့ ထုတ်ကာညာခြေဖြင့်ကန်ပြီး ပဥ္စလက်ဆန်တဲ့ဂိုးကိုသွင်းယူပြခဲ့ပါတယ်။

ဘန်ဇီးမားရဲ့ဂိုးကိုပရိသတ်တစ်ဦးက “ကမ္ဘာ့အကောင်းဆုံးကစားသမားပဲ။တစ်ကိုယ်တော်ဆုမရခဲ့ဖူးတာရှက်စရာပဲ။ Ballon d’Or ဆုရလာဖို့မျှော်လင့်တယ်”လို့ဆိုသွားပါတယ်။

အခြားပရိသတ်တစ်ဦးကလည်း “တကယ့်ကိုအံ့ဩစရာကောင်းတဲ့ဂိုးပါ”လို့ဆိုသွားပါတယ်။

ZawGyi

ေက်ာကုန္းသုံးၿပီး ပၪၥလက္ဆန္တဲ့ အံ့ဩစရာဂိုးတစ္ဂိုး သြင္းျပခဲ့တဲ့ ဘန္ဇီးမား

ေႏြရာသီတုန္းက ဘာစီလိုနာမွလီယြန္နယ္မက္ဆီထြက္ခြာသြားမႈနဲ႔အတူလာလီဂါဟာပ်င္းရိဖြယ္လာၿပီလို႔ေတာ္ေတာ္မ်ားမ်ားယူဆထားၾကပါတယ္။

ဒါေပမယ့္လာလီဂါဟာပရိသတ္မ်ားအတြက္ေဖ်ာ္ေျဖမႈအျပည့္အဝေပးေနတုန္းျဖစ္ပါတယ္။

အထူးသျဖင့္ ရီးရဲလ္မက္ဒရစ္ဟာကမာၻ႔အေကာင္းဆုံးအသင္းမ်ားထဲမွတစ္သင္းကိုပိုင္ဆိုင္ထားဆဲျဖစ္ပါတယ္။ရီးရဲလ္မက္ဒရစ္မွစတားကစားသမားေတြဟာပၪၥလက္အခိုက္အတန႔္ေတြဖန္တီးေနတုန္းျဖစ္ပါတယ္။

အထူးသျဖင့္ကာရမ္ဘန္ဇီးမားပါ။

ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ေလာင္းရိပ္ေအာက္ကထြက္ႏိုင္ခဲ့ၿပီးေနာက္ဘန္ဇီးမားဟာလာလီဂါရာသီတိုင္းအနည္းဆုံး၂၁ဂိုးအထိသြင္းယူထားႏိုင္ပါတယ္။ဒါေၾကာင့္လည္းကာလရွည္ေဝးကြာလာခဲ့တဲ့ျပင္သစ္လက္ေ႐ြးစင္အသင္းမွာလည္းျပန္လည္ပါဝင္ခြင့္ရလာခဲ့ပါတယ္။

ယူ႐ို၂၀၂၀ၿပိဳင္ပြဲမွာစိတ္ပ်က္စရာေကာင္းေအာင္ေစာေစာစီးစီးထြက္ခဲ့ရေပမယ့္ အသက္၃၃ႏွစ္ရွိစတားဟာဆြစ္ဇာလန္ႏွင့္ပြဲမွာအံ့ဩစရာေကာင္းတဲ့ထိခ်က္ေတြနဲ႔ ဂိုးသြင္းၿပီးတစ္ကမာၻလုံးမွပရိသတ္မ်ားကိုအံ့ဩေအာင္လုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။

ကလပ္မွာလည္းလိုင္ယြန္တိုက္စစ္မႉးေဟာင္းဟာပၪၥလက္ဆန္တဲ့အခိုက္အတန႔္ကိုဖန္တီးျပသေနတုန္းျဖစ္ပါတယ္။

ဘန္ဇီးမားဟာမေန႔ညတုန္းကမာေယာ့ကာအား၆-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္မွာ၂ဂိုးသြင္းၿပီး၂ႀကိမ္ဖန္တီးမႈျပဳလုပ္ကာယခုရာသီလာလီဂါ၆ပြဲမွာ၈ဂိုး/၇ႀကိမ္ဖန္တီးကာ၂၁ရာစုအတြင္းလာလီဂါပြဲ၆အၿပီးမွာစြမ္းေဆာင္မႈအေကာင္းဆုံးကစားသမားအျဖစ္ရပ္တည္ေနခဲ့ပါတယ္။

မာေယာ့ကာအားအႏိုင္ရရွိတဲ့ပြဲစဥ္မွာဘန္ဇီးမားဟာပၪၥလက္ဆန္တဲ့ထိေတြ႕မႈနဲ႔ ရီးရဲလ္မက္ဒရစ္အတြက္ပၪၥမဂိုးကိုသြင္းယူခဲ့ပါတယ္။

ပြဲခ်ိန္၇၇မိနစ္မွာဘန္ဇီးမားဟာကြင္းလယ္တစ္ဝက္စြန္းစြန္းကေန အလာဘာေပးပို႔လိုက္တဲ့ေဘာလုံးကိုေက်ာကုန္းကိုအသုံးျပဳကာေရွ႕သို႔ ထုတ္ကာညာေျချဖင့္ကန္ၿပီး ပၪၥလက္ဆန္တဲ့ဂိုးကိုသြင္းယူျပခဲ့ပါတယ္။

ဘန္ဇီးမားရဲ႕ဂိုးကိုပရိသတ္တစ္ဦးက “ကမာၻ႔အေကာင္းဆုံးကစားသမားပဲ။တစ္ကိုယ္ေတာ္ဆုမရခဲ့ဖူးတာရွက္စရာပဲ။ Ballon d’Or ဆုရလာဖို႔ေမွ်ာ္လင့္တယ္”လို႔ဆိုသြားပါတယ္။

အျခားပရိသတ္တစ္ဦးကလည္း “တကယ့္ကိုအံ့ဩစရာေကာင္းတဲ့ဂိုးပါ”လို႔ဆိုသြားပါတယ္။