ကြွေးမြီပေါင် ၁.၂ ဘီလီယံလုံးကို ဖြေရှင်းပေးရန် ကမ်းလှမ်းမှုရရှိထားတဲ့ ဘာစီလိုနာ

ဘာစီလိုနာဟာသူတို့တင်နေတဲ့ကြွေးမြီပေါင်၁.၂ဘီလီယံလုံးအားကူညီဖြေရှင်းပေးရန် ဒူဘိုင်းကုမ္ပဏီတစ်ခုထံမှ ကမ်းလှမ်းမှုရရှိထားပါတယ်။

စပိန်ရုပ်သံသတင်းဌာန 8TV ရဲ့ဖော်ပြချက်အရအမည်ဖော်ပြနိုင်ခြင်းမရှိတဲ့ဒူဘိုင်းကုမ္ပဏီဟာဘာစီလိုနာရဲ့ကြွေးမြီအားလုံးကိုဝယ်ယူရန်ကမ်းလှမ်းလာတာလည်းဖြစ်ပါတယ်။ယင်းကမ်းလှမ်းမှုကကြွေးမြီပိနေမှုကြောင့်အကျပ်အတည်းကြုံနေရတဲ့ဘာစီလိုနာအတွက်အသက်ရှူရှောင်ခွင့်ရရှိသွားစေမှာအမှန်ပါ။

ဘာစီလိုနာဟာကြွေးမြီဝယ်ယူလိုက်တဲ့ယင်းဒူဘိုင်းဖြေရှင်းပေးပါကယင်းကြွေးမြီများနှင့်အတိုးတို့ကိုဆယ်နှစ်အရစ်ကျစနစ်ဖြင့်ပြန်ပေးရမှာလည်းဖြစ်ပါတယ်။

ဘာစီလိုနာဟာဘဏ္ဍာရေးအကျပ်အတည်းကြောင့်မက်ဆီအပါအဝင်ဂရက်ဇ်မန်း၊အီမာဆင်ရွိုင်ရယ်တို့အပါအဝင်အဓိကကစားသမားများစွာတို့ကိုလက်လွှတ်ခဲ့ရပါတယ်။

ဘာစီလိုနာဟာဘဏ္ဍာရေးပြဿနာများနှင့်ကြုံရပေမယ့်လာလီဂါရဲ့ရှယ်ယာ ၁၀ရာခိုင်နှုန်းကိုပေါင်၂ဘီလီယံနီးပါးဖြင့်ဝယ်ယူလာတဲ့အမေရိကန်ကုမ္ပဏီရဲ့ရင်းနှီးမြှပ်နှံမှုမှရရှိလာမယ့်ငွေကြေးကိုလက်ခံရန်ငြင်းဆိုခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် ဘာစီလိုနာအတွက်ကြွေးမြီအားလုံးကိုဝယ်ယူရန်ဒူဘိုင်းကုမ္ပဏီတစ်ခုကကမ်းလှမ်းလာမှုကသူတို့အတွက်အမှန်တကယ်လိုအပ်နေတဲ့အကူအညီဆိုတာကတော့သေချာနေပါတယ်။

ဘာစီလိုနာဥက္ကဌလာပေါ်တာနဲ့ဘုတ်အဖွဲ့ဝင်များကဒူဘိုင်းကုမ္ပဏီရဲ့အကူအညီကိုရယူလာကြမလားဆိုတာစောင့်ကြည့်ရပါမယ်။

ZawGyi

ေႂကြးၿမီေပါင္ ၁.၂ ဘီလီယံလုံးကို ေျဖရွင္းေပးရန္ ကမ္းလွမ္းမႈရရွိထားတဲ့ ဘာစီလိုနာ

ဘာစီလိုနာဟာသူတို႔တင္ေနတဲ့ေႂကြးၿမီေပါင္၁.၂ဘီလီယံလုံးအားကူညီေျဖရွင္းေပးရန္ ဒူဘိုင္းကုမၸဏီတစ္ခုထံမွ ကမ္းလွမ္းမႈရရွိထားပါတယ္။

စပိန္႐ုပ္သံသတင္းဌာန 8TV ရဲ႕ေဖာ္ျပခ်က္အရအမည္ေဖာ္ျပႏိုင္ျခင္းမရွိတဲ့ဒူဘိုင္းကုမၸဏီဟာဘာစီလိုနာရဲ႕ေႂကြးၿမီအားလုံးကိုဝယ္ယူရန္ကမ္းလွမ္းလာတာလည္းျဖစ္ပါတယ္။ယင္းကမ္းလွမ္းမႈကေႂကြးၿမီပိေနမႈေၾကာင့္အက်ပ္အတည္းႀကဳံေနရတဲ့ဘာစီလိုနာအတြက္အသက္ရႉေရွာင္ခြင့္ရရွိသြားေစမွာအမွန္ပါ။

ဘာစီလိုနာဟာေႂကြးၿမီဝယ္ယူလိုက္တဲ့ယင္းဒူဘိုင္းေျဖရွင္းေပးပါကယင္းေႂကြးၿမီမ်ားႏွင့္အတိုးတို႔ကိုဆယ္ႏွစ္အရစ္က်စနစ္ျဖင့္ျပန္ေပးရမွာလည္းျဖစ္ပါတယ္။

ဘာစီလိုနာဟာဘ႑ာေရးအက်ပ္အတည္းေၾကာင့္မက္ဆီအပါအဝင္ဂရက္ဇ္မန္း၊အီမာဆင္႐ြိဳင္ရယ္တို႔အပါအဝင္အဓိကကစားသမားမ်ားစြာတို႔ကိုလက္လႊတ္ခဲ့ရပါတယ္။

ဘာစီလိုနာဟာဘ႑ာေရးျပႆနာမ်ားႏွင့္ႀကဳံရေပမယ့္လာလီဂါရဲ႕ရွယ္ယာ ၁၀ရာခိုင္ႏႈန္းကိုေပါင္၂ဘီလီယံနီးပါးျဖင့္ဝယ္ယူလာတဲ့အေမရိကန္ကုမၸဏီရဲ႕ရင္းႏွီးျမႇပ္ႏွံမႈမွရရွိလာမယ့္ေငြေၾကးကိုလက္ခံရန္ျငင္းဆိုခဲ့ပါတယ္။

ဘာပဲျဖစ္ျဖစ္ ဘာစီလိုနာအတြက္ေႂကြးၿမီအားလုံးကိုဝယ္ယူရန္ဒူဘိုင္းကုမၸဏီတစ္ခုကကမ္းလွမ္းလာမႈကသူတို႔အတြက္အမွန္တကယ္လိုအပ္ေနတဲ့အကူအညီဆိုတာကေတာ့ေသခ်ာေနပါတယ္။

ဘာစီလိုနာဥကၠဌလာေပၚတာနဲ႔ဘုတ္အဖြဲ႕ဝင္မ်ားကဒူဘိုင္းကုမၸဏီရဲ႕အကူအညီကိုရယူလာၾကမလားဆိုတာေစာင့္ၾကည့္ရပါမယ္။