ကျောတွင် အမည်တောင်မပါတဲ့ ၂၀၁၇ ခုနှစ်တုန်းက အာလင်းဟာလန်းဝတ်ဆင်ခဲ့တဲ့ အင်္ကျီကို ဒေါ်လာ ၂၀၀၀၀ နီးပါးဖြင့် လေလံတင်ရောင်းချ

၂၀၁၇ခုနှစ်တုန်းကယူအီးအက်ဖ်အေယူ-၁၉ချန်ပီယံရှစ်ခြေစစ်ပွဲတွင်အာလင်းဟာလန်းဝတ်ဆင်ခဲ့တဲ့အင်္ကျီကိုဒေါ်လာ၁၉၂၀၀ဖြင့်လေလံတင်ရောင်းချနိုင်ခဲ့ပါတယ်။

နော်ဝေတိုက်စစ်မှူးဟာလူငယ်ကစားသမားဘဝကတည်းကထိပ်သီးများရဲ့စောင့်ကြည့်ခြင်းခံခဲ့ရသူဖြစ်ပြီးယခုအခါကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးများထဲမှတစ်ဦးအဖြစ်ရပ်တည်နေပါတယ်။

သူဟာ၂၀၁၉ခုနှစ်မေလတုန်းကယူ-၂၀ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ဟွန်ဒူးရပ်စ်အားနော်ဝေက၁၂-၀ဖြင့်အနိုင်ရတဲ့ပွဲတွင်တစ်ဦးတည်း၆ဂိုးသွင်းခဲ့သူလည်းဖြစ်ပါတယ်။

အာလင်းဟာလန်းဟာယင်းပြိုင်ပွဲတွင်၉ဂိုးဖြင့်ရွှေဖိနပ်ဆုဆွတ်ခူးနိုင်ခဲ့ပါတယ်။ယင်းမတိုင်မီကတည်းကအာလင်းဟာလန်းနော်ဝေလူငယ်အသင်းတွင်ကစားလာသူလည်းဖြစ်ပါတယ်။

၂၀၁၇ခုနှစ်တုန်းကအာလင်းဟာလန်းဟာယူ-၁၉ခြေစစ်ပွဲတွင်ဂိုးသွင်းဘုရင်အဖြစ်ရပ်တည်နိုင်ခဲ့ပါသေးတယ်။ဒါပေမဲ့နော်ဝေကတော့ခြေစစ်ပွဲမအောင်မြင်ခဲ့ပါဘူး။ဒါပေမဲ့ပွဲတစ်ပွဲကစားပြီး၅နှစ်အကြာမှာတော့အာလင်းဟာလန်းဝတ်ဆင်ခဲ့တဲ့အင်္ကျီတစ်ထည်ကိုလေလံတင်ရောင်းချမှုပြုလုပ်လာပါတယ်။

Goldin Auctions ကအာလင်းဟာလန်းဝတ်ဆင်ခဲ့တဲ့ Nike အင်္ကျီ L ဆိုက်ဒ်ကိုလေလံတင်ရောင်းချလာပါမယ်။ယင်းအင်္ကျီကအာလင်းဟာလန်းဝတ်ဆင်တဲ့ကျောနံပါတ်၁၉ပါဝင်ပါတယ်။ဒါပေမဲ့ယင်းအင်္ကျီတွင်အာလင်းဟာလန်းအမည်မပါဝင်ပါဘူး။

ယင်းအင်္ကျီကိုအာလင်းဟာလန်းရဲ့ကွယ်လွန်သွားရှာပြီဖြစ်တဲ့ယခင်အေးဂျင့် မီနိုရိုင်အိုလာကလှူဒါန်းခဲ့ပါတယ်။

ယင်းအင်္ကျီကိုလေလံတင်ရာတွင်၂၂ကြိမ်ကမ်းလှမ်းမှုခံခဲ့ရပြီး နောက်ဆုံးဒေါ်လာ၁၉၂၀၀ဖြင့်ရောင်းချခဲ့ရပါတယ်။

ZawGyi

ေက်ာတြင္ အမည္ေတာင္မပါတဲ့ ၂၀၁၇ ခုႏွစ္တုန္းက အာလင္းဟာလန္းဝတ္ဆင္ခဲ့တဲ့ အက်ႌကို ေဒၚလာ ၂၀၀၀၀ နီးပါးျဖင့္ ေလလံတင္ေရာင္းခ်

၂၀၁၇ခုႏွစ္တုန္းကယူအီးအက္ဖ္ေအယူ-၁၉ခ်န္ပီယံရွစ္ေျခစစ္ပြဲတြင္အာလင္းဟာလန္းဝတ္ဆင္ခဲ့တဲ့အက်ႌကိုေဒၚလာ၁၉၂၀၀ျဖင့္ေလလံတင္ေရာင္းခ်ႏိုင္ခဲ့ပါတယ္။

ေနာ္ေဝတိုက္စစ္မႉးဟာလူငယ္ကစားသမားဘဝကတည္းကထိပ္သီးမ်ားရဲ႕ေစာင့္ၾကည့္ျခင္းခံခဲ့ရသူျဖစ္ၿပီးယခုအခါကမာၻ႔အေကာင္းဆုံးတိုက္စစ္မႉးမ်ားထဲမွတစ္ဦးအျဖစ္ရပ္တည္ေနပါတယ္။

သူဟာ၂၀၁၉ခုႏွစ္ေမလတုန္းကယူ-၂၀ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ဟြန္ဒူးရပ္စ္အားေနာ္ေဝက၁၂-၀ျဖင့္အႏိုင္ရတဲ့ပြဲတြင္တစ္ဦးတည္း၆ဂိုးသြင္းခဲ့သူလည္းျဖစ္ပါတယ္။

အာလင္းဟာလန္းဟာယင္းၿပိဳင္ပြဲတြင္၉ဂိုးျဖင့္ေ႐ႊဖိနပ္ဆုဆြတ္ခူးႏိုင္ခဲ့ပါတယ္။ယင္းမတိုင္မီကတည္းကအာလင္းဟာလန္းေနာ္ေဝလူငယ္အသင္းတြင္ကစားလာသူလည္းျဖစ္ပါတယ္။

၂၀၁၇ခုႏွစ္တုန္းကအာလင္းဟာလန္းဟာယူ-၁၉ေျခစစ္ပြဲတြင္ဂိုးသြင္းဘုရင္အျဖစ္ရပ္တည္ႏိုင္ခဲ့ပါေသးတယ္။ဒါေပမဲ့ေနာ္ေဝကေတာ့ေျခစစ္ပြဲမေအာင္ျမင္ခဲ့ပါဘူး။ဒါေပမဲ့ပြဲတစ္ပြဲကစားၿပီး၅ႏွစ္အၾကာမွာေတာ့အာလင္းဟာလန္းဝတ္ဆင္ခဲ့တဲ့အက်ႌတစ္ထည္ကိုေလလံတင္ေရာင္းခ်မႈျပဳလုပ္လာပါတယ္။

Goldin Auctions ကအာလင္းဟာလန္းဝတ္ဆင္ခဲ့တဲ့ Nike အက်ႌ L ဆိုက္ဒ္ကိုေလလံတင္ေရာင္းခ်လာပါမယ္။ယင္းအက်ႌကအာလင္းဟာလန္းဝတ္ဆင္တဲ့ေက်ာနံပါတ္၁၉ပါဝင္ပါတယ္။ဒါေပမဲ့ယင္းအက်ႌတြင္အာလင္းဟာလန္းအမည္မပါဝင္ပါဘူး။

ယင္းအက်ႌကိုအာလင္းဟာလန္းရဲ႕ကြယ္လြန္သြားရွာၿပီျဖစ္တဲ့ယခင္ေအးဂ်င့္ မီႏို႐ိုင္အိုလာကလႉဒါန္းခဲ့ပါတယ္။

ယင္းအက်ႌကိုေလလံတင္ရာတြင္၂၂ႀကိမ္ကမ္းလွမ္းမႈခံခဲ့ရၿပီး ေနာက္ဆုံးေဒၚလာ၁၉၂၀၀ျဖင့္ေရာင္းခ်ခဲ့ရပါတယ္။