ကြွက်သားဒဏ်ရာကြောင့် လက်စတာနှင့်ပွဲကို လီဗာပူးရဲ့ဖာဘင်ဟို လွဲချော်မည်

ဖာဘင်ဟိုဒဏ်ရာကြောင့်လက်စတာပွဲစဉ်ကိုလွဲချော်မှာဖြစ်လို့လီဗာပူးရဲ့နောက်တန်းပြဿနာမှာဆိုးရွားသထက် ဆိုးရွားလာနေပါတယ်။

ဘရာဇီးကွင်းလယ်ကစားသမားဟာဗာဂယ်ဗန်ဒိုက်နှင့်ဂျိုးဂိုမက်ဇ်တို့ဒူးဒဏ်ရာကြောင့်အနားယူနေစဉ်ကာလအ တွင်းမှာဗဟိုခံစစ်မှာကစားနေသူဖြစ်ပါတယ်။

ဖာဘင်ဟိုဟာမကြာသေးမီတုန်းကမှတံကောက်ကြောဒဏ်ရာမှပြန်လည်ကောင်းမွန်လာသူဖြစ်ပြီးပြီးခဲ့တဲ့အပတ်ကမန်စီးတီးအား၄-၁ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲမှာပြန်ကစားနိုင်ခဲ့ပါတယ်။

ဒါပေမယ့်အသက်၂၇နှစ်ရှိဖာဘင်ဟိုဟာအသေးစားကြွက်သားဒဏ်ရာထပ်မံရရှိခဲ့ပြီးယနေ့ညတွင်လက်စတာကိုအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ရမယ့်ပွဲအားလွဲချော်ပါဦးမယ်။

သူဟာလာမယ့်အပတ်ကြားရက်မှာလိုက်ဇစ်နှင့်ရင်ဆိုင်ကစားရမယ့်ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်ပထမအကျော့ပွဲစဉ်ကိုလည်းကစားနိုင်ဖို့မရေမရာဖြစ်နေပါသေးတယ်။

လီဗာပူးနည်းပြကလော့ပ်ကလက်စတာနှင့်ပွဲစဉ်တွင်အသင်းခေါင်းဆောင်ဟင်ဒါဆင်ကိုအိုဇန်ခါဘစ်(သို့မဟုတ်)ဘင်ဒါးဗီးစ်တို့နှင့်တွဲကာခံစစ်တွင်အသုံးပြုသွားမယ်လို့ဆိုထားပါတယ်။အဆိုပါနောက်ခံလူနှစ်ဦးတို့ဟာဇန်နဝါရီအ ပြောင်းအရွှေ့တွင်လီဗာပူးသို့ရောက်လာကြသူများဖြစ်ပါတယ်။

ZawGyi

ႂကြက္သားဒဏ္ရာေၾကာင့္ လက္စတာႏွင့္ပြဲကို လီဗာပူးရဲ႕ဖာဘင္ဟို လြဲေခ်ာ္မည္

ဖာဘင္ဟိုဒဏ္ရာေၾကာင့္လက္စတာပြဲစဥ္ကိုလြဲေခ်ာ္မွာျဖစ္လို႔လီဗာပူးရဲ႕ေနာက္တန္းျပႆနာမွာဆိုး႐ြားသထက္ ဆိုး႐ြားလာေနပါတယ္။

ဘရာဇီးကြင္းလယ္ကစားသမားဟာဗာဂယ္ဗန္ဒိုက္ႏွင့္ဂ်ိဳးဂိုမက္ဇ္တို႔ဒူးဒဏ္ရာေၾကာင့္အနားယူေနစဥ္ကာလအ တြင္းမွာဗဟိုခံစစ္မွာကစားေနသူျဖစ္ပါတယ္။

ဖာဘင္ဟိုဟာမၾကာေသးမီတုန္းကမွတံေကာက္ေၾကာဒဏ္ရာမွျပန္လည္ေကာင္းမြန္လာသူျဖစ္ၿပီးၿပီးခဲ့တဲ့အပတ္ကမန္စီးတီးအား၄-၁ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲမွာျပန္ကစားႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္အသက္၂၇ႏွစ္ရွိဖာဘင္ဟိုဟာအေသးစားႂကြက္သားဒဏ္ရာထပ္မံရရွိခဲ့ၿပီးယေန႔ညတြင္လက္စတာကိုအေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ရမယ့္ပြဲအားလြဲေခ်ာ္ပါဦးမယ္။

သူဟာလာမယ့္အပတ္ၾကားရက္မွာလိုက္ဇစ္ႏွင့္ရင္ဆိုင္ကစားရမယ့္ခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္ပထမအေက်ာ့ပြဲစဥ္ကိုလည္းကစားႏိုင္ဖို႔မေရမရာျဖစ္ေနပါေသးတယ္။

လီဗာပူးနည္းျပကေလာ့ပ္ကလက္စတာႏွင့္ပြဲစဥ္တြင္အသင္းေခါင္းေဆာင္ဟင္ဒါဆင္ကိုအိုဇန္ခါဘစ္(သို႔မဟုတ္)ဘင္ဒါးဗီးစ္တို႔ႏွင့္တြဲကာခံစစ္တြင္အသုံးျပဳသြားမယ္လို႔ဆိုထားပါတယ္။အဆိုပါေနာက္ခံလူႏွစ္ဦးတို႔ဟာဇန္နဝါရီအ ေျပာင္းအေ႐ႊ႕တြင္လီဗာပူးသို႔ေရာက္လာၾကသူမ်ားျဖစ္ပါတယ္။