
ဘောလုံးကလပ်ငယ်လေးတစ်ခုဟာကြွယ်ဝချမ်းသာတဲ့ပရိသတ်တစ်ဦးကပေါင်၁သန်းလှူဒါန်းမှုကိုအံ့ဩသင့်ဖွယ်ရရှိသွားခဲ့ပါတယ်။
ဂတ်မန်ဒါအက်ဂါအော်စကာဆင်ဟာအိုက်စလန်မှသူ့အကြိုက်ဆုံးကလပ်ဘရိုင်ဒါဘလစ်ခ်အတွက်အသင်းကိုအကြီးအကျယ်ပြောင်းလဲလာနိုင်စေမဲ့ငွေကြေးလှူဒါန်းမှုပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။
အသက်၈၈နှစ်ရှိပရိသတ်ဟာမကြာသေးမီတုန်းကကွယ်လွန်သွားခဲ့တာဖြစ်ပြီးသူ့သေတမ်းစာထဲတွင်သူ့ဘဝတစ်ခုလုံးအားပေးလာခဲ့တဲ့ အိုက်စလန်ချန်ပီယံသစ်အဖြစ်ငွေကြေးလှူဒါန်းမှုကိုထည့်သွင်းရေးသားထားခဲ့ပါတယ်။
အော်စကာဆင်ဟာ၁၉၃၅ခုနှစ်တွင်မွေးဖွားသူဖြစ်ပြီးသူ့ရဲ့သေတမ်းစာထဲတွင်ကလပ်ကိုပေါင်၁.၁သန်းလှူဒါန်းရန်ထည့်သွင်းရေးသားခဲ့တာလည်းဖြစ်ပါတယ်။
ဘရိုင်ဒါလစ်အသင်းကကိုပါဗိုဂူရှိ ရီဂျာဗစ်မြို့တော်တောင်ပိုင်းတွင်အခြေစိုက်တဲ့အသင်းဖြစ်ပါတယ်။ယင်းအသင်းဟာဘောလုံးအသင်းအပြင်ရေကူးနှင့်ဘတ်စကက်ဘောအားကစားနည်းတို့လည်းကစားနေတဲ့အသင်းဖြစ်ပါတယ်။
ဒါပေမဲ့အော်စကာဆင်ဟာ၁၉၅၀ခုနှစ်ကတည်ထောင်ခဲ့တဲ့ဘောလုံးအသင်းအတွက်ပေါင်၁.၁သန်းလှူဒါန်းရန်သေတမ်းစာထဲတွင်ထည့်သွင်းရေးသားထားခဲ့ပါတယ်။
ဘရိုင်ဒါဘလစ်ဟာကလပ်တည်ထောင်ပြီး၇နှစ်ကြာချိန်တွင်မှပထမဆုံးပရော်ဖက်ရှင်နယ်ပွဲကစားနိုင်ခဲ့တဲ့အသင်းဖြစ်ပြီး၂၀၁၀ခုနှစ်မတိုင်မီတုန်းကလိဂ်ဖလားတစ်ကြိမ်တည်းသာရရှိခဲ့ဖူးပါတယ်။၎င်းတို့ဟာလက်ရှိအိုက်စလန်အဆင့်မြင့်တန်းလိဂ်ရဲ့ချန်ပီယံလည်းဖြစ်ပါတယ်။
ZawGyi
ႂကြယ္ဝခ်မ္းသာတဲ့ အမာခံပရိသတ္ရဲ႕ေသတမ္းစာေၾကာင့္ အလႉေငြ ေပါင္ ၁သန္းေက်ာ္ ရရွိလာတဲ့ ေဘာလုံးကလပ္ငယ္ေလး
ေဘာလုံးကလပ္ငယ္ေလးတစ္ခုဟာႂကြယ္ဝခ်မ္းသာတဲ့ပရိသတ္တစ္ဦးကေပါင္၁သန္းလႉဒါန္းမႈကိုအံ့ဩသင့္ဖြယ္ရရွိသြားခဲ့ပါတယ္။
ဂတ္မန္ဒါအက္ဂါေအာ္စကာဆင္ဟာအိုက္စလန္မွသူ႔အႀကိဳက္ဆုံးကလပ္ဘ႐ိုင္ဒါဘလစ္ခ္အတြက္အသင္းကိုအႀကီးအက်ယ္ေျပာင္းလဲလာႏိုင္ေစမဲ့ေငြေၾကးလႉဒါန္းမႈျပဳလုပ္ခဲ့တာလည္းျဖစ္ပါတယ္။
အသက္၈၈ႏွစ္ရွိပရိသတ္ဟာမၾကာေသးမီတုန္းကကြယ္လြန္သြားခဲ့တာျဖစ္ၿပီးသူ႔ေသတမ္းစာထဲတြင္သူ႔ဘဝတစ္ခုလုံးအားေပးလာခဲ့တဲ့ အိုက္စလန္ခ်န္ပီယံသစ္အျဖစ္ေငြေၾကးလႉဒါန္းမႈကိုထည့္သြင္းေရးသားထားခဲ့ပါတယ္။
ေအာ္စကာဆင္ဟာ၁၉၃၅ခုႏွစ္တြင္ေမြးဖြားသူျဖစ္ၿပီးသူ႔ရဲ႕ေသတမ္းစာထဲတြင္ကလပ္ကိုေပါင္၁.၁သန္းလႉဒါန္းရန္ထည့္သြင္းေရးသားခဲ့တာလည္းျဖစ္ပါတယ္။
ဘ႐ိုင္ဒါလစ္အသင္းကကိုပါဗိုဂူရွိ ရီဂ်ာဗစ္ၿမိဳ႕ေတာ္ေတာင္ပိုင္းတြင္အေျခစိုက္တဲ့အသင္းျဖစ္ပါတယ္။ယင္းအသင္းဟာေဘာလုံးအသင္းအျပင္ေရကူးႏွင့္ဘတ္စကက္ေဘာအားကစားနည္းတို႔လည္းကစားေနတဲ့အသင္းျဖစ္ပါတယ္။
ဒါေပမဲ့ေအာ္စကာဆင္ဟာ၁၉၅၀ခုႏွစ္ကတည္ေထာင္ခဲ့တဲ့ေဘာလုံးအသင္းအတြက္ေပါင္၁.၁သန္းလႉဒါန္းရန္ေသတမ္းစာထဲတြင္ထည့္သြင္းေရးသားထားခဲ့ပါတယ္။
ဘ႐ိုင္ဒါဘလစ္ဟာကလပ္တည္ေထာင္ၿပီး၇ႏွစ္ၾကာခ်ိန္တြင္မွပထမဆုံးပေရာ္ဖက္ရွင္နယ္ပြဲကစားႏိုင္ခဲ့တဲ့အသင္းျဖစ္ၿပီး၂၀၁၀ခုႏွစ္မတိုင္မီတုန္းကလိဂ္ဖလားတစ္ႀကိမ္တည္းသာရရွိခဲ့ဖူးပါတယ္။၎တို႔ဟာလက္ရွိအိုက္စလန္အဆင့္ျမင့္တန္းလိဂ္ရဲ႕ခ်န္ပီယံလည္းျဖစ္ပါတယ္။