ကြံ့ခိုင်မှုအခြေအနေ ပိုမိုကောင်းမွန်လာပြီဖြစ်ကြောင်း ကန်တီဖွင့်ဟ

အန်ဂိုလိုကန်တီက၎င်းရဲ့ကြံ့ခိုင်မှုအခြေအနေမှာပိုမိုကောင်းမွန်လာပြီဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။ပြင်သစ်ကွင်းလယ်ကစားသမားဟာပေါင်ခြံဒဏ်ရာကြောင့်ချဲလ်ဆီးနှင့်ပွဲသုံးပွဲကိုလွဲချော်ခဲ့သူဖြစ်ပြီးတနင်္ဂနွေနေ့တုန်းကစပါးစ်နှင့်လန်ဒန်ဒါဘီပွဲတွင်လူစားဝင်ရောက်ကစားကာဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

သူဟာစပါးစ်နှင့်ပွဲတွင်အရန်အဖြစ်ဝင်ရောက်ကစားမှုနဲ့အတူကြံ့ခိုင်မှုပိုင်းတိုးတက်လာနေလျက်ရှိနေပြီးမကြာမီကာလအတွင်းမှာကြံ့ခိုင်မှုပြည့်ဝလာဖို့ရှိနေပါတယ်။

ကန်တီက “ပိုကောင်းလာပါတယ်။ကျွန်တော်တို့ဟာဒဏ်ရာကိုအကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ပါတယ်။ကွင်းထဲသို့ပြန်ဝင်ကစားနိုင်ခဲ့တယ်။ပြန်ကစားနိုင်လို့ဝမ်းသာပါတယ်။အရင်ကထက်ပိုကောင်းလာတယ်လို့ခံစားရပါတယ်”လို့ပြောကြားသွားပါတယ်။

စပါးစ်နှင့်ပွဲစဉ်မှာကန်တီဟာမေဆင်မောင့်အစားဝင်ရောက်ကစားခဲ့တာဖြစ်ပြီး၃-၀ဂိုးဖြင့်အနိုင်ရရှိအောင်ကူညီနိုင်ခဲ့ပါတယ်။

ZawGyi




