
ပီအက်စ်ဂျီအသင်းဟာကွင်းပိုင်ဆိုင်မှုအငြင်းပွားကြောင့်Parc des Princesကိုစွန့်ခွာမယ်လို့ခြိမ်းခြောက်လာပါတယ်။
ပီအက်စ်ဂျီဟာ၁၉၇၄ခုနှစ်ကတည်းကပရိသတ်၄၇၀၀၀ဆန့်ကွင်းကိုအသုံးပြုလာခဲ့တာဖြစ်ပြီးကွင်းကိုအဆင့်မြင့်တည်ဆောက်ရန်စီစဉ်နေကာယူရိုသန်း၅၀၀ဝန်းကျင်ကုန်ကျလာဖို့ရှိပါတယ်။
ပီအက်စ်ဂျီဟာParc des Princesကိုအဆင့်မြှင့်တည်ဆောက်ရေးအတွက်အသုံးစရိတ်ကိုပေးသွားမှာဖြစ်ပေမဲ့လည်းကွင်းကိုဝယ်ယူနိုင်မှသာလျှင်ပေးသွားပါမယ်။
ပီအက်စ်ဂျီရဲ့ကွင်းကိုအဆင့်မြှင့်တည်ဆောက်ရေးစီမံကိန်းကိုပဲရစ်မြို့တော်ဝန်ကပယ်ချခဲ့တဲ့အပြင် Parc des Princes မှာရောင်းရန်မဟုတ်တဲ့အပြင်ဘယ်တော့မှရောင်းချလာမှာမဟုတ်ကြောင်းဆိုသွားခဲ့ပါတယ်။
ပီအက်စ်ဂျီဟာပဲရစ်မြို့တော်ဝန်ရဲ့တုံ့ပြန်မှုအပေါ်အကြီးအကျယ်ဒေါသထွက်နေပါတယ်။
ပီအက်စ်ဂျီဟာဥရောပထိပ်သီးကလပ်အဖြစ်ကာလရှည်ကြာရပ်တည်နိုင်ရေးအတွက်ကလပ်ရဲ့အဓိကဝင်ငွေပေါက်တစ်ခုဖြစ်လာစေရေးအတွက်ကွင်းကိုတိုးချဲ့တည်ဆောက်လိုနေတာလည်းဖြစ်ပါတယ်။
ပီအက်စ်ဂျီဟာParc des Princesကိုဝယ်ယူခွင့်မရရှိလာပါကယင်းကွင်းကိုစွန့်ခွာပြီး မြေနေရာသစ်ဝယ်ယူကာကွင်းသစ်တည်ဆောက်သွားရန်စီစဉ်ထားပါတယ်။
ZawGyi
ကြင္းပိုင္ဆိုင္မႈျပႆနာေၾကာင့္ Parc des Princes ကို စြန႔္ခြာမည္ဟု ပီအက္စ္ဂ်ီ ၿခိမ္းေျခာက္လာ
ပီအက္စ္ဂ်ီအသင္းဟာကြင္းပိုင္ဆိုင္မႈအျငင္းပြားေၾကာင့္Parc des Princesကိုစြန႔္ခြာမယ္လို႔ၿခိမ္းေျခာက္လာပါတယ္။
ပီအက္စ္ဂ်ီဟာ၁၉၇၄ခုႏွစ္ကတည္းကပရိသတ္၄၇၀၀၀ဆန႔္ကြင္းကိုအသုံးျပဳလာခဲ့တာျဖစ္ၿပီးကြင္းကိုအဆင့္ျမင့္တည္ေဆာက္ရန္စီစဥ္ေနကာယူ႐ိုသန္း၅၀၀ဝန္းက်င္ကုန္က်လာဖို႔ရွိပါတယ္။
ပီအက္စ္ဂ်ီဟာParc des Princesကိုအဆင့္ျမႇင့္တည္ေဆာက္ေရးအတြက္အသုံးစရိတ္ကိုေပးသြားမွာျဖစ္ေပမဲ့လည္းကြင္းကိုဝယ္ယူႏိုင္မွသာလွ်င္ေပးသြားပါမယ္။
ပီအက္စ္ဂ်ီရဲ႕ကြင္းကိုအဆင့္ျမႇင့္တည္ေဆာက္ေရးစီမံကိန္းကိုပဲရစ္ၿမိဳ႕ေတာ္ဝန္ကပယ္ခ်ခဲ့တဲ့အျပင္ Parc des Princes မွာေရာင္းရန္မဟုတ္တဲ့အျပင္ဘယ္ေတာ့မွေရာင္းခ်လာမွာမဟုတ္ေၾကာင္းဆိုသြားခဲ့ပါတယ္။
ပီအက္စ္ဂ်ီဟာပဲရစ္ၿမိဳ႕ေတာ္ဝန္ရဲ႕တုံ႔ျပန္မႈအေပၚအႀကီးအက်ယ္ေဒါသထြက္ေနပါတယ္။
ပီအက္စ္ဂ်ီဟာဥေရာပထိပ္သီးကလပ္အျဖစ္ကာလရွည္ၾကာရပ္တည္ႏိုင္ေရးအတြက္ကလပ္ရဲ႕အဓိကဝင္ေငြေပါက္တစ္ခုျဖစ္လာေစေရးအတြက္ကြင္းကိုတိုးခ်ဲ႕တည္ေဆာက္လိုေနတာလည္းျဖစ္ပါတယ္။
ပီအက္စ္ဂ်ီဟာParc des Princesကိုဝယ္ယူခြင့္မရရွိလာပါကယင္းကြင္းကိုစြန႔္ခြာၿပီး ေျမေနရာသစ္ဝယ္ယူကာကြင္းသစ္တည္ေဆာက္သြားရန္စီစဥ္ထားပါတယ္။