ကြီးမားလှတဲ့အကြွေးပြဿနာကို ကစားသမား ၁၈ ဦးရောင်းပြီး ဖြေရှင်းသွားမယ့် ဘာစီလိုနာ

ဘာစီလိုနာဟာများပြားလှတဲ့အကြွေးပြဿနာကိုအန်တိုနီဂရက်ဇ်မန်း၊ဒမ်ဘီလီ၊ကော်တင်ဟိုအပါအဝင်ကစားသမား၁၈ဦးအထိရောင်းချပြီးဖြေရှင်းဖို့စီစဉ်နေပါတယ်။

ဘာစီလိုနာဟာကိုဗစ်ကာလအတွင်းတွင်ဝင်ငွေလျှော့ကျမှုနဲ့အတူမြင့်တက်လာတဲ့ကြွေးမြီပေါင်၈၆၂ကိုဖြေရှင်းလိုနေပါတယ်။ဘာစီလိုနာဟာအကြွေးပြဿနာရှိနေမှုနဲ့အတူအလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူနိုင်မယ့်ကစားသမားများကိုသာပစ်မှတ်ထားနေရပါတယ်။၎င်းတို့ဟာအာဂျင်တီးနားတိုက်စစ်မှူးအဂူရိုကိုအလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူခဲ့ပြီးဖြစ်ပါတယ်။

ဘာစီလိုနာဥက္ကဌလာပေါ်တာဟာကြွေးမြီများအပြင်အသင်းရဲ့လုပ်ခအသုံးစရိတ်ကိုလည်းဖြေရှင်းလိုနေတာကြောင့်ကစားသမားများကိုထုတ်ရောင်းဖို့စဉ်းစားနေတာလည်းဖြစ်ပါတယ်။ဘာစီလိုနာဟာလက်ရှိအချိန်မှာကမ္ဘာ့လုပ်ခအများဆုံးအသုံးပြုတဲ့ကလပ်အဖြစ်ရပ်တည်နေတဲ့ကလပ်လည်းဖြစ်ပါတယ်။

ဘာစီလိုနာကရောင်းချမယ့်ကစားသမားတွေထဲမှာထွက်ခွာဖို့သေချာသလောက်ရှိနေတာကတော့အသက်၂၈နှစ်ရှိဘရာဇီးစတားကော်တင်ဟိုပါဝင်ပါတယ်။ဒါ့အပြင်အက်သလက်တီကိုမှရောက်လာပြီးနောက်ခြေစွမ်းပြနိုင်ခြင်းမရှိတဲ့ဂရက်ဇ်မန်းအပြင်အကယ်ဒမီထွက်ဆာဂျီရောဘတ်တိုလည်းပါဝင်ပါတယ်။

ဒါ့အပြင်ဘာစီလိုနာဟာအသင်းရဲ့အဓိကကစားသမားများဖြစ်ကြတဲ့ဂျော်ဒီအယ်လ်ဘာ၊လင်ဂလက်နှင့်ပီယာနစ်တို့လည်းပါဝင်ပါတယ်။အခြားတစ်ဖက်မှာနေရာပျောက်နေတဲ့ဆင်မြူရယ်အုမ်တီတီ၊ဂျူနီယာ၊ဖာပို၊မာတင်ဘရစ်ဝှိုက်၊မားသရူးဖာနန်ဒက်စ်တို့လည်းပါဝင်ပါတယ်။

ဘာစီလိုနာဟာလုပ်ခလျှော့ယူဖို့သဘောတူညီထားပေမယ့်လုပ်ခလျှော့ချတဲ့အနေဖြင့်ပီကေး၊ရီကေးပတ်ဂျ်၊ဖရန်ဆစ္စကိုထရန်ကာအို၊အီမာဆင်၊ဂါရတ်ပီကေး၊ဆာဂျီနိုဘက်စ်တို့ကိုလည်းရောင်းချနိုင်ပါတယ်။

ZawGyi

ႀကီးမားလွတဲ့အေႂကြးျပႆနာကို ကစားသမား ၁၈ ဦးေရာင္းၿပီး ေျဖရွင္းသြားမယ့္ ဘာစီလိုနာ

ဘာစီလိုနာဟာမ်ားျပားလွတဲ့အေႂကြးျပႆနာကိုအန္တိုနီဂရက္ဇ္မန္း၊ဒမ္ဘီလီ၊ေကာ္တင္ဟိုအပါအဝင္ကစားသမား၁၈ဦးအထိေရာင္းခ်ၿပီးေျဖရွင္းဖို႔စီစဥ္ေနပါတယ္။

ဘာစီလိုနာဟာကိုဗစ္ကာလအတြင္းတြင္ဝင္ေငြေလွ်ာ့က်မႈနဲ႔အတူျမင့္တက္လာတဲ့ေႂကြးၿမီေပါင္၈၆၂ကိုေျဖရွင္းလိုေနပါတယ္။ဘာစီလိုနာဟာအေႂကြးျပႆနာရွိေနမႈနဲ႔အတူအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေခၚယူႏိုင္မယ့္ကစားသမားမ်ားကိုသာပစ္မွတ္ထားေနရပါတယ္။၎တို႔ဟာအာဂ်င္တီးနားတိုက္စစ္မႉးအဂူ႐ိုကိုအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေခၚယူခဲ့ၿပီးျဖစ္ပါတယ္။

ဘာစီလိုနာဥကၠဌလာေပၚတာဟာေႂကြးၿမီမ်ားအျပင္အသင္းရဲ႕လုပ္ခအသုံးစရိတ္ကိုလည္းေျဖရွင္းလိုေနတာေၾကာင့္ကစားသမားမ်ားကိုထုတ္ေရာင္းဖို႔စဥ္းစားေနတာလည္းျဖစ္ပါတယ္။ဘာစီလိုနာဟာလက္ရွိအခ်ိန္မွာကမာၻ႔လုပ္ခအမ်ားဆုံးအသုံးျပဳတဲ့ကလပ္အျဖစ္ရပ္တည္ေနတဲ့ကလပ္လည္းျဖစ္ပါတယ္။

ဘာစီလိုနာကေရာင္းခ်မယ့္ကစားသမားေတြထဲမွာထြက္ခြာဖို႔ေသခ်ာသေလာက္ရွိေနတာကေတာ့အသက္၂၈ႏွစ္ရွိဘရာဇီးစတားေကာ္တင္ဟိုပါဝင္ပါတယ္။ဒါ့အျပင္အက္သလက္တီကိုမွေရာက္လာၿပီးေနာက္ေျခစြမ္းျပႏိုင္ျခင္းမရွိတဲ့ဂရက္ဇ္မန္းအျပင္အကယ္ဒမီထြက္ဆာဂ်ီေရာဘတ္တိုလည္းပါဝင္ပါတယ္။

ဒါ့အျပင္ဘာစီလိုနာဟာအသင္းရဲ႕အဓိကကစားသမားမ်ားျဖစ္ၾကတဲ့ေဂ်ာ္ဒီအယ္လ္ဘာ၊လင္ဂလက္ႏွင့္ပီယာနစ္တို႔လည္းပါဝင္ပါတယ္။အျခားတစ္ဖက္မွာေနရာေပ်ာက္ေနတဲ့ဆင္ျမဴရယ္အုမ္တီတီ၊ဂ်ဴနီယာ၊ဖာပို၊မာတင္ဘရစ္ဝႈိက္၊မားသ႐ူးဖာနန္ဒက္စ္တို႔လည္းပါဝင္ပါတယ္။

ဘာစီလိုနာဟာလုပ္ခေလွ်ာ့ယူဖို႔သေဘာတူညီထားေပမယ့္လုပ္ခေလွ်ာ့ခ်တဲ့အေနျဖင့္ပီေကး၊ရီေကးပတ္ဂ်္၊ဖရန္ဆစၥကိုထရန္ကာအို၊အီမာဆင္၊ဂါရတ္ပီေကး၊ဆာဂ်ီႏိုဘက္စ္တို႔ကိုလည္းေရာင္းခ်ႏိုင္ပါတယ္။