ကွင်းပြင်ပကိစ္စရပ်များကြောင့် တူချယ်ကို ချဲလ်ဆီးထုတ်ပယ်ခဲ့ခြင်းဖြစ်၊ ဇနီးဟောင်းကို အချက်အလက်များအား မဖော်ထုတ်ရန် ကြိုးပမ်းနေရ

သောမတ်စ်တူချယ်ဟာကွင်းပြင်ပကိစ္စရပ်များကြောင့်ကစားသမားများရဲ့လေးစားမှုဆုံးရှုံးခဲ့ရပြီးနောက်ချဲလ်ဆီးနည်းပြရာထူးမှုထုတ်ပယ်ခြင်းခံခဲ့ရကြောင်းသိရပါတယ်။လက်ရှိအချိန်တွင်ဂျာမန်လူမျိုးနည်းပြဟာသူ့ရဲ့အချက်အလက်များကိုမဖော်ထုတ်ရန်ဇနီးဟောင်းအားတားဆီးနေပါတယ်။

အသက်၄၉နှစ်ရှိတူချယ်ဟာပြီးခဲ့တဲ့စက်တင်ဘာလတုန်းကတော့ဒ်ဘိုလေးရဲ့ချဲလ်ဆီးနည်းပြရာထူးမှထုတ်ပယ်ခြင်းခံခဲ့ရပြီးဂရေဟမ်ပေါ်တာနှင့်အစားထိုးခံခဲ့ရပါတယ်။

တူချယ်ဟာရာသီအစ၇ပွဲတွင်၃ပွဲတည်းသာအနိုင်ရပြီးနောက်ထုတ်ပယ်ခြင်းခံခဲ့ရတာဖြစ်ပြီးရလဒ်ဆိုးရွားမှု၊အမြင်မတူညီမှုတို့ကြောင့်ထုတ်ပယ်ခြင်းခံရတာလို့ယူဆခံခဲ့ရပါတယ်။

ဒါပေမဲ့ယနေ့တွင် Bild ရဲ့ဖော်ပြလာမှုအရတူချယ်မှာအချက်အလက်များကိုမသိရသေးတဲ့ ကွင်းပြင်ပကိစ္ရပ်များကြောင့်ချဲလ်ဆီးရဲ့ထုတ်ပယ်ခြင်းခံခဲ့ရကြောင်း၊ယင်းမတိုင်မီသူဟာကစားသမားများရဲ့လေးစားမှုလက်လွှတ်ခဲ့ရကြောင်းသိရပါတယ်။

တူချယ်ဟာဇနီးဟောင်းဆက်စ်စီကိုသူ့ရဲ့လူမသိသူမသိပြဿနာနှင့်ပတ်သက်ပြီးမဖော်ထုတ်ရန်တားဆီးနေကြောင်းလည်းသိရပါတယ်။တူချယ်နှင့်ဆက်စ်စီတို့ဟာ၁၃နှစ်ကြာပေါင်းသင်းပြီးနောက်ပြီးခဲ့တဲ့နှစ်တုန်းကလမ်းခွဲခဲ့ကြပါတယ်။၎င်းတို့နှစ်ဦးတွင်သမီးနှစ်ဦးထွန်းကားခဲ့ပါတယ်။

တူချယ်ဟာဆက်စ်စီနှင့်လမ်းခွဲလိုက်ပြီးတဲ့နောက်အသက်၃၅နှစ်အရွယ်ရှိစီးပွားရေးလုပ်ငန်းရှင်နာတာလီယာမက်စ်နှင့်တွဲနေပါတယ်။

လက်ရှိအချိန်တွင်သောမတ်စ်တူချယ်ဟာစပါးစ်နည်းပြရာထူးအတွက်ထိပ်ဆုံးရေပန်းစားနေပါတယ်။ဒါ့အပြင်သူ့ကိုရိုးမားအသင်းကလည်းမော်ရင်ဟိုရဲ့နေရာတွင်အစားထိုးခန့်အပ်ရန်စိတ်ဝင်စားနေပါတယ်။

ZawGyi

ကြင္းျပင္ပကိစၥရပ္မ်ားေၾကာင့္ တူခ်ယ္ကို ခ်ဲလ္ဆီးထုတ္ပယ္ခဲ့ျခင္းျဖစ္၊ ဇနီးေဟာင္းကို အခ်က္အလက္မ်ားအား မေဖာ္ထုတ္ရန္ ႀကိဳးပမ္းေနရ

ေသာမတ္စ္တူခ်ယ္ဟာကြင္းျပင္ပကိစၥရပ္မ်ားေၾကာင့္ကစားသမားမ်ားရဲ႕ေလးစားမႈဆုံးရႈံးခဲ့ရၿပီးေနာက္ခ်ဲလ္ဆီးနည္းျပရာထူးမႈထုတ္ပယ္ျခင္းခံခဲ့ရေၾကာင္းသိရပါတယ္။လက္ရွိအခ်ိန္တြင္ဂ်ာမန္လူမ်ိဳးနည္းျပဟာသူ႔ရဲ႕အခ်က္အလက္မ်ားကိုမေဖာ္ထုတ္ရန္ဇနီးေဟာင္းအားတားဆီးေနပါတယ္။

အသက္၄၉ႏွစ္ရွိတူခ်ယ္ဟာၿပီးခဲ့တဲ့စက္တင္ဘာလတုန္းကေတာ့ဒ္ဘိုေလးရဲ႕ခ်ဲလ္ဆီးနည္းျပရာထူးမွထုတ္ပယ္ျခင္းခံခဲ့ရၿပီးဂေရဟမ္ေပၚတာႏွင့္အစားထိုးခံခဲ့ရပါတယ္။

တူခ်ယ္ဟာရာသီအစ၇ပြဲတြင္၃ပြဲတည္းသာအႏိုင္ရၿပီးေနာက္ထုတ္ပယ္ျခင္းခံခဲ့ရတာျဖစ္ၿပီးရလဒ္ဆိုး႐ြားမႈ၊အျမင္မတူညီမႈတို႔ေၾကာင့္ထုတ္ပယ္ျခင္းခံရတာလို႔ယူဆခံခဲ့ရပါတယ္။

ဒါေပမဲ့ယေန႔တြင္ Bild ရဲ႕ေဖာ္ျပလာမႈအရတူခ်ယ္မွာအခ်က္အလက္မ်ားကိုမသိရေသးတဲ့ ကြင္းျပင္ပကိစ္ရပ္မ်ားေၾကာင့္ခ်ဲလ္ဆီးရဲ႕ထုတ္ပယ္ျခင္းခံခဲ့ရေၾကာင္း၊ယင္းမတိုင္မီသူဟာကစားသမားမ်ားရဲ႕ေလးစားမႈလက္လႊတ္ခဲ့ရေၾကာင္းသိရပါတယ္။

တူခ်ယ္ဟာဇနီးေဟာင္းဆက္စ္စီကိုသူ႔ရဲ႕လူမသိသူမသိျပႆနာႏွင့္ပတ္သက္ၿပီးမေဖာ္ထုတ္ရန္တားဆီးေနေၾကာင္းလည္းသိရပါတယ္။တူခ်ယ္ႏွင့္ဆက္စ္စီတို႔ဟာ၁၃ႏွစ္ၾကာေပါင္းသင္းၿပီးေနာက္ၿပီးခဲ့တဲ့ႏွစ္တုန္းကလမ္းခြဲခဲ့ၾကပါတယ္။၎တို႔ႏွစ္ဦးတြင္သမီးႏွစ္ဦးထြန္းကားခဲ့ပါတယ္။

တူခ်ယ္ဟာဆက္စ္စီႏွင့္လမ္းခြဲလိုက္ၿပီးတဲ့ေနာက္အသက္၃၅ႏွစ္အ႐ြယ္ရွိစီးပြားေရးလုပ္ငန္းရွင္နာတာလီယာမက္စ္ႏွင့္တြဲေနပါတယ္။

လက္ရွိအခ်ိန္တြင္ေသာမတ္စ္တူခ်ယ္ဟာစပါးစ္နည္းျပရာထူးအတြက္ထိပ္ဆုံးေရပန္းစားေနပါတယ္။ဒါ့အျပင္သူ႔ကို႐ိုးမားအသင္းကလည္းေမာ္ရင္ဟိုရဲ႕ေနရာတြင္အစားထိုးခန႔္အပ္ရန္စိတ္ဝင္စားေနပါတယ္။