ကျောနံပါတ်ဆုံးရှုံးခဲ့ရတဲ့ ကစားသမားသုံးဦးအား အသင်းသစ်ရှာဖွေရန် ချဲလ်ဆီးပြောကြားလာ

ချဲလ်ဆီးဟာတီမူးဘာကာယိုကို၊ဒန်နီဒရင့်ဝါတားနှင့်ရို့စ်ဘာကလေတို့အားအသင်းသစ်ရှာဖွေကြရန်ပြောကြားလာပါတယ်။ The Athletic ရဲ့ဖော်ပြချက်အရအဆိုပါကစားသမားသုံးဦးတို့ဟာရာသီသစ်အတွက်အင်္ကျီကျောနံပါတ်မရရှိကြတဲ့ကစားသမားများလည်းဖြစ်ကြောင်းသိရပါတယ်။

ချဲလ်ဆီးဟာအဆိုပါကစားသမားသုံးဦးတို့အားခေါ်ယူစဉ်တုန်းကပေါင်သန်း၉၀အထိအသုံးပြုခဲ့ရတာဖြစ်ပြီး၎င်းတို့အားပထမအသင်းတွင်နေရာရရှိမှာမဟုတ်ကြောင်းပြောကြားလာတာလည်းဖြစ်ပါတယ်။

သောမတ်စ်တူချယ်ဟာယင်းကစာသမားသုံးဦးအားလာမယ့်ရာသီသူ့ရဲ့အစီအစဉ်မပါဝင်ကြောင်းပြောကြားထားပြီးလည်းဖြစ်ပါတယ်။

အဆိုပါကစားသမားသုံးဦးတို့ဟာပြီးခဲ့တဲ့ရာသီတုန်းကအငှားဖြင့်သွားရောက်ကစားခဲ့ရသူများဖြစ်ပြီးချဲလ်ဆီးနှင့်တန်ဖိုးရှိစာချုပ်များကျန်နေသေးသူများလည်းဖြစ်ပါတယ်။

ချဲလ်ဆီးဟာယင်းကစားသမားသုံးဦးကိုအမြန်ဆုံးလက်လွှတ်လိုနေပေမယ့်ကလပ်များမှာကိုဗစ်ကြောင့်ငွေကြေးများစွာထိခိုက်နေတဲ့အပြင်ယင်းကစားသမားတို့ရဲ့မြင့်မားတဲ့လုပ်ခကြောင့် ခေါ်ယူရန်အခက်အခဲရှိနေပါတယ်။

ချဲလ်ဆီးဟာယခုနွေရာသီအပြောင်းအရွှေ့တွင်ကစားသမား၉ဦးအထိရောင်းချထားပြီးဖြစ်ကာ လူကာကူအားပေါင်၉၇.၅သန်းဖြင့်ခေါ်ယူထားပါတယ်။ချဲလ်ဆီးဟာကစားသမားကိုးဦးအားရောင်းချမှုမှပေါင်၉၆သန်းအထိရရှိထားရာယခုနွေအသုံးစရိတ်စုစုပေါင်းမှာပေါင်၁.၅သန်းတည်းသာရှိပါသေးတယ်။

ZawGyi

ေက်ာနံပါတ္ဆုံးရႈံးခဲ့ရတဲ့ ကစားသမားသုံးဦးအား အသင္းသစ္ရွာေဖြရန္ ခ်ဲလ္ဆီးေျပာၾကားလာ

ခ်ဲလ္ဆီးဟာတီမူးဘာကာယိုကို၊ဒန္နီဒရင့္ဝါတားႏွင့္႐ို႕စ္ဘာကေလတို႔အားအသင္းသစ္ရွာေဖြၾကရန္ေျပာၾကားလာပါတယ္။ The Athletic ရဲ႕ေဖာ္ျပခ်က္အရအဆိုပါကစားသမားသုံးဦးတို႔ဟာရာသီသစ္အတြက္အက်ႌေက်ာနံပါတ္မရရွိၾကတဲ့ကစားသမားမ်ားလည္းျဖစ္ေၾကာင္းသိရပါတယ္။

ခ်ဲလ္ဆီးဟာအဆိုပါကစားသမားသုံးဦးတို႔အားေခၚယူစဥ္တုန္းကေပါင္သန္း၉၀အထိအသုံးျပဳခဲ့ရတာျဖစ္ၿပီး၎တို႔အားပထမအသင္းတြင္ေနရာရရွိမွာမဟုတ္ေၾကာင္းေျပာၾကားလာတာလည္းျဖစ္ပါတယ္။

ေသာမတ္စ္တူခ်ယ္ဟာယင္းကစာသမားသုံးဦးအားလာမယ့္ရာသီသူ႔ရဲ႕အစီအစဥ္မပါဝင္ေၾကာင္းေျပာၾကားထားၿပီးလည္းျဖစ္ပါတယ္။

အဆိုပါကစားသမားသုံးဦးတို႔ဟာၿပီးခဲ့တဲ့ရာသီတုန္းကအငွားျဖင့္သြားေရာက္ကစားခဲ့ရသူမ်ားျဖစ္ၿပီးခ်ဲလ္ဆီးႏွင့္တန္ဖိုးရွိစာခ်ဳပ္မ်ားက်န္ေနေသးသူမ်ားလည္းျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာယင္းကစားသမားသုံးဦးကိုအျမန္ဆုံးလက္လႊတ္လိုေနေပမယ့္ကလပ္မ်ားမွာကိုဗစ္ေၾကာင့္ေငြေၾကးမ်ားစြာထိခိုက္ေနတဲ့အျပင္ယင္းကစားသမားတို႔ရဲ႕ျမင့္မားတဲ့လုပ္ခေၾကာင့္ ေခၚယူရန္အခက္အခဲရွိေနပါတယ္။

ခ်ဲလ္ဆီးဟာယခုေႏြရာသီအေျပာင္းအေ႐ႊ႕တြင္ကစားသမား၉ဦးအထိေရာင္းခ်ထားၿပီးျဖစ္ကာ လူကာကူအားေပါင္၉၇.၅သန္းျဖင့္ေခၚယူထားပါတယ္။ခ်ဲလ္ဆီးဟာကစားသမားကိုးဦးအားေရာင္းခ်မႈမွေပါင္၉၆သန္းအထိရရွိထားရာယခုေႏြအသုံးစရိတ္စုစုေပါင္းမွာေပါင္၁.၅သန္းတည္းသာရွိပါေသးတယ္။