
ဗြိတိန်မှကုမ္ပဏီတစ်ခုဟာအင်္ဂလန်ရဲ့ကမ္ဘာ့ဖလားချန်ပီယံအောင်မြင်မှုကို ရှေ့တွင်ရိုက်နှိပ်ထားတဲ့တီရှပ်အင်္ကျီ၁၈၀၀၀ ဝယ်ယူထားခဲ့ပြီးနောက် ကြီးမားတဲ့အရှုံးနှင့်ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။
အင်္ဂလန်ဟာစနေနေ့ညတုန်းကပြင်သစ်ကို၂-၁ဂိုးဖြင့်ရှုံးနိမ့်ကာကမ္ဘာ့ဖလားကွာတားဖိုင်နယ်အဆင့်မှထွက်ခွာခဲ့ရပါတယ်။
အင်္ဂလန်ရဲ့ကမ္ဘာ့ဖလားပြိုင်ပွဲမှထွက်ခွာခဲ့ရမှုအတွက်ကစားသမားများသာမကပရိသတ်တွေထဲစိတ်ပျက်နေကြပါတယ်။စိတ်ပျက်တဲ့သူထဲမှာ ဒေါ်ဆက်မှစီးပွားရေးလုပ်ငန်းရှင်ကားလ်ဘက်စ်တာကတော့ထိပ်ဆုံးကဖြစ်ပါလိမ့်မယ်။
ဒေါ်ဆက်အခြေစိုက် Wholesale Clearance UKမှမန်နေဂျင်းဒါရိုက်တာဘက်စ်တာဟာအင်္ဂလန်အသင်းသာကမ္ဘာ့ဖလားချန်ပီယံဖြစ်လာမည်ဆိုပါကအင်္ဂလန်ကမ္ဘာ့ဖလားချန်ပီယံအင်္ကျီကိုပေါင်၂၉.၉၉ဖြင့်ရောင်းချရန်စီစဉ်ထားပေမဲ့လည်းယခုအခါပြိုင်ပွဲမှထွက်ခွာရမှုနဲ့အတူယင်းအင်္ကျီအားလုံးကိုအမှိုက်ပုံထဲလွှင့်ပစ်ရမဲ့ကိန်းဆိုက်နေပါတယ်။
ယခုအခါ ၎င်းတို့ဟာယင်းအင်္ဂလန်ကမ္ဘာ့ဖလားချန်ပီယံတီရှပ်များကိုပေါင်၉.၉၉ဖြင့်အရှုံးခံရောင်းချလနေပြီဖြစ်ပါတယ်။
ဘက်စ်တာက “ကမ္ဘာ့ဖလားရှုံးထွက်အဆင့်ကနေအင်္ဂလန်ထွက်ရလို့အရမ်းစိတ်ပျက်ရတယ်။ကာတာကအင်္ဂလန်ခြေစွမ်းအပေါ်တကယ်ပဲအထင်ကြီးခဲ့တယ်။ဒီပြိုင်ပွဲမှာသူတို့ဗိုလ်စွဲမယ်လို့လုံးဝထင်မှတ်ထားခဲ့တယ်။အဲဒီအချိန်မှာSupplier တစ်ခုကအင်္ကျီတွေရောင်းဖို့ရှိတယ်ဆိုပြီးချဉ်းကပ်လာတယ်။ကျွန်တော်လည်းမငြင်းနိုင်ခဲ့မိဘူး။ဒါပေမဲ့အခုတော့သူတို့ချန်ပီယံဖြစ်တဲ့အကြောင်းရေးသားထားတဲ့အင်္ကျီအထည်၁၈၀၀၀ပိုက်မိနေခဲ့ပါတယ်။ဘာလုပ်ရမယ်မှန်းတောင်မသိတော့ဘူး။အင်္ဂလန်ပရိသတ်တွေကို တစ်ထည်စီဝယ်ယူကြဖို့တောင်းဆိုချင်ပါတယ်။သမိုင်းရဲ့အစိတ်အပိုင်းတစ်ရပ်အနေနဲ့ပေါ့။ဒီပြိုင်ပွဲမှာအသင်း ကောင်းကောင်းဖြတ်သန်းခဲ့တာကိုအမှတ်ရတဲ့အနေနဲ့ပေါ့။သူတို့အနိုင်မရခဲ့ပေမဲ့အနိုင်ရခဲ့သလိုဘဲကျွန်တော်မျက်စိထဲမြင်မိပါတယ်”လို့ ပြောကြားသွားပါတယ်။
ZawGyi
ကြီးမားတဲ့အရှုံးနှင့် ရင်ဆိုင်ရတော့မဲ့ အင်္ဂလန်ရဲ့ကမ္ဘာ့ဖလားချန်ပီယံအင်္ကျီ ၁၈၀၀၀ ဝယ်ယူခဲ့တဲ့ ကုမ္ပဏီ