ကွင်းတွင် မီးလောင်မှုဖြစ်ကာ မြက်ခင်းပျက်စီးသွားပေမယ့် အန်ဒိုရာ-အင်္ဂလန်ပွဲကိုကစားသွားမည်

သောကြာနေ့နေ့လည်ပိုင်းတုန်းကကွင်းအတွင်းမီးလောင်မှုဖြစ်ပွားခဲ့ပေမယ့်လည်းအန်ဒိုရာဟာယင်းကွင်းတွင်ပင်အင်္ဂလန်အသင်းနှင့်၂၀၂၂ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အားကစားသွားမည်ဖြစ်ကြောင်းသိရပါတယ်။

အန်ဒိုရာရှိကွင်းတွင်အင်္ဂလန်နှင့်ပွဲအားရုပ်သံရိုက်ကူးမှုပြုလုပ်ရန်အတွက်ကရိန်းတည်ဆောက်မှုပြုလုပ်စဉ်မီးမတော်တဆမှုဖြစ်ပွားခဲ့ကာကွင်းရှိပလတ်စတစ်ကွင်းမြက်ခင်းကိုပါအနည်းငယ်ထိခိုက်မှုဖြစ်ခဲ့ပါတယ်။

ဒါပေမယ့်ပျက်စီးသွားတဲ့မြက်ခင်းမှာကစားလို့မရနိုင်တဲ့အထိဆိုးရွားမှုမရှိမှုနဲ့အတူပွဲကိုယင်းတွင်ပင်ကစားရန်ဆုံးဖြတ်ခဲ့ပါတယ်။

အဆိုပါမီးလောင်မှုကြောင့် VAR မော်နီတာများလည်းပျက်စီးခဲ့ပေမယ့်လူတစ်ဦးမျှဒဏ်ရာရရှိခဲ့ခြင်းမရှိပါဘူး။ဒါ့အပြင်အိမ်ရှင်အသင်းနည်းပြခုံတန်းမှာလည်းမီးဟပ်မှုဖြစ်ခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာသောကြာနေ့တုန်းကမီးလောင်မှုမတိုင်မီယင်းကွင်းတွင်လေ့ကျင့်ခန်းဆင်းမှုပြုလုပ်ခဲ့ကြပါတယ်။

အင်္ဂလန်နည်းပြဆောက်ဂိတ်ဟာပလတ်စတစ်မြက်ခင်းတွင်ကစားရမှာဖြစ်လို့အဓိကကကစားသမားများ ဒဏ်ရာရရှိလာနိုင်ခြေရှိမှုကိုရှောင်ရှားနိုင်ရန်အတွက်အန်ဒိုရာနှင့်ပွဲတွင်အရန်ကစားသမားအများစုနှင့်ပွဲထွက်လာဖို့ရှိနေပါတယ်။

ZawGyi

ကြင္းတြင္ မီးေလာင္မႈျဖစ္ကာ ျမက္ခင္းပ်က္စီးသြားေပမယ့္ အန္ဒိုရာ-အဂၤလန္ပြဲကိုကစားသြားမည္

ေသာၾကာေန႔ေန႔လည္ပိုင္းတုန္းကကြင္းအတြင္းမီးေလာင္မႈျဖစ္ပြားခဲ့ေပမယ့္လည္းအန္ဒိုရာဟာယင္းကြင္းတြင္ပင္အဂၤလန္အသင္းႏွင့္၂၀၂၂ကမာၻ႔ဖလားေျခစစ္ပြဲစဥ္အားကစားသြားမည္ျဖစ္ေၾကာင္းသိရပါတယ္။

အန္ဒိုရာရွိကြင္းတြင္အဂၤလန္ႏွင့္ပြဲအား႐ုပ္သံ႐ိုက္ကူးမႈျပဳလုပ္ရန္အတြက္ကရိန္းတည္ေဆာက္မႈျပဳလုပ္စဥ္မီးမေတာ္တဆမႈျဖစ္ပြားခဲ့ကာကြင္းရွိပလတ္စတစ္ကြင္းျမက္ခင္းကိုပါအနည္းငယ္ထိခိုက္မႈျဖစ္ခဲ့ပါတယ္။

ဒါေပမယ့္ပ်က္စီးသြားတဲ့ျမက္ခင္းမွာကစားလို႔မရႏိုင္တဲ့အထိဆိုး႐ြားမႈမရွိမႈနဲ႔အတူပြဲကိုယင္းတြင္ပင္ကစားရန္ဆုံးျဖတ္ခဲ့ပါတယ္။

အဆိုပါမီးေလာင္မႈေၾကာင့္ VAR ေမာ္နီတာမ်ားလည္းပ်က္စီးခဲ့ေပမယ့္လူတစ္ဦးမွ်ဒဏ္ရာရရွိခဲ့ျခင္းမရွိပါဘူး။ဒါ့အျပင္အိမ္ရွင္အသင္းနည္းျပခုံတန္းမွာလည္းမီးဟပ္မႈျဖစ္ခဲ့ပါတယ္။

 

အဂၤလန္အသင္းဟာေသာၾကာေန႔တုန္းကမီးေလာင္မႈမတိုင္မီယင္းကြင္းတြင္ေလ့က်င့္ခန္းဆင္းမႈျပဳလုပ္ခဲ့ၾကပါတယ္။

အဂၤလန္နည္းျပေဆာက္ဂိတ္ဟာပလတ္စတစ္ျမက္ခင္းတြင္ကစားရမွာျဖစ္လို႔အဓိကကကစားသမားမ်ား ဒဏ္ရာရရွိလာႏိုင္ေျခရွိမႈကိုေရွာင္ရွားႏိုင္ရန္အတြက္အန္ဒိုရာႏွင့္ပြဲတြင္အရန္ကစားသမားအမ်ားစုႏွင့္ပြဲထြက္လာဖို႔ရွိေနပါတယ္။