ကြံ့ခိုင်မှုပိုင်း မတိုးတက်လာလျှင် သုံးမည်မဟုတ်ဟု မရာ့ဇ်ကို ဂွါဒီယိုလာသတိပေး

မန်စီးတီးနည်းပြဂွါဒီယိုလာက ရီယက်မရာ့ဇ်အနေဖြင့်ကြံ့ခိုင်မှုပိုင်းအကောင်းဆုံးပုံစံမရရှိလာပါကပွဲကစားခွင့်ရရှိလာမှာမဟုတ်ကြောင်းသတိပေးပြောကြားလာပါတယ်။

ပေါင်သန်း၆၀တန်တောင်ပံစတားဟာနွေရာသီတုန်းကမန်စီးတီးနှင့်သုံးနှစ်စာချုပ်သစ်ချုပ်ဆိုခဲ့သူဖြစ်ပြီးယင်းနောက်ပိုင်းတွင်မန်စီးတီးမှာနေရာပျောက်ဆုံးလာခဲ့ပါတယ်။

သူဟာယခုရာသီတွင်မန်စီးတီးရဲ့ပရီးမီးယားလိဂ်ပွဲ၈ပွဲတွင်၂ပွဲတည်းသာပွဲထွက်ခွင့်ရထားပါတယ်။

မန်စီးတီးနည်းပြဂွါဒီယိုလာဟာလည်းတောင်ပံတွင်ဂျက်ဂရဲလ်လစ်ရှ်၊ဖီးလ်ဖိုဒန်နှင့်ဘာနာဒိုဆေးလ်ဗားတို့ကိုသာအသုံးပြုလာပါတယ်။

ယခုအခါဂွါဒီယိုလာက “ကြံ့ခိုင်မှုပိုင်းအကောင်းဆုံးပုံစံရလာဖို့ သူလိုအပ်နေတယ်။သူကအရမ်းကောင်းတာကြောင့်သူ့ကိုသင်ကြားစရာမလိုပါဘူး။ဒါကိုသူလည်းသိတယ်။ပြီးတော့ကျွန်တော်ကိုယ်တိုင်ကလည်းရီယက်အကြောင်းကောင်းကောင်းသိတယ်။ကျွန်တော်တို့သူ့ကိုလိုအပ်ပါတယ်။အကောင်းဆုံးပုံစံသူပြန်ရလာဖို့လိုနေတယ်။သူ့ပုဂ္ဂိုလ်ရေးပိုင်း၊အရည်အသွေး၊အရည်အချင်း၊သူ့ရဲ့ပွဲအပေါ်ချစ်ခင်မှုတွေနဲ့ပွဲကစားဖို့သူပျော်မှုတွေပါ။တဆင့်ချင်းလုပ်ရင်တော့အကောင်းဆုံးပုံစံသူရလာမှာပါ”လို့ပြောကြားသွားပါတယ်။

ZawGyi

ႀကံ့ခိုင္မႈပိုင္း မတိုးတက္လာလွ်င္ သုံးမည္မဟုတ္ဟု မရာ့ဇ္ကို ဂြါဒီယိုလာသတိေပး

မန္စီးတီးနည္းျပဂြါဒီယိုလာက ရီယက္မရာ့ဇ္အေနျဖင့္ႀကံ့ခိုင္မႈပိုင္းအေကာင္းဆုံးပုံစံမရရွိလာပါကပြဲကစားခြင့္ရရွိလာမွာမဟုတ္ေၾကာင္းသတိေပးေျပာၾကားလာပါတယ္။

ေပါင္သန္း၆၀တန္ေတာင္ပံစတားဟာေႏြရာသီတုန္းကမန္စီးတီးႏွင့္သုံးႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့သူျဖစ္ၿပီးယင္းေနာက္ပိုင္းတြင္မန္စီးတီးမွာေနရာေပ်ာက္ဆုံးလာခဲ့ပါတယ္။

သူဟာယခုရာသီတြင္မန္စီးတီးရဲ႕ပရီးမီးယားလိဂ္ပြဲ၈ပြဲတြင္၂ပြဲတည္းသာပြဲထြက္ခြင့္ရထားပါတယ္။

မန္စီးတီးနည္းျပဂြါဒီယိုလာဟာလည္းေတာင္ပံတြင္ဂ်က္ဂရဲလ္လစ္ရွ္၊ဖီးလ္ဖိုဒန္ႏွင့္ဘာနာဒိုေဆးလ္ဗားတို႔ကိုသာအသုံးျပဳလာပါတယ္။

ယခုအခါဂြါဒီယိုလာက “ႀကံ့ခိုင္မႈပိုင္းအေကာင္းဆုံးပုံစံရလာဖို႔ သူလိုအပ္ေနတယ္။သူကအရမ္းေကာင္းတာေၾကာင့္သူ႔ကိုသင္ၾကားစရာမလိုပါဘူး။ဒါကိုသူလည္းသိတယ္။ၿပီးေတာ့ကြၽန္ေတာ္ကိုယ္တိုင္ကလည္းရီယက္အေၾကာင္းေကာင္းေကာင္းသိတယ္။ကြၽန္ေတာ္တို႔သူ႔ကိုလိုအပ္ပါတယ္။အေကာင္းဆုံးပုံစံသူျပန္ရလာဖို႔လိုေနတယ္။သူ႔ပုဂၢိဳလ္ေရးပိုင္း၊အရည္အေသြး၊အရည္အခ်င္း၊သူ႔ရဲ႕ပြဲအေပၚခ်စ္ခင္မႈေတြနဲ႔ပြဲကစားဖို႔သူေပ်ာ္မႈေတြပါ။တဆင့္ခ်င္းလုပ္ရင္ေတာ့အေကာင္းဆုံးပုံစံသူရလာမွာပါ”လို႔ေျပာၾကားသြားပါတယ္။