
ပြင်သစ်တိုက်စစ်သမားအန်တိုနီဂရက်ဇ်မန်းဟာပြီးခဲ့တဲ့နှစ်နွေရာသီယူရို၂၀၂၀ပြိုင်ပွဲတုန်းကပြင်သစ်နည်းပြဒီဒီယာဒက်ချမ့်ရဲ့ပိတ်ပင်မှုကြောင့်ဇနီးသည်နှင့်အတူနေခွင့်မရခဲ့ပါဘူး။
လက်ရှိကမ္ဘာ့ဖလားချန်ပီယံပြင်သစ်ဟာစနေနေ့ညတုန်းကအင်္ဂလန်ကို၂-၁ဂိုးဖြင့်အနိုင်ရရှိကာကမ္ဘာ့ဖလားဆီမီးဖိုင်နယ်သို့တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။
ဂရက်ဇ်မန်းဟာ၂၀၁၈ကမ္ဘာ့ဖလားချန်ပီယံဖြစ်တုန်းကအဓိကနေရာမှအရေးပါခဲ့သလို လက်ရှိကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်းပြင်သစ်ရဲ့အရေးပါတဲ့သူအဖြစ်ကစားနေပါတယ်။
သူဟာပြင်သစ်ရဲ့ကမ္ဘာ့ဖလားပွဲစဉ်တိုင်းလိုလိုကစားခွင့်ရနေပေမဲ့လည်းအခုထိဂိုးပေါက်မတွေ့သေးပါဘူး။ဒါကလည်းဒီဒီယာဒက်ချမ့်ရဲ့ကွင်းပြင်ပမှာဂိုးသွင်းမှုပိတ်ပင်ထားမှုကြောင့်ဖြစ်လာဖို့ရှိနေပါတယ်။
ပြင်သစ်နည်းပြဒီဒီယာဒက်ချမ့်ဟာပြီးခဲ့တဲ့ယူရို၂၀၂၀ပြိုင်ပွဲတုန်းကဂရက်ဇ်မန်းအပါအဝင်ပြင်သစ်စတားများကိုဇနီး/ချစ်သူနှင့်အတူအိပ်ခွင့်ပိတ်ပင်ခဲ့ဖူးပါတယ်။
ဒက်ချမ့်ဟာလည်းယခုကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်းပြင်သစ်စတားတွေကိုကွင်းပြင်ပမှာဂိုးသွင်းခွင့်ပိတ်ပင်ထားပုံရပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းကဂရက်ဇ်မန်းက “ဘယ်သူနဲ့မှထိလို့မရဘူး။မိသားစုနဲ့တောင်ထိခွင့်မရဘူး။ကစားသမားတွေ၊နည်းပြအဖွဲ့ဝင်အပါအဝင်အားလုံးအတွက်အခက်တွေ့စေတယ်။ဒါပေမဲ့လက်ခံရမယ်လေ”လို့ပြောကြားသွားပါတယ်။
ဂရက်ဇ်မန်းဟာဆိုစီဒက်တွင်ကစားနေစဉ်တုန်းကလက်ရှိချစ်သူ အဲရစ်ကာချိုပီရီနာနှင့်ဆုံတွေ့ခဲ့တာဖြစ်ပါတယ်။ထိုစဉ်က၂၀၁၁ခုနှစ်ဖြစ်ပါတယ်။
ဂရက်ဇ်မန်းဟာချိုပီရီနာနှင့်တစ်နှစ်ခွဲတိုင်တိုင်ရင်းနှီးပြီးတော့မှ ချစ်သူအဖြစ်လက်ခံခြင်းခံခဲ့ရတာဖြစ်ပါတယ်။
ZawGyi
ကြင္းျပင္ပတြင္ ဂိုးသြင္းခြင့္ပိတ္ပင္မႈေၾကာင့္ ကြင္းထဲမွာ ဂိုးေပါက္ေပ်ာက္ေနတဲ့ အန္တိုနီဂရက္ဇ္မန္း
ျပင္သစ္တိုက္စစ္သမားအန္တိုနီဂရက္ဇ္မန္းဟာၿပီးခဲ့တဲ့ႏွစ္ေႏြရာသီယူ႐ို၂၀၂၀ၿပိဳင္ပြဲတုန္းကျပင္သစ္နည္းျပဒီဒီယာဒက္ခ်မ့္ရဲ႕ပိတ္ပင္မႈေၾကာင့္ဇနီးသည္ႏွင့္အတူေနခြင့္မရခဲ့ပါဘူး။
လက္ရွိကမာၻ႔ဖလားခ်န္ပီယံျပင္သစ္ဟာစေနေန႔ညတုန္းကအဂၤလန္ကို၂-၁ဂိုးျဖင့္အႏိုင္ရရွိကာကမာၻ႔ဖလားဆီမီးဖိုင္နယ္သို႔တက္ေရာက္သြားခဲ့ၿပီျဖစ္ပါတယ္။
ဂရက္ဇ္မန္းဟာ၂၀၁၈ကမာၻ႔ဖလားခ်န္ပီယံျဖစ္တုန္းကအဓိကေနရာမွအေရးပါခဲ့သလို လက္ရွိကမာၻ႔ဖလားၿပိဳင္ပြဲမွာလည္းျပင္သစ္ရဲ႕အေရးပါတဲ့သူအျဖစ္ကစားေနပါတယ္။
သူဟာျပင္သစ္ရဲ႕ကမာၻ႔ဖလားပြဲစဥ္တိုင္းလိုလိုကစားခြင့္ရေနေပမဲ့လည္းအခုထိဂိုးေပါက္မေတြ႕ေသးပါဘူး။ဒါကလည္းဒီဒီယာဒက္ခ်မ့္ရဲ႕ကြင္းျပင္ပမွာဂိုးသြင္းမႈပိတ္ပင္ထားမႈေၾကာင့္ျဖစ္လာဖို႔ရွိေနပါတယ္။
ျပင္သစ္နည္းျပဒီဒီယာဒက္ခ်မ့္ဟာၿပီးခဲ့တဲ့ယူ႐ို၂၀၂၀ၿပိဳင္ပြဲတုန္းကဂရက္ဇ္မန္းအပါအဝင္ျပင္သစ္စတားမ်ားကိုဇနီး/ခ်စ္သူႏွင့္အတူအိပ္ခြင့္ပိတ္ပင္ခဲ့ဖူးပါတယ္။
ဒက္ခ်မ့္ဟာလည္းယခုကမာၻ႔ဖလားၿပိဳင္ပြဲမွာလည္းျပင္သစ္စတားေတြကိုကြင္းျပင္ပမွာဂိုးသြင္းခြင့္ပိတ္ပင္ထားပုံရပါတယ္။
ၿပီးခဲ့တဲ့ႏွစ္တုန္းကဂရက္ဇ္မန္းက “ဘယ္သူနဲ႔မွထိလို႔မရဘူး။မိသားစုနဲ႔ေတာင္ထိခြင့္မရဘူး။ကစားသမားေတြ၊နည္းျပအဖြဲ႕ဝင္အပါအဝင္အားလုံးအတြက္အခက္ေတြ႕ေစတယ္။ဒါေပမဲ့လက္ခံရမယ္ေလ”လို႔ေျပာၾကားသြားပါတယ္။
ဂရက္ဇ္မန္းဟာဆိုစီဒက္တြင္ကစားေနစဥ္တုန္းကလက္ရွိခ်စ္သူ အဲရစ္ကာခ်ိဳပီရီနာႏွင့္ဆုံေတြ႕ခဲ့တာျဖစ္ပါတယ္။ထိုစဥ္က၂၀၁၁ခုႏွစ္ျဖစ္ပါတယ္။
ဂရက္ဇ္မန္းဟာခ်ိဳပီရီနာႏွင့္တစ္ႏွစ္ခြဲတိုင္တိုင္ရင္းႏွီးၿပီးေတာ့မွ ခ်စ္သူအျဖစ္လက္ခံျခင္းခံခဲ့ရတာျဖစ္ပါတယ္။