ကွင်းထဲတွင် ချစ်သူကို လက်ထပ်ခွင့်တောင်းပြီးနောက် အကြီးအကျယ်ဂိုးသွင်းခံခဲ့ရတဲ့ နည်းပြ

ပါရာဂွေးနည်းပြတစ်ဦးဟာပြီးခဲ့တဲ့အပတ်ကသူ့အသင်းရဲ့ပွဲမတိုင်မီဘောလုံးကွင်းထဲတွင်သူ့ချစ်သူအားလက်ထပ်ခွင့်တောင်းခဲ့ပါတယ်။

ရေးဗားပလိတ်အေဆန်စီယွန်နည်းပြစယ်လိုရာဖေးလ်အေယာလာဟာဘောလုံးပွဲမတိုင်မီကစားသမားများရဲ့အကူအညီနဲ့ချစ်သူလီလီဘင်နီတက်ဇ်အားလက်ထပ်ခွင့်တောင်းခဲ့တာဖြစ်ပါတယ်။ဒါပေမယ့်လက်ထပ်ခွင့်တောင်းပြီးတဲ့နောက်သူ့အသင်းဟာလည်းဂွါရာနီကို၅-၁ဂိုးဖြင့်အရှက်တကွဲရှုံးနိမ့်ခဲ့ပါတယ်။

စယ်လိုရာဖေးလ်အေယာလာဟာဘောလုံးပွဲစတင်မီကစားသမားများအား Lili Marry Me ဆိုတဲ့စာသားပါ ဆိုင်းဘုတ်ကိုကိုင်ဆောင်ခဲ့ပါတယ်။ယင်းနောက်သူ့သမီးများကချစ်သူအားခေါ်ဆောင်လာတဲ့အထိစောင့်ဆိုင်းနေခဲ့ပါတယ်။

ယင်းနောက်သူဟာချစ်သူအားလက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ချစ်သူဟာလည်းပျော်လွန်းမှုကြောင့်မျက်ရည်များကျနေခဲ့တာတွေ့ရပါတယ်။

အထက်ပါအဖြစ်အပျက်ကြောင့်ရေးဗားပလိတ်အဆန်စီယိုအသင်းကစားသမားများဟာအာရုံစိုက်မှုလျှော့ကျသွားပုံရပါတယ်။အသင်းဟာပထမပိုင်းမှာတင်၃-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပြီးပွဲအပြီးမှာ၅-၁ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

တစ်ဖက်မှာတော့နည်းပြကတော့အိမ်ကွင်းမှာဂိုးသွင်းနိုင်တော့မှာဖြစ်ပါတယ်။

ZawGyi

ကြင္းထဲတြင္ ခ်စ္သူကို လက္ထပ္ခြင့္ေတာင္းၿပီးေနာက္ အႀကီးအက်ယ္ဂိုးသြင္းခံခဲ့ရတဲ့ နည္းျပ

ပါရာေဂြးနည္းျပတစ္ဦးဟာၿပီးခဲ့တဲ့အပတ္ကသူ႔အသင္းရဲ႕ပြဲမတိုင္မီေဘာလုံးကြင္းထဲတြင္သူ႔ခ်စ္သူအားလက္ထပ္ခြင့္ေတာင္းခဲ့ပါတယ္။

ေရးဗားပလိတ္ေအဆန္စီယြန္နည္းျပစယ္လိုရာေဖးလ္ေအယာလာဟာေဘာလုံးပြဲမတိုင္မီကစားသမားမ်ားရဲ႕အကူအညီနဲ႔ခ်စ္သူလီလီဘင္နီတက္ဇ္အားလက္ထပ္ခြင့္ေတာင္းခဲ့တာျဖစ္ပါတယ္။ဒါေပမယ့္လက္ထပ္ခြင့္ေတာင္းၿပီးတဲ့ေနာက္သူ႔အသင္းဟာလည္းဂြါရာနီကို၅-၁ဂိုးျဖင့္အရွက္တကြဲရႈံးနိမ့္ခဲ့ပါတယ္။

စယ္လိုရာေဖးလ္ေအယာလာဟာေဘာလုံးပြဲစတင္မီကစားသမားမ်ားအား Lili Marry Me ဆိုတဲ့စာသားပါ ဆိုင္းဘုတ္ကိုကိုင္ေဆာင္ခဲ့ပါတယ္။ယင္းေနာက္သူ႔သမီးမ်ားကခ်စ္သူအားေခၚေဆာင္လာတဲ့အထိေစာင့္ဆိုင္းေနခဲ့ပါတယ္။

ယင္းေနာက္သူဟာခ်စ္သူအားလက္ထပ္ခြင့္ေတာင္းခဲ့ပါတယ္။ခ်စ္သူဟာလည္းေပ်ာ္လြန္းမႈေၾကာင့္မ်က္ရည္မ်ားက်ေနခဲ့တာေတြ႕ရပါတယ္။

အထက္ပါအျဖစ္အပ်က္ေၾကာင့္ေရးဗားပလိတ္အဆန္စီယိုအသင္းကစားသမားမ်ားဟာအာ႐ုံစိုက္မႈေလွ်ာ့က်သြားပုံရပါတယ္။အသင္းဟာပထမပိုင္းမွာတင္၃-၀ဂိုးျဖင့္ရႈံးနိမ့္ခဲ့ၿပီးပြဲအၿပီးမွာ၅-၁ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။

တစ္ဖက္မွာေတာ့နည္းျပကေတာ့အိမ္ကြင္းမွာဂိုးသြင္းႏိုင္ေတာ့မွာျဖစ္ပါတယ္။