ကြံ့ခိုင်မှုပြည့်ဝလာပြီးနောက် ပြင်သစ်အတွက် ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ကာရမ်ဘန်ဇီးမား ပါဝင်ကစားလာနိုင်

ကာရမ်ဘန်ဇီးမားဟာဒဏ်ရာမှပျောက်ကင်းကာကြံ့ခိုင်မှုပြည့်ဝနေမှုနှင့်အတူ ပြင်သစ်သာကမ္ဘာ့ဖလားဗိုလ်လုပွဲသို့တက်ရောက်ပါကဗိုလ်လုပွဲတွင်ပါဝင်ကစားလာနိုင်ကြောင်းသိရပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင်ဟာကမ္ဘာ့ဖလားပြိုင်ပွဲမစတင်မီတွင်ပင်လေ့ကျင့်ခန်းအစီအစဉ်တွင်ရရှိကာအိမ်ပြန်ခဲ့ရပါတယ်။

ဒါပေမဲ့ပြင်သစ်နည်းပြဒီဒီယာဒက်ချမ့်မှာကာရမ်ဘန်ဇီးမားရဲ့နေရာတွင်အစားထိုးမဲ့ကစားသမားရွေးချယ်ခြင်းမရှိမှုနှင့်အတူရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးမှာပြင်သစ်ရဲ့ကမ္ဘာ့ဖလားလူစာရင်းပါဝင်တစ်ဦးအဖြစ်ရှိနေဆဲဖြစ်ပါတယ်။

လက်ရှိအချိန်တွင်ပြင်သစ်အသင်းမှအက်ဒရီယန်ရာဘီယော့နှင့်အူပါမီကာနိုတို့မှာလည်ချောင်းနာခြင်း၊ဖျားနားခြင်းတို့ကြုံနေတဲ့အပြင်အခြားကစားသမားအချို့တို့မှာလည်းအသေးစားဒဏ်ရာပြဿနာများနှင့်ရင်ဆိုင်နေရပါတယ်။

ဒါကြောင့်လည်းတကယ်လို့များပြင်သစ်သာမော်ရိုကိုကိုကျော်ဖြတ်ပြီးကမ္ဘာ့ဖလားဗိုလ်လုပွဲသို့တက်ရောက်နိုင်ပါကဒီဒီယာဒက်ချမ့်မှာလိုအပ်လာလျှင်ကာရမ်ဘန်ဇီးမားကိုအသုံးပြုလာနိုင်ပါတယ်။

ဒါပေမဲ့တဖက်တွင်ဝါရင့်တိုက်စစ်မှူးအိုလီဗီယာဂျရူးမှာအကောင်းဆုံးခြေစွမ်းဖြင့်ကစားနေကာကမ္ဘာ့ဖလားပြိုင်ပွဲတွင်၄ဂိုးသွင်းထားနိုင်မှုနဲ့အတူ ဘန်ဇီးမားကိုပြန်လည်ခေါ်ယူဖို့မလွယ်ကူပါဘူး။

ZawGyi

ႀကံ့ခိုင္မႈျပည့္ဝလာၿပီးေနာက္ ျပင္သစ္အတြက္ ကမာၻ႔ဖလားဗိုလ္လုပြဲတြင္ ကာရမ္ဘန္ဇီးမား ပါဝင္ကစားလာႏိုင္

ကာရမ္ဘန္ဇီးမားဟာဒဏ္ရာမွေပ်ာက္ကင္းကာႀကံ့ခိုင္မႈျပည့္ဝေနမႈႏွင့္အတူ ျပင္သစ္သာကမာၻ႔ဖလားဗိုလ္လုပြဲသို႔တက္ေရာက္ပါကဗိုလ္လုပြဲတြင္ပါဝင္ကစားလာႏိုင္ေၾကာင္းသိရပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းေခါင္းေဆာင္ဟာကမာၻ႔ဖလားၿပိဳင္ပြဲမစတင္မီတြင္ပင္ေလ့က်င့္ခန္းအစီအစဥ္တြင္ရရွိကာအိမ္ျပန္ခဲ့ရပါတယ္။

ဒါေပမဲ့ျပင္သစ္နည္းျပဒီဒီယာဒက္ခ်မ့္မွာကာရမ္ဘန္ဇီးမားရဲ႕ေနရာတြင္အစားထိုးမဲ့ကစားသမားေ႐ြးခ်ယ္ျခင္းမရွိမႈႏွင့္အတူရီးရဲလ္မက္ဒရစ္တိုက္စစ္မႉးမွာျပင္သစ္ရဲ႕ကမာၻ႔ဖလားလူစာရင္းပါဝင္တစ္ဦးအျဖစ္ရွိေနဆဲျဖစ္ပါတယ္။

လက္ရွိအခ်ိန္တြင္ျပင္သစ္အသင္းမွအက္ဒရီယန္ရာဘီေယာ့ႏွင့္အူပါမီကာႏိုတို႔မွာလည္ေခ်ာင္းနာျခင္း၊ဖ်ားနားျခင္းတို႔ႀကဳံေနတဲ့အျပင္အျခားကစားသမားအခ်ိဳ႕တို႔မွာလည္းအေသးစားဒဏ္ရာျပႆနာမ်ားႏွင့္ရင္ဆိုင္ေနရပါတယ္။

ဒါေၾကာင့္လည္းတကယ္လို႔မ်ားျပင္သစ္သာေမာ္႐ိုကိုကိုေက်ာ္ျဖတ္ၿပီးကမာၻ႔ဖလားဗိုလ္လုပြဲသို႔တက္ေရာက္ႏိုင္ပါကဒီဒီယာဒက္ခ်မ့္မွာလိုအပ္လာလွ်င္ကာရမ္ဘန္ဇီးမားကိုအသုံးျပဳလာႏိုင္ပါတယ္။

ဒါေပမဲ့တဖက္တြင္ဝါရင့္တိုက္စစ္မႉးအိုလီဗီယာဂ်႐ူးမွာအေကာင္းဆုံးေျခစြမ္းျဖင့္ကစားေနကာကမာၻ႔ဖလားၿပိဳင္ပြဲတြင္၄ဂိုးသြင္းထားႏိုင္မႈနဲ႔အတူ ဘန္ဇီးမားကိုျပန္လည္ေခၚယူဖို႔မလြယ္ကူပါဘူး။