ကွင်းထဲသို့ လူစားဝင်ရောက်မကစားမီ ဗီလာရီးရဲလ်နည်းပြကို အကြီးအကျယ်ဒေါသထွက်ကျန်ခဲ့အောင် လုပ်ခဲ့တဲ့ ကာဗာနီ

မန်ယူတိုက်စစ်မှူးအက်ဒီဆင်ကာဗာနီဟာကြားရက်တုန်းကချန်ပီယံလိဂ်ပွဲစဉ်တွင်ဗီလာရီးရဲလ်နည်းပြအားအကြီးအကျယ်ဒေါသထွက်အောင်ပြုလုပ်နိုင်ခဲ့ပါတယ်။

အိုလီဂန်းနားဆိုးလ်ရှားရဲ့မန်ယူဟာဗုဒ္ဓဟူးနေ့တုန်းကအိုးထရက်ဖို့ဒ်ကွင်းတွင်ဗီလာရီးရဲလ်အား၂-၁ဂိုးဖြင့်အနိုင်ရယူခဲ့ပါတယ်။

တကယ်တော့မန်ယူဟာဗီလာရီးရဲလ်ကိုအလွယ်တကူအနိုင်ရခဲ့တာတော့မဟုတ်ပါဘူး။ဂိုးသမားဒီဂီယာကောင်းလွန်းလို့သာအနိုင်ရခဲ့တာပါ။ဗီလာရီးရဲလ်ဟာဒုတိယပိုင်းအစမှာတိုက်စစ်မှူးအယ်ကာစာသွင်းယူတဲ့ဂိုးနဲ့ပွဲကိုဦးဆောင်နိုင်ခဲ့ပါတယ်။

ကာဗာနီဟာဗီလာရီးရဲလ်ဦးဆောင်ဂိုးမရမီအချိန်အနည်းငယ်အလိုတွင်သွေးပူလေ့ကျင့်ခန်းလုပ်ခဲ့တာဖြစ်ပြီးကွင်းအတွင်းသို့ချက်ချင်းဝင်ရောက်ကာအနိုင်ရယူရေးကြိုးပမ်းရန်စိတ်အားထက်သန်နေခဲ့ပါတယ်။

The Athletic ရဲ့ဖော်ပြချက်အရကာဗာနီဟာဗီလာရီးရဲလ်အသင်းမှအရန်ကစားသမားများရှိရာသို့အထိသွားရောက်ကာသွေးပူလေ့ကျင့်ခန်းပြုလုပ်ပြီးပြိုင်ဘက်အသင်း စိတ်အထစ်အငေါ့ဖြစ်အောင်လုပ်ခဲ့ပါတယ်။

ဗီလာရီးရဲလ်နည်းပြအူနိုင်းအမ်မရီဟာသူ့ကစားသမားများကိုသီးသန့်နေရာတစ်ခုတွင် သွေးပူလေ့ကျင့်ခန်းလုပ်စေခဲ့ရာအကြီးအကျယ်ဒေါသထွက်ခဲ့ကြောင်းသိရပါတယ်။

ယင်းနောက်တွင်ကာဗာနီဟာပေါလ်ပေါ့ဘာအစားလူစားဝင်ရောက်ကစားပြီး မန်ယူတိုက်စစ်ကိုအကောင်းဆုံးဦးဆောင်မှုပေးခဲ့ပါတယ်။

ပွဲပြီးခါနီးဆယ်မိနစ်မှာကာဗာနီဟာပြိုင်ဘက်ကစားသမားများ ပင်ပန်းနေချိန်တွင်အရှိန်အဟုန်မြှင့်ထိုးဖောက်မှုပြုလုပ်ခဲ့ပါတယ်။

မန်ယူဟာတဲလ်လက်စ်ရဲ့ဂိုးနဲ့ချေပဂိုးရခဲ့ပြီးရော်နယ်ဒိုရဲ့နာကျင်အချိန်ပိုဂိုးကြောင့်ဗီလာရီးရဲလ်ကို၂-၁ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ZawGyi

ကြင္းထဲသို႔ လူစားဝင္ေရာက္မကစားမီ ဗီလာရီးရဲလ္နည္းျပကို အႀကီးအက်ယ္ေဒါသထြက္က်န္ခဲ့ေအာင္ လုပ္ခဲ့တဲ့ ကာဗာနီ

မန္ယူတိုက္စစ္မႉးအက္ဒီဆင္ကာဗာနီဟာၾကားရက္တုန္းကခ်န္ပီယံလိဂ္ပြဲစဥ္တြင္ဗီလာရီးရဲလ္နည္းျပအားအႀကီးအက်ယ္ေဒါသထြက္ေအာင္ျပဳလုပ္ႏိုင္ခဲ့ပါတယ္။

အိုလီဂန္းနားဆိုးလ္ရွားရဲ႕မန္ယူဟာဗုဒၶဟူးေန႔တုန္းကအိုးထရက္ဖို႔ဒ္ကြင္းတြင္ဗီလာရီးရဲလ္အား၂-၁ဂိုးျဖင့္အႏိုင္ရယူခဲ့ပါတယ္။

တကယ္ေတာ့မန္ယူဟာဗီလာရီးရဲလ္ကိုအလြယ္တကူအႏိုင္ရခဲ့တာေတာ့မဟုတ္ပါဘူး။ဂိုးသမားဒီဂီယာေကာင္းလြန္းလို႔သာအႏိုင္ရခဲ့တာပါ။ဗီလာရီးရဲလ္ဟာဒုတိယပိုင္းအစမွာတိုက္စစ္မႉးအယ္ကာစာသြင္းယူတဲ့ဂိုးနဲ႔ပြဲကိုဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ကာဗာနီဟာဗီလာရီးရဲလ္ဦးေဆာင္ဂိုးမရမီအခ်ိန္အနည္းငယ္အလိုတြင္ေသြးပူေလ့က်င့္ခန္းလုပ္ခဲ့တာျဖစ္ၿပီးကြင္းအတြင္းသို႔ခ်က္ခ်င္းဝင္ေရာက္ကာအႏိုင္ရယူေရးႀကိဳးပမ္းရန္စိတ္အားထက္သန္ေနခဲ့ပါတယ္။

The Athletic ရဲ႕ေဖာ္ျပခ်က္အရကာဗာနီဟာဗီလာရီးရဲလ္အသင္းမွအရန္ကစားသမားမ်ားရွိရာသို႔အထိသြားေရာက္ကာေသြးပူေလ့က်င့္ခန္းျပဳလုပ္ၿပီးၿပိဳင္ဘက္အသင္း စိတ္အထစ္အေငါ့ျဖစ္ေအာင္လုပ္ခဲ့ပါတယ္။

ဗီလာရီးရဲလ္နည္းျပအူႏိုင္းအမ္မရီဟာသူ႔ကစားသမားမ်ားကိုသီးသန႔္ေနရာတစ္ခုတြင္ ေသြးပူေလ့က်င့္ခန္းလုပ္ေစခဲ့ရာအႀကီးအက်ယ္ေဒါသထြက္ခဲ့ေၾကာင္းသိရပါတယ္။

ယင္းေနာက္တြင္ကာဗာနီဟာေပါလ္ေပါ့ဘာအစားလူစားဝင္ေရာက္ကစားၿပီး မန္ယူတိုက္စစ္ကိုအေကာင္းဆုံးဦးေဆာင္မႈေပးခဲ့ပါတယ္။

ပြဲၿပီးခါနီးဆယ္မိနစ္မွာကာဗာနီဟာၿပိဳင္ဘက္ကစားသမားမ်ား ပင္ပန္းေနခ်ိန္တြင္အရွိန္အဟုန္ျမႇင့္ထိုးေဖာက္မႈျပဳလုပ္ခဲ့ပါတယ္။

မန္ယူဟာတဲလ္လက္စ္ရဲ႕ဂိုးနဲ႔ေခ်ပဂိုးရခဲ့ၿပီးေရာ္နယ္ဒိုရဲ႕နာက်င္အခ်ိန္ပိုဂိုးေၾကာင့္ဗီလာရီးရဲလ္ကို၂-၁ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။