ကျောနံပါတ် ၁၁ ကို လက်လွှတ်ခဲ့ရပြီး ကျောနံပါတ်သစ်နဲ့ ကစားရမယ့် ဂါရတ်ဘေးလ်

ဂါရတ်ဘေးလ်ဟာရီးရဲလ်မက်ဒရစ်မှာသူအကြိုက်ဆုံးကျောနံပါတ်ဖြစ်တဲ့ကျောနံပါတ် ၁၁ကို ဆုံးရှုံးခဲ့ရပြီဖြစ်ပြီးလာမယ့်ဘောလုံးရာသီသစ်မှာကျောနံပါတ်၁၈ဖြင့်ကစားသွားရတော့မှာဖြစ်ပါတယ်။

ဝေးလ်အသင်းခေါင်းဆောင်ဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကစပါးစ်အသင်းသို့အငှားဖြင့်သွားရောက်ကစားစဉ်တုန်းကရီးရဲလ်မက်ဒရစ်ရဲ့ကျောနံပါတ်၁၁ကိုအဆန်စီယိုအား လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။

ဂါရတ်ဘေးလ်ဟာရီးရဲလ်မက်ဒရစ်သို့ပြန်လည်ရောက်ရှိလာချိန်မှာကျောနံပါတ်မရှိဘဲဖြစ်နေခဲ့ပါတယ်။သူဟာရာသီကြိုခြေစမ်းပွဲမှာကျောနံပါတ်၅၀ကိုဝတ်ဆင်ကစားခဲ့ရပါတယ်။

ယခုအခါရီးရဲလ်မက်ဒရစ်အသင်းကသူတို့ရဲ့ဝက်ဘ်ဆိုက်မှာလာမယ့်ရာသီမှာကစားသမားများဝတ်ဆင်လာမယ့်ကျောနံပါတ်ကိုကြေညာလာပါတယ်။ဘေးလ်ဟာလူကာဂျိုဗစ်ရဲ့ကျောနံပါတ်၁၈ကိုလွဲပြောင်းဝတ်ဆင်မှာဖြစ်ပြီးဆားဘီးယားတိုက်စစ်မှူးကကျောနံပါတ်၁၆ကိုဝတ်ဆင်ပါမယ်။ဘရာဇီးတိုက်စစ်သမားရိုဒရီဂိုကကျောနံပါတ်၂၁ကိုဝတ်ဆင်မှာဖြစ်ပါတယ်။

ဂါရတ်ဘေးလ်ဟာရီးရဲလ်မက်ဒရစ်တွင်တွဲကာအောင်မြင်မှုရရှိခဲ့ဖူးတဲ့အန်ဆယ်လော့တီရဲ့လက်အောက်မှာနေရာပြန်လည်ရရှိလာမယ်လို့ယုံကြည်ရပါတယ်။

အန်ဆယ်လော့တီဟာယခုအပတ်တွင်အလာဗက်စ်နှင့်ရင်ဆိုင်ကစားရတဲ့လာလီဂါအဖွင့်ပွဲမှာဂါရတ်ဘေးလ်ကိုဘန်ဇီးမား၊အေဒင်ဟာဇက်တို့နှင့်တွဲဖက်ကာပွဲထွက်လာမယ်လို့သတင်းထွက်နေပါတယ်။

ZawGyi

ေက်ာနံပါတ္ ၁၁ ကို လက္လႊတ္ခဲ့ရၿပီး ေက်ာနံပါတ္သစ္နဲ႔ ကစားရမယ့္ ဂါရတ္ေဘးလ္

ဂါရတ္ေဘးလ္ဟာရီးရဲလ္မက္ဒရစ္မွာသူအႀကိဳက္ဆုံးေက်ာနံပါတ္ျဖစ္တဲ့ေက်ာနံပါတ္ ၁၁ကို ဆုံးရႈံးခဲ့ရၿပီျဖစ္ၿပီးလာမယ့္ေဘာလုံးရာသီသစ္မွာေက်ာနံပါတ္၁၈ျဖင့္ကစားသြားရေတာ့မွာျဖစ္ပါတယ္။

ေဝးလ္အသင္းေခါင္းေဆာင္ဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကစပါးစ္အသင္းသို႔အငွားျဖင့္သြားေရာက္ကစားစဥ္တုန္းကရီးရဲလ္မက္ဒရစ္ရဲ႕ေက်ာနံပါတ္၁၁ကိုအဆန္စီယိုအား လက္လႊတ္ဆုံးရႈံးခဲ့ရပါတယ္။

ဂါရတ္ေဘးလ္ဟာရီးရဲလ္မက္ဒရစ္သို႔ျပန္လည္ေရာက္ရွိလာခ်ိန္မွာေက်ာနံပါတ္မရွိဘဲျဖစ္ေနခဲ့ပါတယ္။သူဟာရာသီႀကိဳေျခစမ္းပြဲမွာေက်ာနံပါတ္၅၀ကိုဝတ္ဆင္ကစားခဲ့ရပါတယ္။

ယခုအခါရီးရဲလ္မက္ဒရစ္အသင္းကသူတို႔ရဲ႕ဝက္ဘ္ဆိုက္မွာလာမယ့္ရာသီမွာကစားသမားမ်ားဝတ္ဆင္လာမယ့္ေက်ာနံပါတ္ကိုေၾကညာလာပါတယ္။ေဘးလ္ဟာလူကာဂ်ိဳဗစ္ရဲ႕ေက်ာနံပါတ္၁၈ကိုလြဲေျပာင္းဝတ္ဆင္မွာျဖစ္ၿပီးဆားဘီးယားတိုက္စစ္မႉးကေက်ာနံပါတ္၁၆ကိုဝတ္ဆင္ပါမယ္။ဘရာဇီးတိုက္စစ္သမား႐ိုဒရီဂိုကေက်ာနံပါတ္၂၁ကိုဝတ္ဆင္မွာျဖစ္ပါတယ္။

ဂါရတ္ေဘးလ္ဟာရီးရဲလ္မက္ဒရစ္တြင္တြဲကာေအာင္ျမင္မႈရရွိခဲ့ဖူးတဲ့အန္ဆယ္ေလာ့တီရဲ႕လက္ေအာက္မွာေနရာျပန္လည္ရရွိလာမယ္လို႔ယုံၾကည္ရပါတယ္။

အန္ဆယ္ေလာ့တီဟာယခုအပတ္တြင္အလာဗက္စ္ႏွင့္ရင္ဆိုင္ကစားရတဲ့လာလီဂါအဖြင့္ပြဲမွာဂါရတ္ေဘးလ္ကိုဘန္ဇီးမား၊ေအဒင္ဟာဇက္တို႔ႏွင့္တြဲဖက္ကာပြဲထြက္လာမယ္လို႔သတင္းထြက္ေနပါတယ္။