
ဘောလုံးစတားတစ်ဦးဟာကြမ်းတမ်းလှတဲ့ဖျက်ထုတ်မှုကြောင့်ဝှေးစေ့ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရပါတယ်။
မားသီးယပ်စ်ဘာဒါဟာဂျာမန်ကလပ်ဒမ်းစတက်အတွက်ကစားစဉ်အံ့ဩသင့်ဖွယ်ဒဏ်ရာရရှိသွားခဲ့တာလည်းဖြစ်ပါတယ်။
ဘာဒါဟာရီဂန်ဘတ်နှင့်ဘွန်ဒက်စ်လီဂါဘ၂ပွဲစဉ်ရဲ့ပွဲချိန်၇၃မိနစ်တွင်ပြိုင်ဘက်ကစားသမားမီနို့စ်ဂူရပ်စ်ရဲ့ခြေထောင်ဖျက်ထုတ်မှုနှင့်ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။
သူဟာဘောကိုထိသွားမှုကြောင့်လက်ဖြင့်အုပ်ကာကွင်းမြက်ခင်းတွင်လူးလိမ့်နာကျင်နေခဲ့တာတွေ့ရပါတယ်။
အသက်၂၅နှစ်ရှိကစားသမားဟာကွင်းအတွင်းဆေးကုသမှုအနည်းငယ်ခံယူပြီးနောက်လူစားလဲခဲ့ရပါတယ်။
နောက်ပိုင်းတွင်Bild ရဲ့ဖော်ပြချက်အရသူဟာဝှေးစေ့ပေါက်ပြဲမှုဖြစ်သွားမှုနဲ့အတူအရေးပေါ်ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ရကြောင်းသိရပါတယ်။
ဘာဒါဟာယင်းခွဲစိတ်ကုသမှုကြောင့်အနည်းဆုံးသုံးပတ်မှလေးပတ်အနားယူရပါမယ်။
ZawGyi
ကြမ်းတမ်းတဲ့ဖျက်ထုတ်မှုကြောင့် ဂွေးဥကွဲထွက်မှုဖြစ်ကာ အရေးပေါ်ခွဲစိတ်ခဲ့ရတဲ့ ဂျာမန်စတားမားသီးယပ်စ်ဘာဒါ