ကြီးလေးတဲ့အပြစ်ဒဏ်ချမှတ်ခံရမယ်လို့ သတိပေးခံရပြီးနောက် နိုင်ငံတော်သီချင်းသီဆိုလာတဲ့ အီရန်အသင်း

အီရန်အသင်းကစားသမားများဟာအင်္ဂလန်နှင့်ကမ္ဘာ့ဖလားအဖွင့်ပွဲတွင်နိုင်ငံတော်သီချင်းသီဆိုခဲ့ခြင်းမရှိပေမဲ့လည်းမနေ့ညတုန်းကဝေးလ်ကိုအနိုင်ရဲ့ပွဲမှာတော့နိုင်ငံတော်သီချင်းသီဆိုလာခဲ့ကြပါတယ်။

အီရန်ကစားသမားတို့ဟာတနင်္လာနေ့တုန်းက Khalifa International Stadium တွင်ကစားတဲ့ပွဲစဉ်တွင်အီရန်နိုင်ငံအတွင်းလှုပ်ရှားနေတဲ့ဆန္ဒပြသပိတ်မှောက်များကိုထောက်ခံတဲ့အနေဖြင့်နိုင်ငံတော်သီချင်းမသီဆိုခဲ့ကြပါဘူး။

ဒါပေမဲ့သောကြာနေ့တုန်းကဝေးလ်ကိုအနိုင်ရတဲ့ပွဲမှာတော့အီရန်ကစားသမားများဟာနိုင်ငံတော်သီချင်းကိုသီဆိုလာခဲ့ကြပါတယ်။

ဒါပေမဲ့အီရန်ပရိသတ်များဟာအီရန်ကစားသမားများကနိုင်ငံတော်သီချင်းသီဆိုလာချိန်မှာလှောင်ပြောင်အော်ဟစ်မှုပြုလုပ်ခဲ့ကြပါတယ်။

အီရန်ကစားသမားများဟာအင်္ဂလန်နှင့်အဖွင့်ပွဲတွင်နိုင်ငံတော်သီချင်းမသီဆိုပြီးနောက်ပြန်ရောက်လာချိန်တွင်သေဒဏ်အထိအပြစ်ပေးခံရနိုင်ကြောင်းတရားစီရင်ရေးဌာနရဲ့သတိပေးခြင်းခံရပြီးနောက်ဝေးလ်နှင့်ပွဲတွင်နိုင်ငံတော်သီချင်းသီဆိုလာတာလည်းဖြစ်ပါတယ်။

ဒါ့အပြင်မနေ့တုန်းကဝေးလ်ကို၂-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲစဉ်တွင်အီရန်ပရိသတ်များဟာလည်းအီရန်နိုင်ငံအတွင်းအမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုများနှင့်ပတ်သက်ပြီးထောက်ခံတဲ့လှုပ်ရှားမှုပြုလုပ်ခဲ့ကြပါတယ်။

အမျိုးသမီးတစ်ဦးဟာမျက်လုံးမှ အနက်ရောင်မျက်ရည်ကျနေတဲ့ဒီဇိုင်းပုံဖော်ထားသလို နံပါတ်၂၂ ပါ Mahsa Amini အမည်ရေးသားထားတဲ့အင်္ကျီကိုင်ဆောင်ခဲ့ပါတယ်။

ဒါပေမဲ့ကွင်းအတွင်းရှိလုံခြုံရေးများဟာယင်းအမျိုးသမီးရဲ့မျက်နှာတွင်ချည်ထားမှုကိုဆေးကြောစေခဲ့တဲ့အပြင်အခြားဆန္ဒပြသူများထံမှဆိုင်းဘုတ်များကိုလည်းဖယ်ရှားမှုပြုလုပ်ခဲ့ကြောင်းသိရပါတယ်။၊

ZawGyi

ႀကီးေလးတဲ့အျပစ္ဒဏ္ခ်မွတ္ခံရမယ္လို႔ သတိေပးခံရၿပီးေနာက္ ႏိုင္ငံေတာ္သီခ်င္းသီဆိုလာတဲ့ အီရန္အသင္း

အီရန္အသင္းကစားသမားမ်ားဟာအဂၤလန္ႏွင့္ကမာၻ႔ဖလားအဖြင့္ပြဲတြင္ႏိုင္ငံေတာ္သီခ်င္းသီဆိုခဲ့ျခင္းမရွိေပမဲ့လည္းမေန႔ညတုန္းကေဝးလ္ကိုအႏိုင္ရဲ႕ပြဲမွာေတာ့ႏိုင္ငံေတာ္သီခ်င္းသီဆိုလာခဲ့ၾကပါတယ္။

အီရန္ကစားသမားတို႔ဟာတနလၤာေန႔တုန္းက Khalifa International Stadium တြင္ကစားတဲ့ပြဲစဥ္တြင္အီရန္ႏိုင္ငံအတြင္းလႈပ္ရွားေနတဲ့ဆႏၵျပသပိတ္ေမွာက္မ်ားကိုေထာက္ခံတဲ့အေနျဖင့္ႏိုင္ငံေတာ္သီခ်င္းမသီဆိုခဲ့ၾကပါဘူး။

ဒါေပမဲ့ေသာၾကာေန႔တုန္းကေဝးလ္ကိုအႏိုင္ရတဲ့ပြဲမွာေတာ့အီရန္ကစားသမားမ်ားဟာႏိုင္ငံေတာ္သီခ်င္းကိုသီဆိုလာခဲ့ၾကပါတယ္။

ဒါေပမဲ့အီရန္ပရိသတ္မ်ားဟာအီရန္ကစားသမားမ်ားကႏိုင္ငံေတာ္သီခ်င္းသီဆိုလာခ်ိန္မွာေလွာင္ေျပာင္ေအာ္ဟစ္မႈျပဳလုပ္ခဲ့ၾကပါတယ္။

အီရန္ကစားသမားမ်ားဟာအဂၤလန္ႏွင့္အဖြင့္ပြဲတြင္ႏိုင္ငံေတာ္သီခ်င္းမသီဆိုၿပီးေနာက္ျပန္ေရာက္လာခ်ိန္တြင္ေသဒဏ္အထိအျပစ္ေပးခံရႏိုင္ေၾကာင္းတရားစီရင္ေရးဌာနရဲ႕သတိေပးျခင္းခံရၿပီးေနာက္ေဝးလ္ႏွင့္ပြဲတြင္ႏိုင္ငံေတာ္သီခ်င္းသီဆိုလာတာလည္းျဖစ္ပါတယ္။

ဒါ့အျပင္မေန႔တုန္းကေဝးလ္ကို၂-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲစဥ္တြင္အီရန္ပရိသတ္မ်ားဟာလည္းအီရန္ႏိုင္ငံအတြင္းအမ်ိဳးသမီးအခြင့္အေရးလႈပ္ရွားမႈမ်ားႏွင့္ပတ္သက္ၿပီးေထာက္ခံတဲ့လႈပ္ရွားမႈျပဳလုပ္ခဲ့ၾကပါတယ္။

အမ်ိဳးသမီးတစ္ဦးဟာမ်က္လုံးမွ အနက္ေရာင္မ်က္ရည္က်ေနတဲ့ဒီဇိုင္းပုံေဖာ္ထားသလို နံပါတ္၂၂ ပါ Mahsa Amini အမည္ေရးသားထားတဲ့အက်ႌကိုင္ေဆာင္ခဲ့ပါတယ္။

ဒါေပမဲ့ကြင္းအတြင္းရွိလုံၿခဳံေရးမ်ားဟာယင္းအမ်ိဳးသမီးရဲ႕မ်က္ႏွာတြင္ခ်ည္ထားမႈကိုေဆးေၾကာေစခဲ့တဲ့အျပင္အျခားဆႏၵျပသူမ်ားထံမွဆိုင္းဘုတ္မ်ားကိုလည္းဖယ္ရွားမႈျပဳလုပ္ခဲ့ေၾကာင္းသိရပါတယ္။၊