ကွင်းထဲတွင် လူးလိမ့်နာကျင်နေခဲ့ပေမယ့် အီတလီဂိုးသွင်းလိုက်ပြီးနောက် ချက်ချင်းပျောက်သွားတဲ့ အမ်မိုဘိုင်း

စီရိုအမ်မိုဘိုင်းဟာမနေ့ညတုန်းကဘယ်လ်ဂျီယံနဲ့ပွဲစဉ်မှာအီတလီအသင်းဘက်ကဦးဆောင်ဂိုးရရှိပြီးနောက်အကြီးအကျယ်ဒဏ်ရာရရှိနေရာမှာချက်ချင်းဘဲပျောက်ကင်းသွားခဲ့ပါတယ်။

လာဇီယိုတိုက်စစ်မှူးဟာမနေ့ညတုန်းကဘယ်လ်ဂျီယံကို၂-၁ဂိုးဖြင့်အနိုင်ရရှိကာအီတလီအသင်း ယူရိုဆီမီးဖိုင်နယ်သို့တက်တဲ့ပွဲစဉ်မှာအီတလီအသင်းတိုက်စစ်ကိုဦးဆောင်ကစားခွင့်ရရှိခဲ့ပါတယ်။

သူဟာပွဲချိန်၃၁မိနစ်မှာဘယ်လ်ဂျီယံဧရိယာအတွင်းမှာအမြင့်ဘောကနေဘောလုံးရရှိဖို့ကြိုးစားခဲ့ရာမှာဘယ်လ်ဂျီယံနောက်ခံလူနဲ့ဆိုင်လုခဲ့ပါတယ်။သူဟာဘယ်လ်ဂျီယံကစားသမားရဲ့ခြေထောက်နဲ့အနည်းငယ်ထိမှုကိုအကြီးအကျယ်နာကျင်ဟန်ဖြင့်ကွင်းမြက်ခင်းမှာလူးလိမ့်နေခဲ့ပါတယ်။

ဒါပေမယ့်ချက်ချင်းဆိုသလိုအင်တာမီလန်ကွင်းလယ်ကစားသမားဘာရယ်လာကအီတလီအတွက်ဦးဆောင်ဂိုးကိုသွင်းယူခဲ့ပါတယ်။

ချက်ချင်းဆိုသလိုကွင်းမြက်ခင်းမှာလူးလိမ့်နေတဲ့အမ်မိုဘိုင်းဟာဒဏ်ရာမှကောင်းမွန်ကာချက်ချင်းထကာကစားဖော်များနှင့်အတူသွားရောက်အောင်ပွဲခံခဲ့ပါတယ်။

ပြောရမယ်ဆိုရင်ဘယ်လ်ဂျီယံနောက်ခံလူတွေကစီရိုအမ်မိုဘိုင်းကိုအနည်းငယ်အာရုံရောက်သွားချိန်မှာဘာရယ်လာကဆုံးဖြတ်ချက်ပိုင်ပိုင်ချကာချက်ချင်းကန်သွင်းမှုကြောင့်အီတလီအသင်းဦးဆောင်ဂိုးရသွားတာပါ။

စီရိုအမ်မိုဘိုင်းရဲ့ချက်ချင်းကြီးဒဏ်ရာပြင်းထန်စွာရရှိလာမှုကနေကောင်းမွန်လာမှုအပေါ်အွန်လိုင်းတွင်ဘောလုံးပရိသတ်များကလှောင်ပြောင်ရေးသားမှုများပြုလုပ်နေပါတယ်။

ပရိသတ်တစ်ဦးက “Doctor Strange ရဲ့ကုသမှုကြောင့်အမ်မိုဘိုင်းချက်ချင်းကြီးဒဏ်ရာကနေကောင်းမွန်လာခဲ့တယ်”လို့ရေးသားသွားပါတယ်။

အခြားတစ်ဦးကလည်း “အမ်မိုဘိုင်းဟာကစားဖော်ဂိုးမသွင်းမီအချိန်အထိဒဏ်ရာအကြီးအကျယ်ရနေခဲ့တာပါ။ဂိုးလည်းသွင်းပြီးရောချက်ချင်းကြီးကောင်းသွားတာတကယ့်ကိုအံ့မခန်းပါပဲ”လို့ရေးသားသွားပါတယ်။

ZawGyi





ဒါပေမယ့်ပြန်ထွက်လာတဲ့ဘောလုံးကနေအင်တာမီလန်ကွင်းလယ်ကစားသမားဘာရယ်လာကအီတလီအတွက်ဦးဆောင်ဂိုးကိုသွင်းယူခဲ့ပါတယ်။




