ကွင်းထဲဝင်ရောက်လာတဲ့ ပရိသတ်ငယ်ကို အင်္ကျီပေးကာ ဂါဗင်ဘာဇူနူရဲ့အိပ်မက်ကို ရိုက်ချိုးခဲ့ ရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာအိုင်ယာလန်နှင့်ပေါ်တူဂီတို့ရဲ့ပွဲအပြီးမှာကွင်းအတွင်းလုံခြုံရေးစည်းကိုကျော်ဖြတ်ကာဝင်ရောက်လာတဲ့ပရိသတ်ငယ်တစ်ဦးအားအင်္ကျီချွတ်ပေးခဲ့ပါတယ်။ရော်နယ်ဒိုဟာအိုင်ယာလန်ဂိုးသမားဂါဗင်ဘာဇူနူကိုသူ့အင်္ကျီပေးမယ်လို့ကတိပေးပြီးသားဖြစ်နေခဲ့ပေမယ့်ကွင်းအတွင်းဝင်ရောက်လာတဲ့ပရိသတ်ငယ်ကိုပေးခဲ့တာဖြစ်ပါတယ်။

ဂိုးမရှိသရေနဲ့ပြီးဆုံးသွားခဲ့တဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲအပြီးမှာမိန်းကလေး ဘောလုံးပရိသတ်တစ်ဦးဟာ Aviva Stadium ကွင်းမြက်ခင်းသို့အတင်းဝင်ရောက်ကာခရစ္စတီယာနိုရော်နယ်ဒိုထံသို့ပြေးလွှားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်စူပါစတားဟာလည်းကွင်းအတွင်းပြေးဝင်လာတဲ့မိန်းကလေးပရိသတ်ငယ်ကိုဆီးကြိုပွေ့ဖက်ခဲ့ပြီးသူ့အင်္ကျီကိုချွတ်ကာပေးခဲ့ပါတယ်။

ဓာတ်ပုံများအရသူတို့ရဲ့နောက်တွင်ဘာဇူနူရှိနေတာကိုတွေ့ရပါတယ်။သူဟာအနည်းငယ်စိတ်ပျက်နေတာတွေ့ရပါတယ်။ရော်နယ်ဒိုဟာပို့စ်မောက်ဂိုးသမားကိုအင်္ကျီလက်ဆောင်ပေးမယ်လို့ကတိပြုထားတယ်လို့ယူဆရပါတယ်။

ဘာဇူနူဟာစက်တင်ဘာလတုန်းကပေါ်တူဂီနှင့်အိုင်ယာလန်တို့ပွဲမှာရော်နယ်ဒိုရဲ့ပင်နယ်တီကိုကာကွယ်ခဲ့သူဖြစ်ပြီးအလားအလာကောင်းများပိုင်ဆိုင်ထားတဲ့လူငယ်ဂိုးသမားလေးဖြစ်ပါတယ်။

အိုင်ယာလန်နှင့်ပေါ်တူဂီတို့ဂိုးမရှိသရေကျတဲ့ပွဲမှာပေါ်တူဂီနောက်ခံလူပီပီဟာနှစ်ဝါတစ်နီနှင့်အထုတ်ခံခဲ့ရပါတယ်။

ပေါ်တူဂီဟာအိုင်ယာလန်နှင့်သရေကျမှုကြောင့်တနင်္ဂနွေနေ့ဆားဘီးယားနှင့်ပွဲတွင်မရှုံးလျှင်အုပ်စုဗိုလ်အဖြစ်ဖြင့်တိုက်ရိုက်ခြေစစ်ပွဲအောင်ပါမယ်။

ZawGyi

ကြင္းထဲဝင္ေရာက္လာတဲ့ ပရိသတ္ငယ္ကို အက်ႌေပးကာ ဂါဗင္ဘာဇူႏူရဲ႕အိပ္မက္ကို ႐ိုက္ခ်ိဳးခဲ့ ေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာအိုင္ယာလန္ႏွင့္ေပၚတူဂီတို႔ရဲ႕ပြဲအၿပီးမွာကြင္းအတြင္းလုံၿခဳံေရးစည္းကိုေက်ာ္ျဖတ္ကာဝင္ေရာက္လာတဲ့ပရိသတ္ငယ္တစ္ဦးအားအက်ႌခြၽတ္ေပးခဲ့ပါတယ္။ေရာ္နယ္ဒိုဟာအိုင္ယာလန္ဂိုးသမားဂါဗင္ဘာဇူႏူကိုသူ႔အက်ႌေပးမယ္လို႔ကတိေပးၿပီးသားျဖစ္ေနခဲ့ေပမယ့္ကြင္းအတြင္းဝင္ေရာက္လာတဲ့ပရိသတ္ငယ္ကိုေပးခဲ့တာျဖစ္ပါတယ္။

ဂိုးမရွိသေရနဲ႔ၿပီးဆုံးသြားခဲ့တဲ့ကမာၻ႔ဖလားေျခစစ္ပြဲအၿပီးမွာမိန္းကေလး ေဘာလုံးပရိသတ္တစ္ဦးဟာ Aviva Stadium ကြင္းျမက္ခင္းသို႔အတင္းဝင္ေရာက္ကာခရစၥတီယာႏိုေရာ္နယ္ဒိုထံသို႔ေျပးလႊားခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္စူပါစတားဟာလည္းကြင္းအတြင္းေျပးဝင္လာတဲ့မိန္းကေလးပရိသတ္ငယ္ကိုဆီးႀကိဳေပြ႕ဖက္ခဲ့ၿပီးသူ႔အက်ႌကိုခြၽတ္ကာေပးခဲ့ပါတယ္။

ဓာတ္ပုံမ်ားအရသူတို႔ရဲ႕ေနာက္တြင္ဘာဇူႏူရွိေနတာကိုေတြ႕ရပါတယ္။သူဟာအနည္းငယ္စိတ္ပ်က္ေနတာေတြ႕ရပါတယ္။ေရာ္နယ္ဒိုဟာပို႔စ္ေမာက္ဂိုးသမားကိုအက်ႌလက္ေဆာင္ေပးမယ္လို႔ကတိျပဳထားတယ္လို႔ယူဆရပါတယ္။

ဘာဇူႏူဟာစက္တင္ဘာလတုန္းကေပၚတူဂီႏွင့္အိုင္ယာလန္တို႔ပြဲမွာေရာ္နယ္ဒိုရဲ႕ပင္နယ္တီကိုကာကြယ္ခဲ့သူျဖစ္ၿပီးအလားအလာေကာင္းမ်ားပိုင္ဆိုင္ထားတဲ့လူငယ္ဂိုးသမားေလးျဖစ္ပါတယ္။

အိုင္ယာလန္ႏွင့္ေပၚတူဂီတို႔ဂိုးမရွိသေရက်တဲ့ပြဲမွာေပၚတူဂီေနာက္ခံလူပီပီဟာႏွစ္ဝါတစ္နီႏွင့္အထုတ္ခံခဲ့ရပါတယ္။

ေပၚတူဂီဟာအိုင္ယာလန္ႏွင့္သေရက်မႈေၾကာင့္တနဂၤေႏြေန႔ဆားဘီးယားႏွင့္ပြဲတြင္မရႈံးလွ်င္အုပ္စုဗိုလ္အျဖစ္ျဖင့္တိုက္႐ိုက္ေျခစစ္ပြဲေအာင္ပါမယ္။