ကျောနံပါတ် ၃ ကို ရွေးချယ်ရတဲ့ အဓိကအကြောင်းရင်းကို ဖွင့်ဟတဲ့ ဗယ်လီကာနိုအတွက် ပထမဆုံးပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ ဖယ်ကာအို

ရာဒါမဲလ်ဖယ်ကာအိုကရာယိုဗယ်လီကာနိုတွင်ကျောနံပါတ်၃အားဝတ်ဆင်ရန်ရွေးချယ်ရခြင်းမှာကွယ်လွန်သွားရှာပြီဖြစ်တဲ့ဖခင်ဖြစ်သူအားရည်ရွယ်ဝတ်ဆင်ရခြင်းဖြစ်ကြောင်း ဖွင့်ဟလာပါတယ်။

အသက်၃၅နှစ်ရှိကိုလံဘီယာတိုက်စစ်မှူးဟာစက်တင်ဘာလအစောပိုင်းတုန်းကဂါလာတာစာရေးနှင့်စာချုပ်ဖျက်သိမ်းလိုက်ပြီးနောက်မက်ဒရစ်အခြေစိုက်ဗယ်လီကာနိုသို့တစ်နှစ်စာချုပ်ဖြင့်ပြောင်းရွှေ့ခဲ့ပါတယ်။

အက်သလက်တီကိုမက်ဒရစ်တိုက်စစ်မှူးဟောင်းဟာဗယ်လီကာနိုမှာတိုက်စစ်မှူးတစ်ဦးအတွက်မသက်ဆိုင်တဲ့အံ့ဩစရာကောင်းတဲ့လုပ်ရပ်အဖြစ် ကျောနံပါတ်၃ကိုရွေးချယ်ခဲ့ပါတယ်။

ဖယ်ကာအိုကဗယ်လီကာနိုတွင်ကျောနံပါတ်၃ကိုဝတ်ဆင်ရန်ရွေးချယ်ရခြင်းမှာ၂၀၁၉ခုနှစ်တုန်းကအသက်၆၁နှစ်အရွယ်တွင်ကွယ်လွန်ခဲ့တဲ့ဖခင်ဖြစ်သူကိုရည်ရွယ်ဝတ်ဆင်ရခြင်းဖြစ်ကြောင်းဆိုသွားပါတယ်။

၎င်းက “အဖေကကျွန်တော့်ဘဝအတွက်အရာရာပါ။သူ့ကြောင့်ဘဲဒီအားကစားကိုချစ်မြတ်နိုးလာတာပါ။သူဟာဒီကျောနံပါတ်နဲ့ကစားခဲ့တယ်။ဒီနံပါတ်ကသူ့အကြိုက်ဆုံးနံပါတ်လည်းဖြစ်ပါတယ်”လို့ပြောကြားသွားပါတယ်။

ဖယ်ကာအိုဟာမနေ့ညတုန်းကဂီတာဖေးအား၃-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ဖယ်လီကာနိုရဲ့မက်ဒရစ်ဒါဘီပွဲစဉ်မှာပထမဆုံးဝင်ရောက်ကစားခဲ့ပါတယ်။သူဟာယင်းပွဲမှာလူစားဝင်ရောက်ကစားပြီးနောက်ဗယ်လီကာနိုအတွက်တတိယအနိုင်ဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။

ZawGyi

ေက်ာနံပါတ္ ၃ ကို ေ႐ြးခ်ယ္ရတဲ့ အဓိကအေၾကာင္းရင္းကို ဖြင့္ဟတဲ့ ဗယ္လီကာႏိုအတြက္ ပထမဆုံးပြဲမွာ ဂိုးသြင္းႏိုင္ခဲ့တဲ့ ဖယ္ကာအို

ရာဒါမဲလ္ဖယ္ကာအိုကရာယိုဗယ္လီကာႏိုတြင္ေက်ာနံပါတ္၃အားဝတ္ဆင္ရန္ေ႐ြးခ်ယ္ရျခင္းမွာကြယ္လြန္သြားရွာၿပီျဖစ္တဲ့ဖခင္ျဖစ္သူအားရည္႐ြယ္ဝတ္ဆင္ရျခင္းျဖစ္ေၾကာင္း ဖြင့္ဟလာပါတယ္။

အသက္၃၅ႏွစ္ရွိကိုလံဘီယာတိုက္စစ္မႉးဟာစက္တင္ဘာလအေစာပိုင္းတုန္းကဂါလာတာစာေရးႏွင့္စာခ်ဳပ္ဖ်က္သိမ္းလိုက္ၿပီးေနာက္မက္ဒရစ္အေျခစိုက္ဗယ္လီကာႏိုသို႔တစ္ႏွစ္စာခ်ဳပ္ျဖင့္ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။

အက္သလက္တီကိုမက္ဒရစ္တိုက္စစ္မႉးေဟာင္းဟာဗယ္လီကာႏိုမွာတိုက္စစ္မႉးတစ္ဦးအတြက္မသက္ဆိုင္တဲ့အံ့ဩစရာေကာင္းတဲ့လုပ္ရပ္အျဖစ္ ေက်ာနံပါတ္၃ကိုေ႐ြးခ်ယ္ခဲ့ပါတယ္။

ဖယ္ကာအိုကဗယ္လီကာႏိုတြင္ေက်ာနံပါတ္၃ကိုဝတ္ဆင္ရန္ေ႐ြးခ်ယ္ရျခင္းမွာ၂၀၁၉ခုႏွစ္တုန္းကအသက္၆၁ႏွစ္အ႐ြယ္တြင္ကြယ္လြန္ခဲ့တဲ့ဖခင္ျဖစ္သူကိုရည္႐ြယ္ဝတ္ဆင္ရျခင္းျဖစ္ေၾကာင္းဆိုသြားပါတယ္။

၎က “အေဖကကြၽန္ေတာ့္ဘဝအတြက္အရာရာပါ။သူ႔ေၾကာင့္ဘဲဒီအားကစားကိုခ်စ္ျမတ္ႏိုးလာတာပါ။သူဟာဒီေက်ာနံပါတ္နဲ႔ကစားခဲ့တယ္။ဒီနံပါတ္ကသူ႔အႀကိဳက္ဆုံးနံပါတ္လည္းျဖစ္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဖယ္ကာအိုဟာမေန႔ညတုန္းကဂီတာေဖးအား၃-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ဖယ္လီကာႏိုရဲ႕မက္ဒရစ္ဒါဘီပြဲစဥ္မွာပထမဆုံးဝင္ေရာက္ကစားခဲ့ပါတယ္။သူဟာယင္းပြဲမွာလူစားဝင္ေရာက္ကစားၿပီးေနာက္ဗယ္လီကာႏိုအတြက္တတိယအႏိုင္ဂိုးကိုသြင္းယူႏိုင္ခဲ့ပါတယ္။