
ပရီးမီးယားလိဂ်စတားဟောင်းဂျာမိန်းပင်းနန့်ဟာကြွေးမြီပေါင်၁သန်းကျော်အထိရှိလာမှုနဲ့အတူဒေဝါလီခံလာပါတယ်။
အသက်၃၉နှစ်ရှိဂျာမိန်းပင်းနန့်ဟာ HMRC ၊ဘဏ်များ၊အခွန်အခများ၊ကောင်စီများနှင့်ကုမ္ပဏီအမြောက်အမြားတို့အပါအဝင်ကြွေးမြီပေးစရာအမြောက်အမြားရှိနေသူလည်းဖြစ်ပါတယ်။
သူဟာဘာမင်ဂမ်ကောင်တီတရားရုံးတွင်တစ်နှစ်ကြာဒေဝါလီခံမှုပြုလုပ်လာတာလည်းဖြစ်ပါတယ်။
ပင်းနန့်ဟာကြွေးမြီများကိုသတ်မှတ်ကာလအတွင်းတွင်ပေးရန်ပျက်ကွက်မှုများစွာဖြစ်လာခဲ့ပြီးနောက်ဒေဝါလီခံလာတာဖြစ်ပါတယ်။
သူဟာမီဒီယာကုမ္ပဏီ Jermaine Pennant Ltd ကိုတည်ထောင်ခဲ့ပေမဲ့လည်း၂၀၂၀ခုနှစ်တွင်ဖျက်သိမ်းခဲ့ရပြီးဖြစ်ပါတယ်။
ZawGyi
ကြွေးမြီ ပေါင် ၁ သန်းကျော်အထိ ရှိနေမှုကြောင့် ဒေဝါလီခံလာတဲ့ ပရီးမီးယားလိဂ်စတားဟောင်း