“ကျွန်တော်တို့အားလုံး အသုံးမကျခဲ့ကြပါဘူး” ဟယ်ရီမက်ဂွိုင်းယား

ဟယ်ရီမက်ဂွိုင်းယားကမနေ့ညတုန်းကလီဗာပူးအား၅-၀ဂိုးဖြင့်အရှက်တကွဲရှုံးနိမ့်တဲ့ပွဲအတွက်မန်ချက်စတာယူနိုက်တက်ပရိသတ်များကိုတောင်းပန်မှုပြုလုပ်သွားခဲ့ပါတယ်။

မက်ဂွိုင်းယားဟာလီဗာပူးအား၅-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲတွင်မန်ယူခံစစ်ကိုဦးဆောင်ခဲ့သူဖြစ်ပြီးပထမပိုင်းမှာပင်၄ဂိုးပေးခဲ့ရပါတယ်။

အဆိုပါပွဲအရှုံးကြောင့်အိုလီဂန်းနားဆိုးလ်ရှားဦးဆောင်တဲ့မန်ယူအသင်းဟာပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်၇နေရာသို့ရောက်သွားခဲ့ပါတယ်။

ဟယ်ရီမက်ဂွိုင်းယားက၎င်းတို့မှာပွဲအစမှအဆုံးအထိခြေစွမ်းပိုင်းဆိုးရွားခဲ့ကြောင်းဝန်ခံကာပရိသတ်များကိုတောင်းပန်မှုပြုလုပ်သွားပါတယ်။

ဟယ်ရီမက်ဂွိုင်းယားက “ပရိသတ်တွေကိုတောင်းပန်ပါတယ်။ဒီကလပ်အတွက်လုံလောက်တဲ့ကောင်းမွန်မှုမရှိခဲ့ကြပါဘူး။ခင်ဗျားတို့ကျွန်တော်တို့နဲ့အတူရှိနေခဲ့ကြတယ်။ပွဲဆုံးတဲ့အထိသီချင်းအော်ဆိုနေခဲ့ကြတယ်။အရမ်းကျေနပ်ရပါတယ်။ကျွန်တော့်ရဲ့တကိုယ်တော်ခြေစွမ်းကိုပြန်ဆန်းစစ်ပြီးရင်အသင်းရဲ့ခြေစွမ်းကိုဆန်းစစ်ရပါမယ်။အိုးထရက်ဖို့ဒ်မှာငါးဂိုးပေးပြီးရှုံးတယ်ဆိုကတည်းကခြေစွမ်းကလုံးဝမကောင်းခဲ့တာပါ။ကျွန်တော်ကအသင်းခေါင်းဆောင်ပါ။ကျွန်တော်တို့စုစုစည်းစည်းရှိရပါမယ်။ကျွန်တော်တို့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရပါမယ်။ပြီးရင်မှန်ရှေ့မှာကိုယ့်ဖာသာကိုယ်ပြန်ကြည့်ရမယ်”လို့ပြောကြားသွားပါတယ်။

မန်ယူနည်းပြဆိုးလ်ရှားကလည်းမိမိတို့အသင်းမှာတစ်ကိုယ်တော်သော်လည်းကောင်း၊အသင်းလိုက်သော်လည်းကောင်းကောင်းမွန်ခဲ့ခြင်းမရှိကြောင်းနှင့်မိမိဘဝတွင်အမှောင်မိုက်ဆုံးနေ့ဖြစ်ကြောင်းပြောကြားသွားပါတယ်။

မန်ယူဟာလီဗာပူးအရှုံးကြောင့်ပရီးမီးယားလိဂ်တွင်ရှုံးပွဲသုံးပွဲကြုံထားရပြီဖြစ်ပါတယ်။၎င်းတို့ဟာစပါးစ်(အဝေးကွင်း)နှင့်မန်စီးတီး(အိမ်ကွင်း)တို့ဆက်တိုက်ရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။

ZawGyi

“ကြၽန္ေတာ္တို႔အားလုံး အသုံးမက်ခဲ့ၾကပါဘူး” ဟယ္ရီမက္ဂြိဳင္းယား

ဟယ္ရီမက္ဂြိဳင္းယားကမေန႔ညတုန္းကလီဗာပူးအား၅-၀ဂိုးျဖင့္အရွက္တကြဲရႈံးနိမ့္တဲ့ပြဲအတြက္မန္ခ်က္စတာယူႏိုက္တက္ပရိသတ္မ်ားကိုေတာင္းပန္မႈျပဳလုပ္သြားခဲ့ပါတယ္။

မက္ဂြိဳင္းယားဟာလီဗာပူးအား၅-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲတြင္မန္ယူခံစစ္ကိုဦးေဆာင္ခဲ့သူျဖစ္ၿပီးပထမပိုင္းမွာပင္၄ဂိုးေပးခဲ့ရပါတယ္။

အဆိုပါပြဲအရႈံးေၾကာင့္အိုလီဂန္းနားဆိုးလ္ရွားဦးေဆာင္တဲ့မန္ယူအသင္းဟာပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္၇ေနရာသို႔ေရာက္သြားခဲ့ပါတယ္။

ဟယ္ရီမက္ဂြိဳင္းယားက၎တို႔မွာပြဲအစမွအဆုံးအထိေျခစြမ္းပိုင္းဆိုး႐ြားခဲ့ေၾကာင္းဝန္ခံကာပရိသတ္မ်ားကိုေတာင္းပန္မႈျပဳလုပ္သြားပါတယ္။

ဟယ္ရီမက္ဂြိဳင္းယားက “ပရိသတ္ေတြကိုေတာင္းပန္ပါတယ္။ဒီကလပ္အတြက္လုံေလာက္တဲ့ေကာင္းမြန္မႈမရွိခဲ့ၾကပါဘူး။ခင္ဗ်ားတို႔ကြၽန္ေတာ္တို႔နဲ႔အတူရွိေနခဲ့ၾကတယ္။ပြဲဆုံးတဲ့အထိသီခ်င္းေအာ္ဆိုေနခဲ့ၾကတယ္။အရမ္းေက်နပ္ရပါတယ္။ကြၽန္ေတာ့္ရဲ႕တကိုယ္ေတာ္ေျခစြမ္းကိုျပန္ဆန္းစစ္ၿပီးရင္အသင္းရဲ႕ေျခစြမ္းကိုဆန္းစစ္ရပါမယ္။အိုးထရက္ဖို႔ဒ္မွာငါးဂိုးေပးၿပီးရႈံးတယ္ဆိုကတည္းကေျခစြမ္းကလုံးဝမေကာင္းခဲ့တာပါ။ကြၽန္ေတာ္ကအသင္းေခါင္းေဆာင္ပါ။ကြၽန္ေတာ္တို႔စုစုစည္းစည္းရွိရပါမယ္။ကြၽန္ေတာ္တို႔တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ရပါမယ္။ၿပီးရင္မွန္ေရွ႕မွာကိုယ့္ဖာသာကိုယ္ျပန္ၾကည့္ရမယ္”လို႔ေျပာၾကားသြားပါတယ္။

မန္ယူနည္းျပဆိုးလ္ရွားကလည္းမိမိတို႔အသင္းမွာတစ္ကိုယ္ေတာ္ေသာ္လည္းေကာင္း၊အသင္းလိုက္ေသာ္လည္းေကာင္းေကာင္းမြန္ခဲ့ျခင္းမရွိေၾကာင္းႏွင့္မိမိဘဝတြင္အေမွာင္မိုက္ဆုံးေန႔ျဖစ္ေၾကာင္းေျပာၾကားသြားပါတယ္။

မန္ယူဟာလီဗာပူးအရႈံးေၾကာင့္ပရီးမီးယားလိဂ္တြင္ရႈံးပြဲသုံးပြဲႀကဳံထားရၿပီျဖစ္ပါတယ္။၎တို႔ဟာစပါးစ္(အေဝးကြင္း)ႏွင့္မန္စီးတီး(အိမ္ကြင္း)တို႔ဆက္တိုက္ရင္ဆိုင္ရဦးမွာျဖစ္ပါတယ္။