
ရာဖေးလ်ဗာရန်းဟာကြံ့ခိုင်မှုပြည့်ဝလာရန်နီးစပ်နေမှုနှင့်အတူ ပြင်သစ်ရဲ့ကမ္ဘာ့ဖလားပြိုင်ပွဲလူစာရင်းတွင်ပါဝင်လာနိုင်တော့မှာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်နောက်ခံလူဟာအောက်တိုဘာလ၂၂ရက်နေ့တုန်းကချဲလ်ဆီးနှင့်ပွဲစဉ်တွင်ပေါင်ကြွက်သားဒဏ်ရာရရှိသွားပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲအမီကြံ့ခိုင်လာရန်မရေမရာဖြစ်နေခဲ့ပါတယ်။
ဒါပေမဲ့ပြင်သစ်ဒုတိယအသင်းခေါင်းဆောင်ဟာဒဏ်ရာမှပြန်လည်ကောင်းမွန်လာမှုနှင့်အတူအပြေးလေ့ကျင့်ခန်းများစတင်ပြုလုပ်နေပြီဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲအမီကြံ့ခိုင်မှုပြည့်ဝလာမည်ဖြစ်ကြောင်း GFFN ကဖော်ပြလာပါတယ်။
ဒါ့အပြင်ပြင်သစ်မီဒီယာများရဲ့ဖော်ပြမှုအရရီးရဲလ်မက်ဒရစ်နောက်ခံလူဟောင်းဟာယင်းဒဏ်ရာကိုပြင်သစ်လက်ရွေးစင်အသင်းရဲ့ကလဲယားဖောင်တိန်လေ့ကျင့်ရေးစခန်းတွင်ကုသမှုခံယူခဲ့ကြောင်းလည်းသိရပါတယ်။
ပြင်သစ်နည်းပြဒီဒီယာဒက်ချမ့်ဟာအန်ဂိုလိုကန်တီနှင့်ပေါလ်ပေါ့ဘာတို့အားဆုံးရှုံးထားရချိန်တွင်သူတို့ရဲ့အရေးပါတဲ့ကစားသမားတစ်ဦး ဗာရန်း ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာတော့မှာဖြစ်လို့ကျေနပ်နေပါတယ်။
ရာဖေးလ်ဗာရန်းဟာကမ္ဘာ့ဖလားပြိုင်ပွဲတွင်ပြင်သစ်အသင်းခံစစ်တွင် အာဆင်နယ်စတားဝီလီယမ်ဆာလီဘာ၊မိုနာကိုစတားဘီနွိုက်ဘာဒီယာရှဲလ်တို့နှင့်အတူဦးဆောင်လာဖို့ရှိပါတယ်။
ဒါပေမဲ့ရာဖေးလ်ဗာရန်းဟာကြားရက်တွင်ဗီလာကိုဧည့်ခံကစားရမယ့်ခါရာဘောင်ဖလားပွဲတွင်ပါဝင်လာဖို့မရှိဘဲ ယခုအပတ်အကုန်ဖူလ်ဟမ်နှင့်ပွဲတွင်မိနစ်အချို့ဝင်ကစားလာနိုင်ဖို့ရှိပါတယ်။
ZawGyi
ႀကံ့ခိုင္မႈျပည့္ဝလာေတာ့မွာျဖစ္လို႔ ျပင္သစ္ႏွင့္အတူ ကမာၻ႔ဖလားဆင္ႏြဲလာႏိုင္ေတာ့မဲ့ ရာေဖးလ္ဗာရန္း
ရာေဖးလ္ဗာရန္းဟာႀကံ့ခိုင္မႈျပည့္ဝလာရန္နီးစပ္ေနမႈႏွင့္အတူ ျပင္သစ္ရဲ႕ကမာၻ႔ဖလားၿပိဳင္ပြဲလူစာရင္းတြင္ပါဝင္လာႏိုင္ေတာ့မွာျဖစ္ပါတယ္။
မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံလူဟာေအာက္တိုဘာလ၂၂ရက္ေန႔တုန္းကခ်ဲလ္ဆီးႏွင့္ပြဲစဥ္တြင္ေပါင္ႂကြက္သားဒဏ္ရာရရွိသြားၿပီးေနာက္ ကမာၻ႔ဖလားၿပိဳင္ပြဲအမီႀကံ့ခိုင္လာရန္မေရမရာျဖစ္ေနခဲ့ပါတယ္။
ဒါေပမဲ့ျပင္သစ္ဒုတိယအသင္းေခါင္းေဆာင္ဟာဒဏ္ရာမွျပန္လည္ေကာင္းမြန္လာမႈႏွင့္အတူအေျပးေလ့က်င့္ခန္းမ်ားစတင္ျပဳလုပ္ေနၿပီျဖစ္ၿပီး ကမာၻ႔ဖလားၿပိဳင္ပြဲအမီႀကံ့ခိုင္မႈျပည့္ဝလာမည္ျဖစ္ေၾကာင္း GFFN ကေဖာ္ျပလာပါတယ္။
ဒါ့အျပင္ျပင္သစ္မီဒီယာမ်ားရဲ႕ေဖာ္ျပမႈအရရီးရဲလ္မက္ဒရစ္ေနာက္ခံလူေဟာင္းဟာယင္းဒဏ္ရာကိုျပင္သစ္လက္ေ႐ြးစင္အသင္းရဲ႕ကလဲယားေဖာင္တိန္ေလ့က်င့္ေရးစခန္းတြင္ကုသမႈခံယူခဲ့ေၾကာင္းလည္းသိရပါတယ္။
ျပင္သစ္နည္းျပဒီဒီယာဒက္ခ်မ့္ဟာအန္ဂိုလိုကန္တီႏွင့္ေပါလ္ေပါ့ဘာတို႔အားဆုံးရႈံးထားရခ်ိန္တြင္သူတို႔ရဲ႕အေရးပါတဲ့ကစားသမားတစ္ဦး ဗာရန္း ႀကံ့ခိုင္မႈျပန္လည္ျပည့္ဝလာေတာ့မွာျဖစ္လို႔ေက်နပ္ေနပါတယ္။
ရာေဖးလ္ဗာရန္းဟာကမာၻ႔ဖလားၿပိဳင္ပြဲတြင္ျပင္သစ္အသင္းခံစစ္တြင္ အာဆင္နယ္စတားဝီလီယမ္ဆာလီဘာ၊မိုနာကိုစတားဘီႏြိဳက္ဘာဒီယာရွဲလ္တို႔ႏွင့္အတူဦးေဆာင္လာဖို႔ရွိပါတယ္။
ဒါေပမဲ့ရာေဖးလ္ဗာရန္းဟာၾကားရက္တြင္ဗီလာကိုဧည့္ခံကစားရမယ့္ခါရာေဘာင္ဖလားပြဲတြင္ပါဝင္လာဖို႔မရွိဘဲ ယခုအပတ္အကုန္ဖူလ္ဟမ္ႏွင့္ပြဲတြင္မိနစ္အခ်ိဳ႕ဝင္ကစားလာႏိုင္ဖို႔ရွိပါတယ္။