ကြွေးမြီယူရို၉၀၁သန်းအထိ တင်နေပြီဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်ဟာသူတို့ရဲ့ဘဏ္ဍာရေးအခြေအနေကို ထုတ်ပြန်ကြေညာလာပါတယ်။ရီးရဲလ်မက်ဒရစ်ဟာယူရို ၉၀၁သန်းအထိကြွေးမြီတင်ရှိနေပြီးပြိုင်ဘက်ဘာစီလိုနာထက်ကြွေးမြီအနည်းငယ်သာနည်းပါးနေပါတယ်။

ပြီးခဲ့တဲ့နှစ်မှာဘောလုံးကလပ်များဟာကိုဗစ်ကြောင့်ဘောလုံးပွဲများကိုပရိသတ်မပါဘဲကစားရမှုနှင့်အတူဝင်ငွေများစွာကျဆင်းခဲ့ပါတယ်။ရီးရဲလ်မက်ဒရစ်ဟာလည်းဝင်ငွေများစွာထိခိုက်မှုနဲ့အတူနွေရာသီအပြောင်းအရွှေ့ဈေးကွက် တုန်းကကစားသမားသစ်ခေါ်ယူနိုင်ခဲ့ခြင်းမရှိပါဘူး။

ရီးရဲလ်မက်ဒရစ်ဟာပြီးခဲ့တဲ့နှစ်တုန်းကကြွေးမြီယူရို၃၅၅သန်းတင်ခဲ့ကာယင်းမှယူရို၁၁၄သန်းကဘာနေဗျူးကွင်း အားပြန်လည်တည်ဆောက်မှုကြောင့်ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာကိုဗစ်ကာလအတွင်းမှာအသင်းအတွက်အကျိုးလာစေမယ့်အရာအဖြစ်ဘာနေဗျူးကွင်းကို တိုးချဲ့တည်ဆောက်မှုများပြုလုပ်နေပြီးအိမ်ကွင်းပွဲစဉ်များကိုအယ်လ်ဖရီဒိုဒီစတာဖာနိုကွင်းမှာကစားနေပါတယ်။

ရီးရဲလ်မက်ဒရစ်အတွက်ကံကောင်းတာကတော့ကာလတိုအတွင်းပေးရမယ့်အကြွေးမြီကယူရို၂၀၃သန်းတည်းသာ ရှိနေတာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာနွေရာသီတုန်းကဟာကီမီ၊ရီဂိုလွန်၊အော်စကာရိုဒရီဂွက်ဇ်တို့ကိုရောင်းချခဲ့ရပြီးဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာခွင့်ပေးခဲ့ကာဘေးလ်နှင့်မာယိုရယ်တို့ကိုလည်းအငှားဖြင့်ထွက်ခွာခွင့် ပေးခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာလည်းလူကာဂျိုဗစ်နှင့်မာတင်အိုဒီဂတ်တို့ကိုလည်းကာလတိုအငှားချကာလုပ်ခသက်သာအောင်လုပ်ဆောင်ထားရပါတယ်။

ယင်းသို့ဘဏ္ဍာရေးပြဿနာအကြီးအကျယ်ရင်ဆိုင်နေရမှုနဲ့အတူဘာစီလိုနာ၊ရီးရဲလ်မက်ဒရစ်အပါအဝင်ဥရောပထိပ်သီးကလပ်များဟာငွေများစွာရရှိလာမယ့်ဥရောပစူပါလိဂ်ပြိုင်ပွဲကျင်းပရေးလုပ်ဆောင်နေကြတအံ့ဩစရာတော့ မရှိပါဘူး။

ZawGyi

ေႂကြးၿမီယူ႐ို၉၀၁သန္းအထိ တင္ေနၿပီျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္

ရီးရဲလ္မက္ဒရစ္ဟာသူတို႔ရဲ႕ဘ႑ာေရးအေျခအေနကို ထုတ္ျပန္ေၾကညာလာပါတယ္။ရီးရဲလ္မက္ဒရစ္ဟာယူ႐ို ၉၀၁သန္းအထိေႂကြးၿမီတင္ရွိေနၿပီးၿပိဳင္ဘက္ဘာစီလိုနာထက္ေႂကြးၿမီအနည္းငယ္သာနည္းပါးေနပါတယ္။

ၿပီးခဲ့တဲ့ႏွစ္မွာေဘာလုံးကလပ္မ်ားဟာကိုဗစ္ေၾကာင့္ေဘာလုံးပြဲမ်ားကိုပရိသတ္မပါဘဲကစားရမႈႏွင့္အတူဝင္ေငြမ်ားစြာက်ဆင္းခဲ့ပါတယ္။ရီးရဲလ္မက္ဒရစ္ဟာလည္းဝင္ေငြမ်ားစြာထိခိုက္မႈနဲ႔အတူေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္ တုန္းကကစားသမားသစ္ေခၚယူႏိုင္ခဲ့ျခင္းမရွိပါဘူး။

ရီးရဲလ္မက္ဒရစ္ဟာၿပီးခဲ့တဲ့ႏွစ္တုန္းကေႂကြးၿမီယူ႐ို၃၅၅သန္းတင္ခဲ့ကာယင္းမွယူ႐ို၁၁၄သန္းကဘာေနဗ်ဴးကြင္း အားျပန္လည္တည္ေဆာက္မႈေၾကာင့္ျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာကိုဗစ္ကာလအတြင္းမွာအသင္းအတြက္အက်ိဳးလာေစမယ့္အရာအျဖစ္ဘာေနဗ်ဴးကြင္းကို တိုးခ်ဲ႕တည္ေဆာက္မႈမ်ားျပဳလုပ္ေနၿပီးအိမ္ကြင္းပြဲစဥ္မ်ားကိုအယ္လ္ဖရီဒိုဒီစတာဖာႏိုကြင္းမွာကစားေနပါတယ္။

ရီးရဲလ္မက္ဒရစ္အတြက္ကံေကာင္းတာကေတာ့ကာလတိုအတြင္းေပးရမယ့္အေႂကြးၿမီကယူ႐ို၂၀၃သန္းတည္းသာ ရွိေနတာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာေႏြရာသီတုန္းကဟာကီမီ၊ရီဂိုလြန္၊ေအာ္စကာ႐ိုဒရီဂြက္ဇ္တို႔ကိုေရာင္းခ်ခဲ့ရၿပီးဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္ကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ထြက္ခြာခြင့္ေပးခဲ့ကာေဘးလ္ႏွင့္မာယိုရယ္တို႔ကိုလည္းအငွားျဖင့္ထြက္ခြာခြင့္ ေပးခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာလည္းလူကာဂ်ိဳဗစ္ႏွင့္မာတင္အိုဒီဂတ္တို႔ကိုလည္းကာလတိုအငွားခ်ကာလုပ္ခသက္သာေအာင္လုပ္ေဆာင္ထားရပါတယ္။

ယင္းသို႔ဘ႑ာေရးျပႆနာအႀကီးအက်ယ္ရင္ဆိုင္ေနရမႈနဲ႔အတူဘာစီလိုနာ၊ရီးရဲလ္မက္ဒရစ္အပါအဝင္ဥေရာပထိပ္သီးကလပ္မ်ားဟာေငြမ်ားစြာရရွိလာမယ့္ဥေရာပစူပါလိဂ္ၿပိဳင္ပြဲက်င္းပေရးလုပ္ေဆာင္ေနၾကတအံ့ဩစရာေတာ့ မရွိပါဘူး။